လွန်ခဲ့သော ၁၀ နှစ်နီးပါးခန့်က အဖြစ်အပျက်တစ်ခုပါ။
ကျွန်ုပ်သည်
မြို့တွင်နေထိုင်ခဲ့သော်လည်း မြို့ကလေးသည် နွေရာသီတွင် အတော်ပူအိုက်ပါသည်။
ကျွန်ုပ်အတောင့်တဆုံးမှာ ကျေးလက်ဒေသလေးသာဖြစ်၍ သစ်တောအုပ်ထဲမှာ
လမ်းလျှောက်ပြီး စိမ်း လန်းသောသစ်ပင်များကို မြင်ချင်လှပါသည်။
ကျွန်ုပ်တွင်
အနီရောက်ကားလေးတစ်စီးနှင့် လမ်းညွှန်မြေပုံလည်း ရှိသည်။ သို့နှင့်
ကျွန်ုပ်သည်တစ်ည လုံးကားမောင်း၍ ကျေးလက်ဒေသဆီ တစ်ခါတစ်ခေါက်
သွားရောက်ခဲ့သည်။
ကျွန်ုပ်သည် ကားထဲမှာပျော်ရွှင်နေမိသည်။
ထိုနှစ်တုန်းက ကျွန်ုပ်တို့သည် အလွန်ကောင်းမွန်သော
နွေရာသီလေးတစ်ခုရှိခဲ့ဖူးသည်။ ကျေးလက်ဒေသသည် နံနက်စောစော
ဝေလီဝေလင်းအချိန်တွင် လွန်စွာလှပနေသည်။ နေကပူလာသော်လည်း ကောင်းကင်ကြီးက
ပြာလွင်နေသည်။ သစ်ပင်များဆီ ငှက်ကျေးအော်သံများ ကြားလိုက်ရသည်။
ထိုစဉ် ကျွန်ုပ်ကားက ရုတ်တရက်ထိုးရပ်သွားသည်။
ဘာများမှားလို့လဲ
ကျွန်ုပ်စဉ်းစားမိသည်။ ‘အို၊ အချစ်ကလေးရေ၊
င့ါမှာစက်သုံးဆီတစ်စက်မှမရှိတော့ ပါလား၊ ငါအခုလမ်းလျှောက်ရတော့မယ်ထင်ပါရဲ့၊
ငါမြို့တစ်မြို့ကို အရင်ဆုံးတွေ့အောင်ရှာပြီး စက် သုံးဆီဝယ်ရမယ်၊
ဒါပေမဲ့ငါဘယ်ရောက်နေပါလိမ့်’
ကျွန်ုပ်မြေပုံဖတ်သည်။ မည်သည့်မြို့တစ်မြို့နှင့်မှ မနီးသေးပေ။ ကျွန်ုပ်လမ်းပျောက်လေပြီ။
များမကြာမီ
ကျွန်ုပ်သည် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏လက်ထဲမှာ
ပန်းများကိုင် ဆောင်လျက် လမ်းအတိုင်းဆင်းလျှောက်လာသည်။ သူမသည်
ဂါဝန်ရှည်ကြီးကို ဝတ်ထားသည်။ သူမ ၏ဆံပင်များကလည်း ရှည်လျားလှသည်။
ဆံပင်ရှည်များသည် နက်မှောင်ပြီး နေရောင်အောက်ဝယ် တောက်ပနေသည်။
သူမသည်အလွန်လှပချောမောသည်။ ကျွန်ုပ်သည် သူမနှင့် စကားပြောလိုသဖြင့်
ကားတွင်းမှ ထွက်လိုက်သည်။
‘ဟဲလို’ ကျွန်ုပ်က နှုတ်ဆက်လိုက်ပြီး-
‘ကျွန်တော် လမ်းပျောက်နေလို့ပါ။ အခုဘယ်ရောက်နေသလဲဟင်’
သူမကြောက်ရွံ့သွားပုံရသဖြင့် ကျွန်ုပ်က အေးဆေးတည်ငြိမ်စွာ ပြောပြသည်။
‘ငါ့ကားမှာ ဓာတ်ဆီမရှိတော့လို့ပါ။ ဘယ်မှာရှာရမလဲဟင်’
သူမကအပြာရောင် မျက်လုံးများနှင့် ကျွန်ုပ်ကိုကြည့်၍ ပြုံးပြသည်။
