iMyanmarHouse.com - Best Property Website for Myanmar
×
အများနဲ့ အတူတူပါပဲ
Credit:trend myanmar
#Unicode Version
အမျိုးသားတိုင်း ပုံမှန်လိင်အင်္ဂါအရွယ်အစား ရှိနေကြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပုံမှန်အရွယ်အစား ရရှိပိုင်ဆိုင်ခြင်းဆိုတဲ့ ဆုထူးဆုလာဒ်မခံစားရသူတွေ များစွာရှိပါတယ်။ အဲ့ဒီလို သေးတဲ့လိင်အင်္ဂါကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေ သိသင့်တဲ့အချက်တွေကတော့…
အများနဲ့ အတူတူပါပဲ
သေးငယ်တဲ့ အမျိုးသားလိင်အင်္ဂါတွေဟာ ပုံမှန်အမျိုးသားလိင်အင်္ဂါလိုပဲ လိင်မှုကိစ္စကောင်းစွာ လုပ်ပေးပါတယ်။ မိမိလိင်အင်္ဂါကို ထိခိုက်စေနိုင်တဲ့ ရောဂါတချို့သာ ရှိမနေဘူးဆိုရင် အခြားသူတွေအတိုင်းပဲ သန်စွမ်းပါတယ်။ သေးကောင်းသေးမယ်။ ဒါပေမယ့် လိင်ကိစ္စစွမ်းဆောင်နိုင်ပါတယ်။
လိင်တံကြီးအောင် ပြုလုပ်တာ အန္တရာယ်ပါ
ဒီအချက်က လိင်တံသေးငယ်သူတွေ ခေါင်းထဲစဉ်းစားမိတတ်ကြတဲ့ ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေရှိတာမို့ စဉ်းစဉ်းစားစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လိင်အင်္ဂါကြီးအောင်ခွဲစိတ်မှုပြုပြင်မှုလုပ်ခြင်းက ကုန်ကျစရိတ်ကြီး၊ ဝေဒနာခံစားရပြီး အန္တရာယ်အများဆုံး ဖြစ်ပါတယ်။ အဆိုးဆုံးက နဂိုမူလကဲ့သို့ ကာမသုခမရနိုင်တော့တဲ့ အန္တရာယ်ပဲ ဖြစ်ပါတယ်။
အရွယ်အစားက အဓိကမဟုတ်ပါ
အရွယ်အစားသေးပေမယ့် ပျော်ရွှင်မှုခံစားနိုင်ပါတယ်။ မိမိပစ္စည်းကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချလို့ရပါတယ်။ အရွယ်အစားက အဓိကမဟုတ်ကြောင်း သတိပြုပါ။ သင်အသုံးပြုတဲ့ နည်းစနစ်က အလွန်အရေးပါပြီး တစ်ဘက်လူကို ကျေနပ်မှုပေးနိုင်ပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top