iMyanmarHouse.com - Best Property Website for Myanmar
×

အိပ်စက်ချိန်အလွန်နည်းပါးသောကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း ယခင် လေ့လာ မှုများတွင် ဖော်ပြခဲ့သည်။
ယင်းသို့ဖြစ်ရခြင်းမှာ အိပ်ရေးပျက်ခြင်းကြောင့် ကောင်းသော ကိုလက်စထရောများအပေါ် အနုတ်သဘောထိခိုက်သောကြောင့် ဖြစ်ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

Scientific Reports ဂျာနယ်တွင် ဖော်ပြထားသည့် ယင်းလေ့ လာမှု၌ အိပ်ရေးပျက်ခြင်းကြောင့် ကိုလက်စထရောပမာဏကို ထိန်းညှိပေးသော မျိုးဗီဇများကို အပြောင်းအလဲများဖြစ်စေနိုင် ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

အိပ်ရေးပျက်သူများသည် HDL ဟုခေါ်သည့် သိပ်သည်းဆမြင့် မားသည့် ကောင်းသော ကိုလက်စထရောများကို လျော့နည်းသွား စေနိုင်ကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။HDL ကိုလက်စထရောသည် နှလုံးသွေးကြောများမှ သိပ်သည်းဆနည်းပါးသော LDL ဟုခေါ်သည့် မကောင်းသော ကိုလက်စထရောများကို ဖယ်ရှားပေးသည်။
LDL ကိုလက်စထရောက နှလုံးသွေးကြောများထဲတွင် ဗက်တီး ရီးယားများပါဝင်သော သွေးခဲများဖြစ်ပေါ်စေ၍ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ဖြစ်နိုင်သည့်
အန္တရာယ်မြင့်တက်စေနိုင်သည်။

HDL ကိုလက်စထရောပမာဏသည် နှလုံးကျန်းမာရေးကို ကာကွယ်ရာတွင် အရေးကြီးသည်။အိပ်ရေးဝသူများနှင့် နှိုင်းယှဉ်ပါက အိပ်ရေးမဝသူများတွင် ကို လက်စထရောပမာဏကို ထိန်းညှိပေးသော မျိုးဗီဇများလုပ်ဆောင်မှု လျော့နည်းသွားကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။
ယင်းလေ့လာမှုအရ ခေတ္တအိပ်ရေးပျက်ခြင်းကြောင့် ကျန်းမာ ရေးအပေါ် ကြီးကြီးမားမားထိခိုက်နိုင်ပြီး လုံလောက်သော အိပ်စက် ချိန်မရှိသူများသည် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း သုတေသီများက ပြောသည်။

သီတင်းတစ်ပတ်ကြာ အိပ်ရေးပျက်ခြင်းကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် တုံ့ပြန်ပုံနှင့် ဇီဝဖြစ်ပျက်မှု စတင်ပြောင်းလဲသွား ကြောင်း နောက်ထပ် လူပေါင်း ၃၀၀၀ ခန့်ပါဝင်သည့် လေ့လာမှုတစ် ခုက ဖော်ပြသည်။ယင်းလေ့လာမှုနှစ်ခုလုံးက အိပ်ရေးပျက်ခြင်းသည် ကျန်းမာ ရေးကို ကြီးကြီးမားမားထိခိုက်နိုင်သည်ဟု လေ့လာတွေ့ရှိခဲ့သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top