iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ်ယောက်မှာ ဖက်ရှင်တွေ၊ စတိုင်တွေက အရေးကြီးပါတယ်။ ဘယ်လောက်ချောတဲ့သူဖြစ်ဖြစ် စတိုင်မကျရင်၊ ဖက်ရှင်အမြင်တုန်းလွန်းရင် ဘယ်လိုမှကြည့်ကောင်းမှာ မဟုတ်ပါဘူး။ မြီးကောင်ပေါက်အရွယ်မဟုတ်တော့ဘဲ အရွယ်ရောက်လာပြီဆိုရင် တည်ငြိမ်ပြီးကြည့်ကောင်းသူတစ်ယောက်ဖြစ်ချင်ကြတာတော့ လူတိုင်းရဲ့အိပ်မက်ပါပဲ။

၁။ ဆံပင်အရောင်

၃လတစ်ခါလောက် ရွှေရောင်ကနေ အမဲပြန်ဆိုး၊ အမဲကနေ အနီ၊ အနီကနေ အညို စသဖြင့် မကြာခဏဆံပင်အရောင်ဆိုး အရောင်ပြောင်းရတာ စိတ်မပါတော့ဘူး။ ဘယ်အချိန်ကြည့်ကြည့် ကြည့်လို့ကောင်းမယ့် ပုံအရမ်းမတုန်းလွန်းတဲ့ ဆံပင်အရောင်တစ်ခုကိုပဲရွေးချယ်ပြီး အချိန်တော်တော်ကြာထားဖြစ်ပါမယ်။

၂။ ကိုယ်နဲ့အံကိုက်ဖြစ်မယ့်အ၀တ်အစား

ချပ်ချပ်ရပ်ရပ်နဲ့ ကိုယ်နဲ့လုံးဝကွက်တိတော်ပြီး ကြည့်ကောင်းမယ့် အ၀တ်အစားမျိုးကိုပဲ ၀တ်ချင်ပြီး အဲ့လိုအ၀တ်အစားမျိုးပဲ ၀ယ်ဖြစ်နေပါမယ်။

၃။ ရေမွှေးတစ်မျိုးတည်းစွဲသုံးဖြစ်မယ်

အနံ့ကောင်းတာနဲ့ကြိုက်တာမျိုးတွေ မရှိတော့ဘူး။ ကိုယ့်အကြိုက်ဖြစ်မယ့် ရနံ့တစ်မျိုးတည်းကိုသာ ရွေးချယ်ပြီး ရနံ့ရတာနဲ့ ကိုယ်မှန်းသိအောင် ရေမွှေးတစ်မျိုးတည်းပဲ စွဲစွဲမြဲမြဲသုံးဖြစ်နေပါမယ်။

၎။ ဆွဲဆောင်မှုပြင်းတာရဲ့ အဓိပ္ပါယ်ကို သေသေချာချာသိလာတယ်

အတိုအပြတ်တွေနဲ့ ဟိုပေါ် ဒီပေါ် ဝတ်စုံတွေကသာ ဆွဲဆောင်မှုကောင်းနေတာမဟုတ်ပါဘူး။ ဘယ်အဝတ်အစားဒီဇိုင်းက ကိုယ့်ကို ထင်ပေါ်ပြီး ဆွဲဆောင်မှုအပြည့်ရှိမလဲဆိုတာကို သေသေချာချာ နားလည်သဘောပေါက်သွားပါပြီ။

၅။ မျက်လုံးကိုအရောင်တွေ သိပ်မခြယ်တော့ဘူ
မိတ်ကပ်တွေ ထူပိန်းနေအောင် ပြင်ဆင်ရတာကို စိတ်ထဲကကို မနှစ်သက်တော့တာပါ။ ဖြစ်နိုင်ရင် သဘာဝကျကျနဲ့ ကြည့်ကောင်းမယ့် အပြင်အဆင်ကိုပဲ ဘ၀င်ကျပါတယ်။

၆။ အသားအရေကို ဦးစားပေးလာတယ်

အလှပြင်တာထက် အသားအရေ ထိန်းသိမ်းဖို့သာ ဦးစားပေးဖြစ်လာပါတယ်။ အရင်က မေ့လျော့ခဲ့တဲ့ skincare ပစ္စည်းတွေကို ခုချိန်မှာ သေသေချာချာ ရွေးချယ်သုံးစွဲနေပါပြီ။

၇။ ခပ်ရှုပ်ရှုပ်ဒီဇိုင်း

ကျားသစ်ကွက်တွေ၊ အရောင်စုံစုံ ဒီဇိုင်းရှုပ်ရှုပ်တွေကို ခန္ဓာကိုယ်ပေါ်မတင်ချင်တော့ဘူး။ အရောင်တစ်မျိုး သို့မဟုတ် နှစ်မျိုးလောက်နဲ့ စမတ်ကျမယ့်ဝတ်စုံကိုသာ ရွေးဖြစ်ပါတော့တယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top