iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ပန်းတိုင်ကို ချရေးပါ

လူတစ်ယောက်မှာ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေရှိတယ်ဆိုရင် ချရေးထားလိုက်တဲ့အခါ အဆိုပါရည်မှန်းချက်ကို ပိုမိုလုပ်ဆောင်ဖြစ်တယ်လို့ သုတေသနပေါင်းများစွာက သက်သေပြပြီးသားဖြစ်ပါတယ်။ ဝိတ်ချဖို့ သင့်ရည်မှန်းချက်ကို ချရေးမယ်ဆိုရင် တစ်ပတ်အတွင်း ဘယ်နှစ်ပေါင်ကျရမယ်၊ နေ့စဉ်ဘာလုပ်မယ်ဆိုတဲ့ အသေးစိတ်ရည်မှန်းချက်လေးတွေကို ချရေးပါ။

၂ - အစီစဉ်ဆွဲ

သင့်အတွက် တအားဝန်လေးနေမဲ့ အစီစဉ်မျိုးမဆွဲပါနဲ့။ သင်နေ့စဉ်တကယ်လုပ်နိုင်တဲ့ အစီအစဉ်တွေကိုဆွဲပါ။ တစ်နေ့ ရေရှစ်ခွက်သောက်မယ်၊ အစာလျှော့စားမယ်ဆိုတာမျိုးပါ။

၃ - နေ့စဉ်ပြန်ကြည့်ပါ

ကိုယ်ဆွဲထားတဲ့ အစီစဉ်တွေ နေ့စဉ်အောင်မြင်လားဆိုတာကို ပြန်ကြည့်ပါ။ တိုးတက်တယ်ဆိုလည်း ဘယ်လောက်တိုးတက်လဲဆိုတာ ပြန်သုံးသပ်ပါ။

၎ - အပေါင်းအသင်း

သူငယ်ချင်းအပေါင်းအသင်းတစ်ယောက်ကိုလည်း သင်နဲ့အတူဝိတ်ချဖို့ ဆွယ်ပါ။ ဝိတ်ချတာမှ မဟုတ်ပါဘူး၊ တစ်စုံတစ်ယောက်နဲ့ ရည်မှန်းချက်တစ်ခုကို အတူတူလုပ်ဆောင်တဲ့အခါ လက်လျှော့စွန့်လွတ်တာမျိုး တော်တော်နဲ့မလုပ်ဖြစ်ပါဘူး။

၅ - ဆရာ ရှာ

ဆရာရှာဆိုတာက သင်ရည်မှန်းချက်ထားထားတဲ့နယ်ပယ်မှာ ကျွမ်းကျင်တဲ့လူဆီက နည်းကိုယူရပါမယ်။ ဝိတ်ချမယ်ဆိုရင်gym က ကာယဆရာတွေရဲ့ လမ်းညွှန်မှုကိုယူရမှာ ဖြစ်ပါတယ်။ gym ပုံမှန်သွားဆော့တာက အကောင်းဆုံးပါ။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top