iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးးတွေ ကိုယ်ဝန်ဆောင်မီးဖွားခွင့် အချိန်ကြာကြာ ရရှိတဲ့မိခင်တွေရဲ့ ကလေးငယ်က ကျန်ကလေးငယ်တွေထက် ၁၀ ရာခိုင်နှုန်းအထိ ပိုပြီးကျန်းမာရေးပိုကောင်းမွန်နိုင်ကြောင်း နိုင်ငံ ၂၀ကျော်မှာ လေ့လာချက်အသစ်ပြုလုပ်ခြင်းအရ သိရှိရပါတယ်။

McGill University နဲ့ University of California Los Angeles က သုတေသီတွေရဲ့ လေ့လာချက်အရ ပုံမှန်ဝင်ငွေ မြင့်မားတဲ့နိုင်ငံတွေသာမက ၀င်ငွေနိမ့်တဲ့ နိုင်ငံတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုယ်ဝန်ဆောင်ခွင့်အချိန်ကြာကြာပေးတာဟာ ကလေးငယ်တွေအပေါ်မှာ သက်ရောက်မှုရှိကြောင်း သိသိသာသာ တွေ့ရှိရပါသတဲ့။

ကိုယ်ဝန်ဆောင်မီးဖွားခွင့်ပေးတာဟာ စိတ်ဖိစီးမှုတွေကို လျော့နည်းစေတာကြောင့် ကလေးငယ်ကို နို့ချိုတိုက်ကျွေးနိုင်ဖို့ အခွင့်အရေးပိုများတဲ့အပြင် တခြားပြုစုဂရုစိုက်မှုတွေလည်း ပိုပေးနိုင်ပါတယ်။ ဒါ့အပြင် မိခင်ကိုယ်တိုင်အနေနဲ့လည်း ကလေးမွေးပြီးတဲ့အခါ မိမိအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုပြုလုပ်ဖို့ အချိန်အလုံအလောက်လည်း ရရှိစေနိုင်ပါတယ်။

Credit:ThitHtooLwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top