iMyanmarHouse.com - Best Property Website for Myanmar
×

ကျန်းမာရေးအခြေအနေ ကြောင့် အနုပညာလှုပ်ရှားမှုများ ခေတ္တရပ်ဆိုင်းထားခဲ့သော ယခင် EXID အဖွဲ့ဝင်ဟောင်းဟာနီသည် အစီအစဉ်အတိုင်း ပုံမှန်ပြန်လည် လှုပ်ရှားနေပြီဖြစ်သည်။ SBS မှ ထုတ်လွှင့်နေသော Three Great Emperors ဇာတ်လမ်းတွင်လည်း ပြန်လည်ပါဝင် ရိုက်ကူးနေပြီဖြစ် သည်။

မတ်လ ၃၁ ရက်မှာပင် Three Great Emperors အဖွဲ့ သားများက ၎င်းတို့၏ တရားဝင် အင်စတာဂရမ်ဝက်ဘ်ဆိုက်မှနေ ၍ ဟာနီအား ကြိုဆိုခဲ့ကြသည်။

‘‘ဟာနီပြန်လာပြီ’’သူ ကျန်း ကျန်းမာမာနဲ့ ဇာတ်လမ်းမှာ ပြန် ပါလာတာ ကျေးဇူးတင်ပါတယ်’’ ဟု ၎င်းတို့က ရေးသားခဲ့သည်။

ဟာနီသည် တရုတ်နိုင်ငံတွင် ပရိသတ်တွေ့ဆုံမှုဖြင့် လှုပ်ရှားမှု ပြန်လည်စတင်ခဲ့ပြီး မတ်လ ၂၂ ရက်က Three Great Emperors ဇာတ်လမ်း ပြန်လည် ရိုက်ကူးခဲ့သည်။ ဟာနီသည် ကျန်းမာရေးအခြေအနေကြောင့် ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ အနု ပညာလှုပ်ရှားမှုများ ရပ်တန့်သွား ခဲ့သည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top