iMyanmarHouse.com - Best Property Website for Myanmar
×

လေ့လာခံအဖြစ် ပါဝင်သူအားလုံးဟာ ၁၀ နှစ်ကြာအချိန်ပြည့်အလုပ် လုပ်ခဲ့ဖူးသူတွေဖြစ်ပါတယ်။
အလုပ်မှာ တစ်ပတ် ၄၅ နာရီထက်ကြာအောင် ပိုနေခြင်းက လူတစ်ဦးအတွက် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ပိုမို ဖြစ်နိုင်ခြေရှိတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

 အလုပ်နဲ့ နှလုံးကျန်းမာရေးဆက်စပ်မှုကို သိရှိဖို့အတွက် တက္ကဆက်တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနက သုတေသနပညာရှင် ဆေဒီကွန်ဝေးက ဦးဆောင်ပြီး လူပေါင်း ၁၉၀၀ ကို လေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာခံအဖြစ် ပါဝင်သူအားလုံးဟာ ၁၀ နှစ်ကြာအချိန်ပြည့်အလုပ် လုပ်ခဲ့ဖူးသူတွေဖြစ်ပါတယ်။

 လေ့လာမှုရဲ့ တွေ့ရှိချက်အရ အလုပ်မှာ ပိုနေလေလေ နှလုံးရောဂါဖြစ်နိုင်မှု ပိုမြင့်လာလေ ဖြစ်ပါတယ်။ တစ်ပတ် ၅၅ နာရီအဖြစ် ၁၀ နှစ်ကြာအလုပ်လုပ်ခဲ့သူတွေဟာ တစ်ပတ် ၄၅ နာရီလုပ်သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်းပိုမြင့်ပါတယ်။ လေ့လာချက်ကို  Occupational and Environmental Medicine ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top