သူမဟာ အလွန့်အလွန်လှပတဲ့ မိန်းမချောပါလားလို့ ကျွန်ုပ်မှတ်ချက်ပြုသည်။
‘ကျွန်မ မသိဘူး။ ကျွန်မတို့ရွာကို လိုက်ခဲ့ပါလား။ အဲဒီကျရင် ကျွန်မတို့တစ်ခုခုကူညီနိုင်ကောင်းပါရဲ့’
သို့နှင့်ကျွန်ုပ်သည် သူမနှင့်အတူပျော်ရွှင်စွာ လိုက်ပါသွားရာ ခရီးအတော်ဝေးဝေးလျှောက်ခဲ့ရသည်။
( မြေပုံထဲမှာတော့
ဒီအနီးတစ်ဝိုက်မှာ ရွာဆိုလို့ လုံးဝမရှိဘူး။ ရှိရင်လည်း
ရွာသိမ်ရွာမွှားလေးပဲဖြစ်လိမ့် မည်။) သို့သော် ရွာလေးကအမှန်ပင်ရှိနေသည်။
ရွာကလေးက အိုမင်းဟောင်းနွမ်းနေသော်လည်း လှ ပသည်။ အိမ်များမှာ အဖြူတစ်ဝက်၊
အနက်တစ်ဝက်ဖြစ်ပြီး သေးငယ်သည်။ တိရစ္ဆာန်အများအပြား တွေ့ရသည်။
အိမ်တစ်အိမ်အရောက်တွင် သူမရပ်တန့်လိုက်ပြီး ကျွန်ုပ်ကိုပြုံးပြသည်။
‘အထဲကိုဝင်ပါ’ သူမက ဖိတ်ခေါ်သည်။
ကျွန်ုပ်အထဲသို့ဝင်သောအခါ
အိမ်ကလေးမှာ လွန်စွာသန့်ရှင်းသပ်ရပ်နေသဖြင့် ထူးဆန်းသလို ဖြစ်နေ သည်။
အိမ်ထဲတွင် မီးဖိုတစ်ခုရှိပြီး မီးဖိုပေါ်တွင် စားစရာများ ချိတ်ဆွဲထားသည်။
ကျွန်ုပ်ဆာလောင် မွတ်သိပ်လာသလိုရှိသည်။
(တော်တော်ထူးဆန်းတာပဲ၊
စားစရာတွေကို ထင်းမီးဖိုနှင့် ချက်ပြုတ်ကြတာကိုး။ သူတို့မှာပိုက်ဆံမရှိလို့
နေမှာ) ကျွန်ုပ်သည်လိုပဲ တွေးလိုက်မိသည်။
သူမ၏အဖေနှင့်အမေတို့ကို တွေ့ရသည်။ သူတို့ကို ကျွန်ုပ်သဘောကျသွားသည်။ သူတို့သည် စမတ် ကျသော်လည်း သူတို့၏အဝတ်အစားများက ထူးဆန်းနေသည်။
‘ထိုင်ပါ၊ လမ်းတော်တော်လျှောက်ခဲ့ရတော့ ရေဆာနေမှာပေါ့’ ဟု လူအိုကြီးက ကျွန်ုပ်ကိုပြောဆိုသည်။
သူက
ကျွန်ုပ်အားသောက်စရာတစ်ခုပေးသဖြင့် ကျွန်ုပ်က ‘ကျေးဇူးတင်ပါတယ်’ ဟု
စကားဆိုသည်။ သို့သော် ထိုသောက်စရာမှာ ထူးဆန်းသည်ဟု ဆိုရပေမည်။ အရောင်မှာ
ညိုမည်းနေပြီး ပြင်းပြသည်။
ကျွန်ုပ်က နားမလည်သလို ဖြစ်မိသော်လည်း
ထိုနေရာမှာနေရာတာ ပျော်ပိုက်ပါသည်။ ကျွန်ုပ်က စက် သုံးဆီအကြောင်း
မေးသော်လည်း ထိုလူကြီးက နားမလည်ချေ။ (မကြားဖူးဘူး ထင်ပါရဲ့။)
‘စက်သုံးဆီဟုတ်လား၊ အဲဒါဘာလဲ’
တော်တော်ထူးဆန်းတာပဲဟု ကျွန်ုပ်တွေးပြီး သူ့ကိုထပ်မေးသည်။
‘ခင်ဗျားတို့ ဘယ်နေရာသွားသွား လမ်းပဲလျှောက်ကြတာလား’
