iMyanmarHouse.com - Best Property Website for Myanmar
×

ချိုင်းကြားမည်းနေလို့ လက်ပြတ်အင်္ကျီတွေ မဝတ်ရဲလောက်အောင် အဟန့်တားဖြစ်စေနေသလား။ လက်တွေမြောက်ဖို့ လိုနေချိန်မှာ အနေရခက်ဖြစ်နေလား။ ဒါလေး ဖတ်ပါ သင့်ကို အကူအညီဖြစ်စေပါလိမ့်မယ်။ ယင်းပြသနာတွေအားလုံး ဖြေရှင်းပေးမယ့် လုံးဝသဘာဝအလျောက် ထိရောက်တဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။

ဆေးနည်းများနဲ့ အညွန်းများ

စားဆော်ဒါ (Baking Soda)စားဆော်ဒါနဲ့ ရေ ရောစပ်ပါ။ မည်းနက်နေတဲ့ ချိုင်းမှာ လိမ်းပါ။ ၁၀ - ၁၅ မိနစ် ထားပြီး မအေးလွန်းသော ရေဖြင့် ဆေးကြောပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကို ချိုင်းမှာ လူးပေးပါ။ ၅ မိနစ်ပြီးရင် ဂွမ်းလေးဖြင့် သုတ်ပေးပါ။ ရေဖြင့် မဆေးပါနဲ့။

အာလူး

အာလူးကို ကြိတ်ချေပြီး ခပ်ပျစ်ပျစ်ဖြစ်အောင် ဖန်တီးပါ။အဲဒီခပ်ပျစ်ပျစ်အရည်ကို ချိုင်းမှာ လူးပေးပြီး မိနစ် ၃၀ ကြာပြီးနောက် ရေဖြင့် ဆေးကြောပါ။

Credit : Trend myanmr

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top