iMyanmarHouse.com - Best Property Website for Myanmar
×

ညဏ်ပညာမြင့်မားတဲ့လူတွေဟာ သူငယ်ချင်းတွေနဲ့ အနေများလေလေ ဘဝပေါ်ကျေနပ်မှု နည်းလေလေ ဖြစ်တယ်လို့ လေ့လာမှုသစ်တစ်ရပ်က တွေ့ရှိခဲ့ပါတယ်။ အဆိုပါသုတေသနကို London School of Economics နဲ့ Singapore Management တက္ကသိုလ်တို့က ပြုလုပ်ခဲ့တာဖြစ်ပြီး ကာလရှည်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနဖြစ်ပါတယ်။

အသက် ၁၈ နှစ်ကနေ ၂၈ အတွင်း လူတွေကို သုတေသနပြုခဲ့တာဖြစ်ပြီး အလွန်အကျွံညဏ်ရည်မြင့်မားသူတွေဟာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာတွေနဲ့ လူမှုရေးတွေကို ခဏခဏ လုပ်နေရရင် ဘဝပေါ် ကျေနပ်မှု လျော့ကျလာတယ်လို့ ဆိုပါတယ်။  ဒါဟာ ခေတ်သစ်လူနေမှုစနစ်ကြောင့် လူသားရဲ့ ပျော်ရွှင်မှု ပုံစံပြောင်းလဲလာတာ ဖြစ်တယ်လို့ သိရပါတယ်။

လူသားဟာ လူအများအပြားနဲ့ ဆက်ဆံပြီး လူမှုရေးများလေလေ ပိုပျော်လေလေ ဆိုတဲ့ ယခင်ကတွေ့ရှိချက်တွေကို အခုတွေ့ရှိချက်က စိန်ခေါ်လိုက်သလို ဖြစ်လာပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top