iMyanmarHouse.com - Best Property Website for Myanmar
×

 နေလောင်ရင် အသားတွေ နာကျင်ရသည်။ အသားမီးလောင်ခံရ သလိုပင် နေရခက်လှသည်။ တကယ် အဆင်မပြေ။

    နေလောင်တာ အမြန်ဆုံး ပျောက်ကင်း သက်သာသွားဖို့ နည်းလမ်း (၁၅) မျိုး ဖော်ပြလိုသည်။ မြန်လည်းမြန်၊ အိမ်မှာပင် ချက်ချင်းလည်း လုပ်နိုင်၊ ထိလည်း ထိရောက်သော နည်းလေးများ ဖြစ်၏။

          ၁။ နေလောင်ကွက်တွေ ပေါ်နေပြီး နေမထိထိုင်မသာ ဖြစ်နေရင် အက်စပရင် ကဲ့သို့  အကိုက်အခဲ ပျောက်ဆေးများ သောက်ထားပါ။ အက်စပရင်သည် နေလောင်ကွက် ထနေသော အရေပြားတွင် နီမြန်း ယောင်ရမ်းနှုန်းကို လျော့ကျစေသလို၊  နာကျင် ကိုက်ခဲမှုများ ကိုလည်း သက်သာစေသည်။

          ၂။ နေလောင်သည့် နေရာကို ရှားစောင်းလက်ပတ် အနှစ်ဖြင့် အုပ်ထားပါ။ ရှားစောင်း လက်ပတ်သည် အရေပြားကို အေးမြစေ၏။ ရှားစောင်း လက်ပတ်ရည် ခြောက်သွား လျှင်လည်း အရေပြားပေါ်ကနေ လောင်ကွက်ပေါ်  တစ်လွှာထပ်ကာ ပေးထားသည့်နှယ် ဖြစ်သောကြောင့် ကူးစက်ရောဂါများ ၀င်ရောက်မှာ ကိုပါ ကာကွယ်ပြီးသား ဖြစ်သွားသည်။ နေလောင်ကွက် မပျောက်မချင်း နေ့စဉ်အုပ်ပေးထားနိုင်လျှင် အကောင်းဆုံး။

          ၃။ နေလောင်ကွက်ပေါ် ရေစိုဝတ်ဖြင့် အုပ်ပေးထားနိုင် လျှင်လည်း ပိုကောင်းသည်။ တစ်ခါအုပ်လျှင် (၂၅)မိနစ်ခန့်ဖြင့် တစ်နေ့ နှစ်ကြိမ်ခန့် လုပ်ပေးသင့်သည်။

          ၄။ ရေအေးနဲ့သာ ရေချိုးပါ။ ရေနွေးနဲ့ ချိုးလျှင် နေလောင်ထားသော အရေပြားသည် ပို၍သာ ခြောက်သွေ့ အက်ကွဲသွား လိမ့်မည်။ နေလောင် ထားလျှင် အရေပြားကို ရေဓာတ် မပြတ်အောင် ဂရုစိုက်ပေးရမည်။ ရေအေးက အရေပြားကို စိုစွတ်နေအောင် ထိန်းပေးထား လိမ့်မည်။

          ၅။ နေလောင်ထားသော အရေပြား နီရဲယောင်ရမ်း လာလျှင် အသားကို အေးစေသော လိမ်းဆေး ခရင်မ်မျိုးလိမ်း ထားပါ။ အသားကို အေးစေသော ခရင်မ်မျိုးက နေလောင် အရေပြား ယောင်ရမ်းလာခြင်းကို ကာကွယ်ပေးနိုင်သည်။

          ၆။ ရေများများ သောက်ပေးပါ။ အရေပြား နေလောင်ထားသူများ ရေပိုသောက်သင့်သည်။ ရေများများ သောက်မှ အရေပြားသည် အစိုဓာတ် အမြဲရနေကာ နေလောင် အရေပြား အမြန်ဆုံး ပြန်ကျန်းမာ လာမည်။ အနည်းဆုံး တစ်နေ့ကို ရေဖန်ခွက် ရှစ်ခွက်စာလောက် သောက်ပေးပါ။ နေလောင်ခြင်း အတွက် အကောင်းဆုံး ကုစားနည်းသည် ရေများများသောက်ခြင်း ဟုပင် ပြောနိုင်သည်။

