iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အမျိုးသား တစ်ဦးဟာ ၁ ဒေါ်လာတန် အတွက် ၂ ဒေါ်လာ ပေးကောင်းပေးပါလိမ့်မယ်။ အမျိုးသမီး ကတော့ ၂ ဒေါ်လာ အတွက် ၁ ဒေါ်လာသာ ပေးပါလိမ့်မယ်။

၂။ အမျိုးသမီး ဟာ အိမ်ထောင်မပြုမချင်း အနာဂတ်အတွက် တွေးပူးပြီး အမျိုးသားများကတော့ အိမ်ထောင်မပြုမချင်း အနာဂတ်အတွက် ဘာမှ တွေးမပူပါဘူး။

၃။ အောင်မြင်သော ယောင်္ကျားဆိုတော မယားဖြစ်သူ သုံးစွဲရန် ငွေ အလုံလောက် ရှာဖွေပေးနိုင်သူ ဖြစ်ပြီး အောင်မြင်သော အမျိုးသမီးကတော့ ယင်းကဲ့သို့ ယောင်္ကျားကို ရှာဖွေယူထားနိုင်သူ ဖြစ် ပါတယ်။

၎။ အမျိုးသားတစ်ယောက်နဲ့ ပျော်ရွှင်မှု တစ်ခု တည်ဆောက်မယ်ဆိုရင် သူ့ကို အများကြီးချစ်ဖို့ထက် အများကြီး နာလည်ပေးနိုင်မှုက ပိုလိုအပ်ပါ တယ်။ အမျိုးသမီး တစ်ဦးနဲ့ ပျော်ရွှင်ဖို့ဆိုရင်တော့ အများကြီးချစ်ဖို့သာ ပိုလိုအပ်ပါတယ်။

၅။ အိမ်ထောင်ရှင် အမျိုးသားများဟာ လူပျိုကြီးများထက် အသက်ပိုရှည် ပါတယ်။ သို့ပေမယ့် အိမ်ထောင်ရှင်အမျိုးသားများဟာ လူပျိုတွေထက် အသက်မရှည်ဖို့ ဆန္ဒပိုရှိကြပါတယ်။

၆။ အိမ်ထောင်ရှင် များအနေနဲ့ အတိတ်က မိမိအမှားများ ကို မေ့မေ့ပျောက်ပျောက်ထားသင့်ပါတယ်။ အမှား တစ်ခုတည်း ကို နှစ်ယောက်စလုံးက ပြန်သတိရနေရင် အသုံးမဝင်ပါဘူး။

၇။ အမျိုးသားများဟာ ညမအိပ်ခင်မျက်နှာနဲ့ အိပ်ယာထ ချိန် မျက်နှာ ပြောင်း လဲမှု သိပ်မရှိပါဘူး။ အမျိုးသမီးများကတော့ မနက် အိပ်ယာ ထချိန်မှာ ဖရိုဖရဲ ဖြစ်နေပါတယ်။

၈။ အမျိုးသမီး တစ်ဦးဟာ အမျိုးသားတစ်ယောက်ကို သူပြောင်းလဲလာ မယ် မျော်လင့်ချက်နဲ့ လက်ထက်ပါတယ်။ သို့ပေမယ့် အမျိုးသားက ပြောင်း လဲမသွားပါဘူး။ အမျိုးသား တစ်ဦးကတော့ အမျိုးသမီး တစ်ဦးကို မပြောင်း လဲစေဖို့ မျော်လင့်ချက်နဲ့ လက်ထက်ပါတယ်။ သို့ပေမယ့် သူမ ပြောင်းလဲ သွားပါတယ်။

၉။ ရန်ဖြစ်တဲ့အခါ အမျိုးသမီးက အဆုံးသတ် စကားပြောနိုင်ပြီး အမျိုးသား ပြောတဲ့စကားကတော့ ပြဿနာရဲ့  အစပဲ ဖြစ်ပါတယ်။

၁၀။ အမျိုးသားတို့အတွက် ဘဝမှာ နှစ်ကြိမ်ပဲ သူ့အမျိုးသမီးကို နားမလည် တာပါ။ အိမ်ထောင်မပြုခင်နဲ့ အိမ်ထောင်ပြုပြီးပဲ ဖြစ်ပါတယ်။

Credit  : International news for Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top