လူအိုကြီးကပြုံးလိုက်ပြီး ‘အို-မဟုတ်ပါဘူး၊ ငါတို့က မြင်းတွေကိုသုံးတာပေါ့’ ဟု ပြန်လည်ပြောဆို သည်။
မြင်းတွေဆိုပါလား၊
မြင်းများဟာ တော်တော်နှေးကွေးတာပဲ၊ သူတို့ဘာကြောင့် မော်တော်ကားတွေ
မသုံးကြပါလိမ့်ဟု ကျွန်ုပ်တွေးသော်လည်း ထိုလူအိုကြီးကိုမူ
နှုတ်မှထုတ်ဖော်မပြောပါ။
ကျွန်ုပ်သည် ထိုနေရာတွင် ပျော်ရွှင်မိပါသည်။
ကျွန်ုပ်သည် ထိုနေ့တစ်နေ့လုံး နေထိုင်ပြီးသူတို့နှင့် ညစာအတူစားသည်။
ထို့နောက်မိန်းကလေးနှင့် ကျွန်ုပ်သည် ပန်းခြံထဲလမ်းလျှောက်ထွက်ခဲ့သည်။
သူမ၏နာမည်မှာ ‘မေရီ’ တဲ့။
‘သိပ်ကိုပျော်စရာကောင်းတာပဲနော်။
ကျွန်မတို့က အိမ်ကိုဧည့်သည်လာတာ အရမ်းသဘောကျယ်။ ကျွန်မတို့လေ ဒီနေရာမှာ
လူအများကြီးမတွေ့ရဘူး’ သူမက စပြောသည်။ သူမသည် အလွန်တရာ ချောမောလှပသည့်
မိန်းကလေးတစ်ဦး ဖြစ်သည်။ သို့သော် တစ်ချက်တစ်ချက်သူမသည် တိတ်တိတ် ကလေး
စကားပြောဆိုပြီးသူမ၏မျက်နှာတွင် ဝမ်းနည်းပူဆွေးသည့် အရိပ်အယောင်များ
ယှက်သန်း လာသည်။
‘ဘာဖြစ်လို ဝမ်းနည်းနေရတာလဲဟင်’ ကျွန်ုပ်က သူမကိုမေးသည်။
‘ကျွန်မ
မပြောပြတတ်ဘူး။ ရှင်ဟာဒီနေရာမှာ တစ်ဦးတည်းသောဧည့်သည်သာဖြစ်တယ်၊
ရှင့်ကိုကျွန်မ နှုတ်ဆက်ရတော့မယ်။ ရှင်အခုပဲသွားဖို့ အချိန်တန်ပြီ’
ကျွန်ုပ်သူ့ပြောစကားကို
သဘောမပေါက်ချေ။ သူမကို ကျွန်ုပ်ချစ်မိပြီဆိုသည်ကို ကျွန်ုပ်ကောင်းကောင်း
သိသည်။ ကျွန်ုပ်သူမကို အကူအညီပေးချင်သည်။ အဘယ်ကြောင့်
ကျွန်ုပ်သွားရမည်နည်း၊ သို့ရာတွင် ‘မေရီ’ သည်တစ်ဖန် ပူဆွေးလာပြန်ပြီး
ဝမ်းနည်းသောလေသံဖြင့်-
‘ရှင်သွားရတော့မယ်၊ ဒီနေရာမှာ အန္တရာယ်တွေများတယ်’
သို့မို့ကြောင့် ကျွန်ုပ်က သူမကိုပြောမိသည်။
‘ငါမြို့တစ်မြို့ကိုသွားပြီး စက်သုံးဆီရှာလိုက်ဦးမယ်။ နောက်ပြီးပြန်လာခဲ့မယ်။ ကျေးဇူးပြုပြီး ငါ့ကိုမတား လိုက်ပါနဲ့နော်’
သူမသည်
တံခါးဝအထိလိုက်ပို့ပြီး နှုတ်ဆက်သည်။ သူမ၏မျက်နှာတွင်
အလွန်အမင်းဝမ်းနည်းပူဆွေး နေသလို ကျွန်ုပ်လည်း ထိုနည်းတူ ဝမ်းနည်းမိပါသည်။
ကျွန်ုပ်မသွားလိုပါ။
ညဥ့်နက်လာပြီဖြစ်သည်။
ညသည်လွန်စွာမည်းမှောင်နေသော်လည်း ကျွန်ုပ်ကမူ လမ်းကိုလျှောက်ပြီး
ရင်းလျှောက်နေရသည်။ မြို့ကလေးတစ်မြို့ရောက်ရှိချိန်တွင်မူ