          ၇။ အပြင်ထွက်လျှင် ဦးထုပ်ဆောင်းပါ။ ထီးဆောင်းပါ။ အရိပ်ထဲက တတ်နိုင်သမျှ သွားပါ။ နေလောင် အသားအရေ ပြန်ကျန်းမာလာအောင် ကြိုးစားနေရ ချိန်တွင် နေရောင်နှင့် မထိအောင် ရှောင်နိုင်လေ ကောင်းလေ ဖြစ်သည်။

          ၈။ နေလောင်ထားသော အရေပြားတွေ အက်ကွဲလာ လျှင်လည်း အက်ကွဲပါစေ။ ရှားစောင်း လက်ပတ် နဲ့သာ နိုင်နိုင်အုပ်ပေးထားပါ။

          ၉။ နေလောင်ထားလျှင် အ၀တ် ခပ်ချောင်ချောင် ပွပွမျိုးသာ ၀တ်ပါ။ အ၀တ်ကျပ်ကျပ် ၀တ်လျှင် နေလောင် ထားသော အရေပြားကိုပါ ပွတ်တိုက် ချေပစ်ရာ ရောက်ပြီး အနာပို ဆိုးသွား တတ်သည်။ ချောင်ချောင်ပွပွ လေ၀င်လေထွက် ကောင်းလေ နေလောင် ထားသော အရေပြားတွေ အမြန်ဆုံး ပြန်ကျန်းမာလေ ဖြစ်သည်။

          ၁၀။ နေရောင်နဲ့ တိုက်ရိုက်ထိ တွေ့ရမည့် နေရာမျိုး သွားရမည် ဆိုပါက SPF 45 ပါသော နေလောင်ဒဏ် ခံလိမ်းဆေးရည် လိမ်းသွားပါ။ နေလောင်ထားသော နေရာများ မပျောက်သေးဘူး ဆိုပါက ထိုနေရာကို တစ်ခုခုနဲ့ ကာထားပါ။ နေလောင် ထားသော အရေပြားနေရာပေါ် သို့လည်း SPF 45 ထပ်လိမ်းထား နိုင်သည်။

          ၁၁။ လိုးရှင်းလည်း လိမ်းပါ။ လိုးရှင်းရည်သည် နေရောင်ထဲ ရောက်သည့်တိုင် အသားအရေမှာ အစိုဓာတ် မပြတ်အောင် ကူပေးနိုင်သည်။ ပိုစိတ်ချရ စေရန် လိုးရှင်း အပြင် နေလောင်ကာ လိမ်းဆေးရည်လည်း လိမ်းထား နိုင်သည်။

          ၁၂။ ပုံမှန်ထက် ပိုနာကျင်လာ၊ အသားတွေ ယောင်ရမ်းဖောင်းကားလာ၊ အက်ကွဲလာ လျှင်ကား ကျွမ်းကျင် ဆရာဝန်ထံ ပြသသင့်ပြီ။ နေလောင် ဒဏ်ရာနှင့် ဆက်စပ်ပြီး ခေါင်းမူး ခေါင်းကိုက်၊ ပျို့ချင်အန်ချင်၊ ဖျားချင် နာချင်လာပြီ ဆိုလျှင်လည်း ဆရာဝန်နှင့် ပြသသင့်သည်။

          ၁၃။ ရေအေးနဲ့ ချိုးပြီးလျှင် နေလောင်ထားသော နေရာမှ အရေပြားတွေ ကွာကျ တတ်သည်။ ကွာကျပါစေ။ သဘာဝ ဖြစ်သည်။

          ၁၄။ နေလောင်ထားသော အရေပြားနေရာကို လက်နဲ့ မထိပါနဲ့။ လက်နဲ့ ထိတို့ခြင်းဖြင့် ထိုနေရာ ပိုယားယံတတ်သည်။ ကုပ်လိုက်လျှင် လက်က ဘက်တီးရီးယားများပါ ၀င်ရောက်သွား နိုင်သည်။

          ၁၅။ နေလောင်လျှင် အိမ်က လူတွေ သုံးနေကျ အိမ်တွင်း ကုထုံးများ ရှိလျှင်လည်း သုံးနိုင်သည်။ ရှေ့လူများ အဖို့ ထိရောက်သော နည်းလမ်းသည် မိမိအတွက်လည်း ထိရောက် နိုင်သည်။ သိပ္ပံနည်းကျ သက်သေပြ နိုင်ခြင်း မရှိသော်လည်း အိမ်တွင်း ကုထုံးများသည်လည်း ကိုယ့်အရပ်နှင့် ကိုယ့်ဇာတ် အသုံးဝင် သည်သာ။

Credit:Messenger


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top