iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ မရည်ရွယ်ပေမယ့် အချစ်ဆုံးသူ ကို လိမ်ညာလိုက်မိတယ်ဆိုပါစို့။ သင်ဟာ ရည်းစား ဟောင်းနဲ့ ပြန်ဆက်သွယ်မိတာ ၊ ဒါမှမဟုတ် ချစ်သူ မကြိုက်တဲ့အရာတစ်ခုခုကို ပြုလုပ်လိုက်မိတဲ့အတွက် မရည်ရွယ်ပဲ လိမ်ညာလိုက်ရပါတယ်။ သေချာတာကတော့ သင့်ချစ်သူက သင့်ကို မယုံတော့ပါဘူး။ သူ့ကို ဘယ်လိုပဲ ကျိန်ပြီး ပြောပြော ၊ ဘယ်လိုပဲ အပြစ်ရှိကြောင်း ၀န်ခံဝန်ခံ ချစ်သူဆီက ယုံကြည်မှု ပြန်ရလာဖို့ ကိုယ်တိုင်ပြန် တည်ဆောက်ရပါတယ်။ ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ နည်းလမ်း ၃ ခု ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ကိုကိုယ် မလိမ်မညာ မိဖို့ အရင် ကြိုးစားပါ

ကိုယ့်ကိုကိုယ် မလိမ်မညာ တတ်ခြင်းဟာ မိမိ ကိုယ်တိုင်အတွက်ရော ၊ မိမိရဲ့  အချစ်ရေး အတွက်ပါ ကောင်းမွန်လာစေနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ပါ လိမ်ညာထားသူတွေဟာ ကိုယ် မှန်တာ လုပ်မိတယ်ဆိုရင်တောင် ၊ ကိုယ့်ဘက်က ရိုးသားတယ်ဆိုရင်တောင် လိပ်ပြာမသန့် ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်နိုင်ပြီဆိုမှ ကိုယ့်ကို တစ်ခြားလူတွေကလည်း ယုံကြည်လာနိုင်မှာ ဖြစ်ပါတယ်။

၂။ ပွင့်လင်း မြင်သာမှု ရှိပါ

သင့်ကို သင့်ချစ်သူ က ယုံကြည်လာဖို့အတွက် သင့်အနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုအပ်ပါတယ်။ အရာရာကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ပြောဆိုပါ။ အဲဒီလို နေထိုင်တတ်ပြီဆိုရင်တော့ အချိန်က စကားပြောလာပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ကိုယ့်ချစ်သူ ဆီက ယုံကြည်မှု ကို ပြန်လည် ရရှိလာမှာပါ။

၃။ ကတိတည်ပါ

လူဆိုတာ ကတိတည်ဖို့ အရေးအကြီးဆုံးပါပဲ။ မင်းမှာ သစ္စာ လူမှာ ကတိ ဆိုသလိုပဲ ပေးထားတဲ့ ကတိကို တည် နိုင်မှာသာ တစ်ဖက်လူ ရဲ့  ယုံကြည်မှု ကို ရမှာပါ။ မတည်နိုင်ရင် အစော ကတည်းက ကတိမပေးပါနဲ့။ ကတိပေးပြီးရင်လည်း ရတဲ့နည်းနဲ့ ပေးထားတဲ့ ကတိကိုတည်နိုင်အောင် ကြိုးစားမှသာ ကိုယ့်ချစ်သူ ရဲ့  ယုံကြည်မှု အပါအ၀င် အထင်ကြီးလေးစားမှုတွေကိုပါ ရနိုင်မှာ ဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top