iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များအဖွဲ့2PM အဖွဲ့ဝင် ထယ်ယွန်း၊ ဆောင်းဟာယွန်း၊ ပတ်ဂျူဟွန်း နှင့် ကင်ဂျောင်မွန်းတို့သည် I'm Going to Touch You အမည်ရ အွန်လိုင်းဒရာမာဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

ယင်းဇာတ်လမ်းတွဲသည် အနာဂတ်ကို မြင်နိုင်သော အမျိုး သားတစ်ဦးနှင့် ချစ်စရာကောင်း သော     အမျိုးသမီးတစ်ဦးတို့ အကြား အချစ်ဟာသဇာတ်လမ်း ဖြစ်သည်။

ထယ်ယွန်းသည် အနာဂတ် ကို မြင်နိုင်သော အမျိုးသားဒိုဂျင် ဝူးအဖြစ် သရုပ်ဆောင်မည်ဖြစ် သည်။ ‘‘အွန်လိုင်းဒရာမာဇာတ် လမ်းတွဲမှာ ပထမဆုံးအကြိမ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲကို ရိုက်ကူးချိန် မှာ ပျော်ရွှင်ရမယ်လို့ ယုံကြည်ပါ တယ်’’ဟု ထယ်ယွန်းက ပြောခဲ့ သည်။

သရုပ်ဆောင်မင်းသမီး ဆောင်းဟာယွန်း    မိတ်ကပ် ပညာရှင်တစ်ဦး     ဖြစ်လိုသော အလှကုန်ပစ္စည်းအရောင်းဆိုင် ဝန်ထမ်းမလေး ဂျင်ဟီယောင်း အဖြစ် သရုပ်ဆောင်မည်ဖြစ် သည်။ လက်ရှိတွင် My Daughter, Geum Sa Wol ဇာတ်လမ်းတွဲဖြင့် ပရိသတ်အားပေးမှုကို    ရရှိနေ သော ဆောင်းဟာယွန်းသည် အွန်လိုင်းဒရာမာဇာတ်လမ်းတွဲ သစ်တွင်     တစ်မူထူးခြားသည့် ဇာတ်ရုပ်ဖြင့်    သရုပ်ဆောင်မည် ဖြစ်သည်။


Credit: 7 Day Daily   

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top