iMyanmarHouse.com - Best Property Website for Myanmar
×

ဒါတွေဖတ်ပြီးရင် ကိုယ့်ဖက်က ပြတ်လက်စနဲ့ ဆက်ဖြတ်ထားလိုက်တာကောင်းမလား၊ အေးအေးဆေးဆေးပေါ့ပေါ့ပါးပါးအခြေအနေနဲ့ သူနဲ့အဆက်အသွယ် ဆက်ရှိနေလို့ဖြစ်နိုင်မလားဆိုတာကတော့ သင်ကိုယ်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စပါပဲ။ များသောအားဖြင့်တော့ အဆက်အသွယ် လုံးဝမလုပ်တော့တာက အသင့်တော်ဆုံးပါ။

၁။ ဘယ်လိုလမ်းခွဲပြတ်စဲသွားခဲ့တာလဲ

ကိုယ်ကဖြတ်ဖို့ပြောခဲ့တာဆိုရင်တော့ အခုသူ့ကို ဆက်သွယ်ဖို့ကြိုးစားမိတယ်ဆိုတာ ကိုယ့်ဆုံးဖြတ်ချက်ကြောင့် သူရောအဆင်ပြေရဲ့လားလို့ အကဲခတ် ချင်နေမိတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြန်ဆက်သွယ်လိုက်ရင် သူ့အတွက် ပိုအဆင်မပြေနိုင်ပါဘူး။ သူကဖြတ်ခဲ့တာဆိုရင်တော့ ပိုအဆင်မပြေပါဘူး။ သင့်ကိုအထင်သေးသွားပါလိမ့်မယ်။

၂။ စိတ်ထဲက မထုတ်နိုင်သေးဘူးလား

အဓိကအချက်ကတော့ သူနဲ့ပြတ်ပြီးတဲ့နောက်ပိုင်းမှာ သူ့အကြောင်းတွေးမိရင် ကိုယ်လယ်လိုခံစားရသလဲဆိုတာကို ဆန်းစစ်ပါ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ခံစားနေရသေးတယ်ဆိုရင်တော့ သင့်စိတ်ထဲမှာ သူက ရှိကိုရှိနေပါသေးတယ်။ ဒါကြောင့် အဲ့ဒီလိုအခြေအနေမှာ သူနဲ့ အဆက်အသွယ်ဆက်ရှိနေရင်ရော ဘာတွေဖြစ်လာမလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။

၃။ သူနဲ့ပြတ်ပြီး ရည်းစားအသစ်ရနေပြီဆိုရင် ?

ချစ်သူအသစ်နဲ့ အတူရှိနေချိန် ရည်းစားဟောင်းက ရောက်လာတယ်ဆိုပါစို့။ သင်ဘယ်လိုခံစားရမလဲ။ သင်တို့အကြောင်းတွေသိထားတဲ့ သင့်ရည်းစားအသစ်ကရော ဘယ်လိုခံစားနေရမလဲ။ အဆင်ပြေနိုင်ပါ့မလား။ သေချာတာကတော့ သင့်ရည်းစားအသစ်က ဘယ်လိုမှသဘောတွေ့မှာမဟုတ်ပါဘူး။

Credit: Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top