iMyanmarHouse.com - Best Property Website for Myanmar
×

အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တု ဓာတ်ကြွယ်ဝတဲ့ ဂေါ်ရခါးသီးဟာ ကယ်လိုရီနဲ့ အဆီကိုသိသာစွာ လျော့ကျစေနိုင်တဲ့အတွက် ကိုယ် အလေးချိန်ချချင်သူတွေ၊ အ၀ လွန်သူတွေ မဖြစ်မနေစားသုံးရ မယ့် အရာပါ။ ဒါကြောင့်မို့ ဂေါ်ရခါးသီးရဲ့ အကျိုးအာနိသင်တွေ သိထားဖို့အတွက် ဖော်ပြပေးလိုက်ပါ တယ်။

ကိုယ်ခံစွမ်းအားကောင်းစေခြင်း -ဂေါ်ရခါးသီးမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ အာဟာရဓာတ် တွေပါပြီး ပုံမှန်စားပေးရင် ရောဂါ ပိုးဝင်တာတွေ၊ ဓာတ်မတည့်တာ တွေကို ကာကွယ်ပြီးသား ဖြစ်စေ ပါတယ်။

နုပျိုစေခြင်း - ဗီတာမင်စီနဲ့ အရေ ပြားကို အားဖြည့်ပေးနိုင်တဲ့ အာ ဟာရဓာတ်တွေ ပါဝင်တဲ့အတွက် အရေပြားဆဲလ်တွေကို ကျန်းမာ စေကာ အရွယ်တင်နုပျိုစေပါ တယ်။

ကင်ဆာရောဂါကာကွယ်ပေးခြင်း - ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိ တဲ့အတွက် ကင်ဆာရောဂါမဖြစ် အောင် ကာကွယ်နိုင်စွမ်းရှိပါ တယ်။

ကလေးငယ်များအာရုံကြော ချို့ ယွင်းမှုမဖြစ်အောင် ကာကွယ်ပေး ခြင်း - ကိုယ်ဝန်ပထမလအတွင်း မှာ ဖြစ်တတ်တဲ့  သန္ဓေသားဦး နှောက်နဲ့ ကျောရိုးနာ့ဗ်ကြော ချို့ ယွင်းတတ်မှုတွေကို ကာကွယ်ပေး ပါတယ်။ ကိုယ်ဝန်ဆောင်တွေအ နေနဲ့ အရွယ်တော်ဂေါ်ရခါးသီး တစ်လုံး နေ့စဉ်စားပေးရင် အာရုံ ကြော ချို့ယွင်းမှုပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ ဆိုပါတယ်။

အရိုးသန်မာစေခြင်း- အရိုးတွေ သန်မာဖို့အတွက် အဓိကလိုအပ် တဲ့ ဗီတာမင်အေ ကြွယ်ဝဖို့ အရိုး ပွရောဂါဖြစ်နေသူတွေရော၊ ကြို တင်ကာကွယ်ချင်သူတွေပါ စား သင့်ပါတယ်။

ဝမ်းမချုပ်စေခြင်း -  ခန္ဓာကိုယ်ထဲ က အဆိပ်အတောက်တွေ၊ အ ညစ်အကြေးတွေကို ပုံမှန်စွန့်ထုတ် ပစ်နိုင်ဖို့က အရေးကြီးတာကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ ဂေါ်ရခါး သီးတွေ စားပေးဖို့ လိုပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း - ဂေါ်ရခါးသီးမှာ အမျှင်ဓာတ်၊ ရေဓာတ်အများကြီးပါတဲ့အတွက် ၀ိတ်ချချင်သူတွေ မဖြစ်မနေစား သင့်တဲ့ ဓာတ်စာလို့ ဆိုရမှာပါ။

သိုင်းရွိုက်အကျိတ်ကိုထောက်ကူ ပေးခြင်း - ဇီဝတွင်းဖြစ်ပျက်မှုတွေ ကို ပုံမှန်လည်းပတ်နေစေဖို့အ တွက် အရေးပါတဲ့ သိုင်းရွိုက်အ ကျိတ် အလုပ်ကောင်းကောင်းလုပ် ဖို့ဆိုရင် ကြေးနီဓာတ်ကြွယ်ဝတဲ့ ဂေါ်ရခါးသီးတွေက အကျိုးပြုပါ တယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top