iMyanmarHouse.com - Best Property Website for Myanmar
×

သူလိမ်နေပြီဆိုရင် သင့်မျက်လုံးကို ဘယ်တော့မှ မကြည့်ဘူးဆိုတဲ့ စကားကို အားလုံးကြားဖူးကြမှာပါ။ သူလိမ်နေပြီဆိုတာ ဒါတစ်ခုတည်းကြည့်ရုံနဲ့တော့ မသိနိုင်ပါဘူး။
 အချို့လူလိမ်တွေက ဟန်ဆောင်ကောင်းတက်ကြလို့ပါ။ ကိုယ့်ကို လိမ်နေပြီဆိုတာကို သိနိုင်တဲ့ နည်းလမ်း (၅) ခုရှိပါတယ်။

၁။ သူ့မျက်နှာကိုကြည့်
ကိုယ့်ကိုမျက်နှာလွှဲထားသလား ဆိုတာ အရင်ကြည့်ပါ။ လိမ်ပြောနေပြီ ဆိုရင် လည်ပင်းတွေ၊ ပါးတွေ စကားပြောနေရင်း နီလာတက်ပါတယ်။ အသက်ပြင်းပြင်းလည်း ရှုတက်ကြပါယ်။

၂။ လက်ဟန်ခြေဟန်ကိုကြည့်
  လိမ်တက်သူတွေက စကားပြောတဲ့အခါ လက်ဟန်ခြေဟန် အရမ်းများတက်ပါတယ်။ နောက်တစ်ချက် သူတို့လက်ကို နောက်မှာ ဖွယ်ပြီး စကားပြောတက်ကြပါတယ်။

၃။ အပြုံးကိုကြည့်
လိမ်ပြောနေရင်း သူပြုံးချင် ပြုံးနေပါလိမ့်မယ်။ ဒါပေမယ့် သေချာသတိထားကြည့်ပါ။ ကြောက်ရွံ့မှုတွေ၊ ဒေါသတွေ သူ့မျက်နှာမှာ အနည်းငယ် ပေါ်နေပါလိမ့်မယ်။ နုတ်ခမ်းနဲ့ မျက်လုံးကိုသေချာကြည့်ပါ။

၎။ စကားပြောပုံကိုကြည့်
သူစကားပြောတာ အသံအနိမ့်အမြင့်ကို ကြည့်ပါ။ တိုးသွားလိုက် ကျယ်လာလိုက် ဖြစ်နေမယ်။ မြန်သွားလိုက် နှေးသွားလိုက် ဖြစ်နေရင်တော့ သူလိမ်တာ သေချာနေပါပြီ။။

၅။ ဘာတွေပြောနေလဲ ကြည့်
သူ့စကားပြောပုံကို သေချာနားထောင်ပါ။ ဒါပေမယ့်တို့၊ ဟိုဟာတို့၊ စတဲ့ တိတိကျကျမဟုတ်တဲ့
စကားလုံးတွေ များနေပြီဆိုရင်တော့ သတိသာ ထားပါတော့။

 Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top