iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင်း မုန့်ဖုတ်ဆော်ဒါ (baking soda) ကို အလှအပရေးရာ အတွက် အသုံးပြုလို့ရတယ်လို့ သိထားကြပေမဲ့ တခြား အသုံးဝင်တဲ့ အရာတွေ အများကြီး ရှိတာကို တွေ့ရပါတယ်။ ထူးခြားချက်အနေနဲ့ အဆူးဖယ်ရှားတာ၊ ပျားတုပ်တာတွေအတွက်ပါ အသုံးပြုနိုင်ပါတယ်။

တကယ်တော့ မုန့်ဖုတ် ဆော်ဒါ(baking soda)နဲ့ အဆူး ဖယ်ရှားနိုင်တယ်ဆိုတာကို သိရှိသူနည်းပါတယ်။ နစ်ဝင်နေတဲ့ ဆူးကို ဖယ်ရှားနည်းကတော့ baking soda နဲ့ ရေကို ဆတူရောပြီး အနှစ်ပုံစံဖြစ်သွားအောင် လုပ်ပေးရပါမယ်။ပြီးရင် အဲ့ဒီ အနှစ်ကို ဆူးဝင်နေတဲ့ နေရာပေါ်မှာ အုံပေးထားရပါမယ်။ ခဏ အကြာမှာတော့ ဆူးအလွယ်တကူ ထွက်သွားတာကို တွေ့ရပါလိမ့်မယ်။

ပျားတုပ်ခံရတဲ့အခါနဲ့ ပိုးမွှားကိုက်ခံရတဲ့ အခါမှာ ရေနဲ့ baking soda ကို ဖျော်ပြီး လိမ်းပေးလိုက်ရင် ရောင်ရမ်းခြင်း ၊ယားခြင်းတွေကို သက်သာစေပါတယ်။ သူ့မှာ အယ်ကာလိုင်း ဂုဏ်သတ္တိရှိတဲ့အတွက် နာကျင်တာကို လျော့နည်းစေပြီး အဆိပ် ကိုလည်း ဖြေပေးနိုင်တဲ့အစွမ်းရှိပါတယ်။

ဒါ့အပြင် ချွေးနံ့ပျောက်ဆေးတွေမှာ အဆိပ်သင့်စေနိုင်တဲ့ ဓာတုပစ္စည်း အမြောက်အမြားပါဝင်ပြီး အရေပြား ယားယံတာတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သဘာဝ ချွေးနံ့ပျောက်ဆေးအဖြစ် baking soda နဲ့ ရေနဲ့ ရောပြီး ချိုင်းနေရာကို လိမ်းပေးရင် ချွေးထွက်တာကို ကာကွယ်ပေးပြီး ချိုင်းကြားကို ခြောက်သွေ့နေစေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top