ကျွန်ုပ်မှာလွန်စွာမောပန်းချေပြီ။ စက် သုံးဆီအနည်းငယ်ရှာဖွေရရှိသောအခါ
စောစောက ကျွန်ုပ်ဖြတ်သန်းလာခဲ့သော ရွာကလေး၏အမည် ကို မေးကြည့်သည်။ သို့သော်
ထိုဂိုဒေါင်မှလူက ကျွန်ုပ်ကိုထူးဆန်းသောအကြည့်ဖြင့် တုံ့ပြန်သည်။
‘ဘာရွာတဲ့လဲ’
ကျွန်ုပ်က
သူ့ကိုထိုရွာကလေးအကြောင်း ထိုရွာကလေးရှိ အိုမင်းဟောင်းနွမ်းသော
အိမ်ကလေးများနှင့် ဆန်းကြယ်သည့်အဝတ်အစားများကို ဝတ်ဆင်ထားသည့်
လူများအကြောင်းကို ပြောပြလိုက်သည်။
တစ်ဖန်ထိုသူက ကျွန်ုပ်ကိုထူးဆန်းသောအကြည့်ဖြင့် ကြည့်ပြန်သည်။ သူသ်အတန်ကြာစဉ်းစားပြီး ကျွန်ုပ်ကိုပြောပြသည်မှာ-
‘အဲဒီနားမှာ
ရွာရှိတယ် ဟုတ်စ၊ ဒါပေမဲ့အဲ့ဒီနားမှာ အခုတော့မရှိတော့ဘူးလေ။
အဲဒီပုံပြင်တွေတော့ အများကြီးရှိတယ်။ ထူးဆန်းတဲ့ပုံပြင်တွေပေါ့’
‘လူတွေက အဲဒီအကြောင်းကို ဘာများပြောဆိုကြသလဲဟင်’ ဟု ကျွန်ုပ်မေးသည်။
သူက ကျွန်ုပ်ကိုပြောပြချင်ပုံမရသော်လည်း နောက်တော့ပြောရှာသည်။
‘အဲဒီရွာက တစ်ခါတော့ မီးအကြီးအကျယ်လောင်ခဲ့တယ်တဲ့၊ လူတိုင်းသေကုန်ကြတယ်တဲ့။ လူတွေ ရော အိမ်တွေပါမကျန်ပေါ့’
‘အဲဒါဘယ်လိုဖြစ်ရတာလဲ၊ နောက်ပြီးဘာကြောင့်လဲ’
‘အော်လီဗာခရွန်းဝဲက
သူတို့ကိုသတ်ပစ်တာ၊ သူဟာရွာသူ ရွာသားအားလုံးကို အကြီးအကျယ်စိတ်ဆိုး
ဒေါပွလို့တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စစ်ပွဲကာလမှာ ဘုရင်ကြီးကို
ကူညီခဲ့ကြတာကိုး’
ကျွန်ုပ်စကားမပြောနိုင်အောင် ဖြစ်သွားသည်။
ဒါဟာ မဖြစ်နိုင်ဘူး။ စစ်ပွဲကလွန်ခဲ့သော နှစ်ပေါင်း ၃၅၀ လောက်က ဖြစ်ခဲ့တာပဲ ကျွန်ုပ်စဉ်းစားကြည့် သည်။
ကျွန်ုပ်သည်
ထူးဆန်းသော အဝတ်အစားများ၊ ဆံပင်အရှည်များ၊ မီးဖိုပေါ်မှ စားစရာများနှင့်
အိုမင်း သောနေအိမ်များကို ပြန်လည်သတိရသည်။ နောက်မြင်းများကိုလည်း သတိရသည်။
‘ကျွန်တော်ကတော့
နားမလည်နိုင်တော့ဘူးဗျာ။ ကျွန်တော်လူတွေနဲ့ ရွာကိုတွေ့ခဲ့တယ်။ အဲဒီမှာ လူ
အနည်းငယ်နဲ့လည်း စကားပြောဆိုခဲ့တယ်’ ဟု ကျွန်ုပ်က အော်ဟစ်ရေရွတ်သည်။
ထိုလူက ကျွန်ုပ်ကို အလျင်အမြန်ကြည့်၍ ပြောသည်မှာ-
‘အဲဒီရွာကလေးနဲ့ပတ်သက်ပြီး
စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံပြင်တစ်ပုဒ်ရှိသေးတယ်။ အဲဒီရွာကလေးဟာ ၁၀
နှစ်ပြည့်တဲ့တစ်နေ့မှာ ပြန်ရှင်သန်လာတယ်။ ဒါပေမဲ့ တစ်ရက်ဆိုတစ်ရက်ပဲ။
အဲဒီအဖြစ်အပျက်ဟာ ပျောက်ကွယ်သွားတာ နောက် ၁၀ နှစ်ကြာတဲ့အထိပဲ။
အဲဒီတစ်နေ့မှာ ခင်ဗျားအဲဒီရွာကို ရှာတွေ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့
မနက်မိုးမလင်းမီ ခင်ဗျားထွက်ခွာရမယ်နော်။ ဒါမှမဟုတ်ရင်တော့ ခင်ဗျားဘယ်
တော့မှ ထွက်ခွာရတော့မှာ မဟုတ်ဘူး’
ဒါအမှန်ပဲလား ကျွန်ုပ်စဉ်းစားသည်။ အဲဒါဖြစ်ကောင်းဖြစ်နိုင်သည်။
မေရီက
ရှင်ထွက်သွားရတော့မယ်လို့ ပြောခဲ့သည်။ သူမငါ့ကိုချစ်တာအမှန်ပဲ။ ဒါပေမဲ့
ကျွန်မတို့နှုတ် ဆက်ခွဲခွာရမယ်လို့ ပြောပြန်သည်။ သူမဟာငါ့အတွက်
စိုးရိမ်ပူပန်နေခဲ့တယ်။ အခုတော့ ငါနားလည် သဘောပေါက်သွားပြီဟု
ကျွန်ုပ်တွေးတောမိသည်။
ကျွန်ုပ်သည် ထိုရွာကလေးသို့ပြန်လာသော်လည်း
ရွာကား ရှာမတွေ့တော့ချေ။ ကျွန်ုပ်သည် ကြည့်ပြီး ရင်းကြည့်သော်လည်း
လုံးဝမတွေ့ရ၊ ပန်းပင်များနှင့် သစ်ပင်များကိုသာမြင်ရသည်။ ငှက်ကလေးများ
တေးဆိုသံနှင့် လေသံများသာကြားယောင်သည်။ ကျွန်ုပ် အလွန်ဝမ်းနည်းပူဆွေးမိသည်။
ထို့ကြောင့် မြေကြီးပေါ်ထိုင်ချရင်း အော်ဟစ်ငိုကြွေးမိပါတော့သည်။
ကျွန်ုပ်သည်
ထိုတစ်နေ့ကို ဘယ်သောအခါမှ မေ့မရနိုင်ပါ။ မေရီကို
အမြဲတမ်းသတိရအောက်မေ့လွမ်း ဆွတ်မိပါသည်။ ပြီးတော့မေရီကိုထာဝစဉ်
ချစ်မြတ်နိုးနေပါမည်။
ယခုဆိုလျှင် ကျွန်ုပ်စောင့်ဆိုင်းခဲ့သည်မှာ
နှစ်လသာရှိပါသေးသည်။ ရွာကလေးက တစ်ဖန်ပြန်လည် ပေါ်ပေါက်လာလိမ့်မည်ဟု
ယုံကြည်သည်။ လာလမ်းအတိုင်း ကျွန်ုပ်ပြန်လာပါသည်။ ကျွန်ုပ်သည် နက်
မှောက်ရှည်လျားသော ဆံပင်များပိုင်ရှင် ကျွန်ုပ်၏အချစ်ကလေး
သူမကိုပြန်လည်ရှာဖွေရပါဦးမည်။ ပြီးတော့ ယင်းအချိန်ရောက်လျှင် ကျွန်ုပ်သည်
မနက်မိုးမလင်းမီ ထွက်ခွာဖို့ လုံးဝစိတ်မကူးပါ။ ကျွန်ုပ် သည် သူမနှင့်ထာဝရ
အတူတကွပေါင်းဖက် နေထိုင်တော့မည်ဖြစ်ပါသည်။
Credit : စံတော်ချိန်သတင်းစာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ပျောက်ဆုံးသွားသောအချစ်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။