iMyanmarHouse.com - Best Property Website for Myanmar
×

မျက်ကပ်မှန်က အကောင်းဆုံး ထီထွင်ဖန်တီးမှုများထဲမှ တစ်ခုဆိုပေမယ့် လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ မဆောက်ရွက်ပါက ကျန်းမာရေးအန္တရာယ်များစွာ ဖြစ်စေတတ်ပါတယ်။ မျက်ကပ်မှန်တပ်တဲ့အခါ solution ကို ပြန်သုံးခြင်း၊ မျက်ကပ်မှန်နဲ့ ညအိပ်ခြင်းစတဲ့ အထူးသတိထားလိုက်နာရမယ့် တစ်ကိုယ်ရေသန့်ရှင်းမှု လုပ်ငန်းစဉ်တွေ ရှိပါတယ်။

မိတ်ကပ်လိမ်းပြီးနောက် မျက်ကပ်မှန် လုံးဝ မတပ်သင့်ပါဘူး။ မိတ်ကပ်ခြယ်သပြီးနောက် မျက်ကပ်မှန်တပ်တဲ့အခါ မျက်ကပ်မှန်ထဲ မိတ်ကပ်အမှုန်တွေ ရောက်ရှိဖို့ အခွင့်အလမ်း ပိုများစေပါတယ်။ ဒီနေရာမှာ မျက်နှာလိမ်း ထုတ်ကုန်အားလုံးလည်း ပါဝင်ပါတယ်။ ဘာမိတ်ကပ်၊ အလှဆီမဆို မသုံးခင် မျက်ကပ်မှန်ကို အရင်ဆုံးတပ်ဖို့ တကယ် အရေးကြီးပါတယ်။ ဒီနည်းဖြင့် လက်တွေ သန့်ရှင်းပြီး မျက်ကပ်မှန်ပေါ် ပစ္စည်းအစအနများ တွယ်ကပ်တဲ့ အန္တရာယ်မှ ကင်းရှင်းစေပါတယ်။

ရေစိမ်ခံမိတ်ကပ် ကင်းရှင်းအောင်ထားဖို့ ဆိုတာလည်း သိသင့်ပါတယ်။ မျက်ကပ်မှန်ပေါ် ရေစိမ်ခံမိတ်ကပ် ရောက်သွားပါက ကပ်တွယ်နေမှာ ဖြစ်တယ်။ ဒီအချက်က ပြသနာ ဖြစ်ပေါ်စေပါတယ်။ ဘာလို့လဲဆိုတော့ ရေက ရေစိမ်ခံ မိတ်ကပ်ကို ဖယ်ရှားပေးမှာ မဟုတ်လို့ပဲ ဖြစ်တယ်။

ဘာမိတ်ကပ်၊ မျက်နှာအလှပြင်ပစ္စည်းမှ မသုံးခင် မျက်ကပ်မှန်ကို အမြဲတမ်း အရင်တပ်ပါ။ နောက်ပြီး လက်တွေ  သေချာသန့်စင်အောင်ထားပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top