iMyanmarHouse.com - Best Property Website for Myanmar
×

Sooyoung က အမြင်အာရုံချို့တဲ့သူတွေအတွက် ရည်စူးထားတဲ့ ရန်ပုံငွေဈေးရောင်းပွဲတော်ကို ဖက်ရှင်ဒီဇိုင်နာ Song Ja In
နှင့်ပူးပေါင်းပြီး မတ်လ ၁၉ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

 “Beaming Effect” လို့အမည်ပေးထားတဲ့ ဒီနှစ်အတွက် ရန်ပုံငွေဈေးရောင်းပွဲတော်မှာ
ဖက်ရှင်ပစ္စည်းအမျိုးမျိုးနှင့် Sooyoung နှင့် Song Ja In ဒီဇိုင်းထုတ်ထားတဲ့ ဂေဟစနစ်ကို အထောက်အကူပြုတဲ့ ဈေးဝယ်အိတ် တို့ကို
ရောင်းချမှာဖြစ်ပါတယ်။

ဒီဈေးပွဲတော်မှာ ပါဝင်ကူညီဖို့အတွက် Girls’ Generations အဖွဲ့ဝင်တွေကလည်းသူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေနှင့် လက်မှတ်ထိုးထားတဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့ကြပါတယ်။ ရရှိလာတဲ့အကျိုးအမြတ်အားလုံးကို Rod Cone Dystrophyလို့ခေါ်တဲ့ မျက်စိဝေဒနာ ခံစားနေရသူတွေကို ကူညီဖို့အတွက် အသုံးချသွားမှာဖြစ်ပါတယ်။

ဒီဈေးပွဲတော်ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ပထမဆုံးကျင်းပပြီးနောက်Sooyoung ကိုယ်တိုင်ကျင်းပတဲ့ ဒုတိယမြောက်ပွဲတော်ဖြစ်ပါတယ်။ SM Entertainment မှာရှိတဲ့ ဝန်ထမ်းတွေကလည်း ပစ္စည်းတွေရောင်းချရန်နှင့် ရန်ပုံငွေရှာရန်အတွက် မတ်လ ၁၉ ရက်မှာ ပါဝင်လုပ်အားပေးကြမှာဖြစ်ပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top