iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားနာမည်ကျော်   သရုပ်ဆောင်များဖြစ်သည့် ဆောင်းဂျွန်ကီနှင့် ဆောင်းဟေကိုတို့ ချစ်ကြိုက်နေသည် ဟူသော သတင်းများကို နှစ်ဖက်အေဂျင်စီများက မတ်လ ၂၁ရက် တွင်  ငြင်းဆိုလိုက်သည်။

ဆောင်းဟေကိုနှင့် ဆောင်းဂျွန်ကီတို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ အတူဈေးဝယ်ထွက် နေသည်ကို မြင်တွေ့ခဲ့ကြောင်း ကျောင်းသားတစ်ဦးက အွန်လိုင်းတွင်တင်ခဲ့သည်။ အွန်လိုင်းပေါ်သို့ ယင်းသတင်းတက်သွားခဲ့ပြီးနောက် သရုပ်ဆောင်နှစ်ဦးချိန်းတွေ့နေသည်ဟူသော ကောလာဟလသတင်းများ စတင်ပျံ့နှံ့ခြင်းဖြစ်သည်။

ဆောင်းဟေကို၏ အေဂျင်စီမှ တာဝန်ရှိသူများက ‘‘ဆောင်း ဂျွန်ကီနဲ့ ဆောင်းဟေကို ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းကို ပထမဆုံးအကြိမ်ကြားဖူးတာပါ။ ဆောင်းဟေကိုကိုမေးကြည့်တော့ သူကနယူးယောက်ကို အလည်အပတ်ရောက်ရှိနေတဲ့    အချိန်မှာ ဆောင်းဂျွန်ကီနဲ့ ဆုံတာလို့ပြော ပါတယ်။   ဒါကြောင့်  သူတို့တွေ မုန့်အတူစားခဲ့ကြတာပါ။ သူတို့နှစ်ယောက်နဲ့အတူ တခြား မိတ်ဆွေလည်းရှိနေခဲ့ပါတယ်။ အဲဒါကနေ  ကောလာဟလသတင်းထွက်တာကို မယုံနိုင်ပါဘူး’’ ဟုမတ်လ ၂၁ရက်တွင် ပြောကြား ခဲ့သည်။

ဆောင်းဂျွန်ကီ၏ အေဂျင်စီကလည်း လက်ရှိတွင်ထွက်နေ သော သတင်းများမှာ သတင်းမှား များ ဖြစ်သည်ဟုဆိုပြီး ချစ်ကြိုက်နေသည်ဟူသော   သတင်းကို ငြင်းပယ်ခဲ့သည်။ ‘‘သတင်းဌာနတွေကလည်း လာမေးကြတယ်။ သူတို့နှစ်ယောက် ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းတွေက အမှန်တွေမဟုတ်ပါဘူးလို့ ခဏခဏပြောပြီးပါပြီ”ဟု ဆောင်းဂျွန်ကီ၏ အေဂျင်စီက ပြောခဲ့သည်။

လက်ရှိတွင် KBSရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသလျက်ရှိ သော Descendants of theSunဇာတ်လမ်းတွဲ၏ အောင်မြင်ကျော်ကြားမှုကြောင့် နားလည် မှုလွဲမှားခြင်း ဖြစ်နိုင်သည်ဟု ဆောင်းဟေကို၏ အေဂျင်စီက ပြောသည်။ ယင်းဇာတ်လမ်းတွဲ တွင် ဆောင်းဟေကိုနှင့် ဆောင်းဂျွန်ကီတို့သည် ချစ်သူများအဖြစ် သရုပ်ဆောင်ထားသည်။

 Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top