iMyanmarHouse.com - Myanmar's No. 1 Property Website
×

ဒိန်ချဉ်ဆိုတာ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်ဓါတ်တွေ အပြည့်ပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆာပြေစားစရာတစ်ခုဖြစ်ပါတယ်။

 ဒါ့အပြင် ဒိန်ချဉ်ဟာ အသားအရည်နဲ့ ဆံသားအတွက်လည်း အလှကုန်ပစ္စည်းတော်တော်များများမှာ ထည့်သွင်းထုတ်လုပ်နေတဲ့ ကုန်ကြမ်းပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အလှကုန်ပစ္စည်းတွေအတွက် အကုန်အကျခံစရာမလိုရလေအောင် အိမ်မှာတင် ကိုယ်တိုင်လုပ်လို့ရတဲ့ အသားအရည်နဲ့ ဆံသားတောက်ပစေဖို့အတွက် ဒိန်ချဉ်အသုံးပြုပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒိန်ချဉ် ပေါင်းတင်မျက်နှာဖုံးနဲ့ ကြည်လင်တောက်ပတဲ့ အသားအရည်ကို ပိုင်ဆိုင်ရယူနိုင်ပါတယ်။

ဒိန်ချဉ်ဟာ ၀က်ခြံကြောင့် အသားအရည် နီရဲယောင်ရမ်းတာတွေကို သက်သာစေပြီး အရေပြားရဲ့ရေဓါတ်၊ အစိုဓါတ်ကို ပိုမိုမြှင့်တင်ပေးနိုင်တဲ့အပြင် အသားအရည်ကို တောက်ပကြည်လင်စေတဲ့ ဗိုက်တာမင် ဘီတွေလည်း အပြည့်ပါဝင်တာကြောင့် ဖြစ်ပါတယ်။

ဒိန်ချဉ်ကို မျက်နှာပြင်အနှံ့ တိုက်ရိုက်သုတ်လိမ်းပြီး ၁၀ မိနစ်ခန့် ပေါင်းတင်ထားကာ ရေဆေးချခြင်းဖြင့် ကြည်လင်တောက်ပတဲ့ မျက်နှာအသားအရည်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ကျန်းမာကောင်းမွန်စေပါတယ်။

ဒိန်ချဉ်ကို ပုံမှန်အသုံးပြုပေးမယ်ဆိုရင်တော့ သူ့မှာပါဝင်တဲ့ ပရိုတင်းဓါတ်တွေဟာ ဆံသားတွေကို ပိုမိုရှည်လျားသန်စွမ်းစေပြီး လက်သည်းခြေသည်းတွေကိုလည်း ကျန်းမာကောင်းမွန်စေပါတယ်။ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် ၁ ဇွန်း၊ အုန်းဆီ ၁ ဇွန်း ရောမွှေပြီး ဆံပင်ကို သုတ်လိမ်းထားပြီး ၁၅ မိနစ် မှ မိနစ် ၂၀ ခန့်ထားပြီး ခေါင်းလျှော်လိုက်ခြင်းဖြင့် ဆံပင်သားတွေ ပိုမိုကောင်းမွန်စေဖို့ ပေါင်းတင်ပေးနိုင်ပါတယ်။

Credit : ThithtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top