iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ဘာသာစကားတစ်ခုကို အကောင်းဆုံးလေ့လာနည်းက "နည်းစနစ်တစ်ခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဖို့ပဲ" ဘာသာစကားလေ့လားရေး ပညာရှင်များကဆိုကြပါတယ်။ ဘာသာစကားအသစ်တစ်ခုကို လေ့လာဖို့အတွက် အချိန်သပ်သပ်မှတ်မှတ်ထားပြီး လေ့လာဖြစ်အောင်လေ့လာပါ။ ဆင်ခြေမပေးပါနဲ့။

၂။ စာအုပ်ချီပဲဖတ်မနေပါနဲ့၊ အခြားပျော်စရာကောင်းတဲ့ Music၊
TV၊ Movies၊ Radio စသည်များကိုလည်း ကြည့်ရှု နားဆင်ပေးပါ။
လေ့လာရတာ ပျော်ရွှင်လေလေ အဲ့ဒီလေ့လာမှုကို ပိုပြီးမပျက်မကွက်လုပ်နိုင်လေလေပါပဲ။

၃။ ကိုယ်ဘာလိုလဲဆိုတာ သိနေပါစေ။ ခရီးသွားလုပ်ငန်းအတွက်လား? စီးပွာရေးအတွက်လား? ကျောင်းတက်ဖို့အတွက်လား? ၀တ္ထုတွေဖတ်ချင်လို့လား? စာပေရေးသားဖို့လား? စသဖြင့်ပေါ့။ တကယ်ရွေ့ကိုယ်က စားသောက်လုပ်ငန်းမှာသုံးဖို့ဆိုရင် စားသောက်ဆိုင်နဲ့ပတ်သက်တာတွေ၊ ဈေးတွေနဲ့ပတ်သက်တာတွေ စသဖြင့် စတင်လေ့လာပါ။

၎။ စာလုံးတစ်လုံးခြင်း ကျက်မှတ်နေတာကို မလုပ်ပဲ စာစုလိုက်၊ စာကြောင်းလိုက် သူတို့ရဲ့အသုံးနဲ့တကွ လေ့လာသင့်ပါတယ်။

၅။ အဲ့ဒီဘာသာစကားပြောတဲ့နိုင်ငံကို သွားရောက်မလေ့လာနိုင်ဘူးဆိုရင်တော့ တတ်နိုင်သမျှ အဲ့ဒီဘာသာစကားပြောတဲ့ ပတ်ဝန်းကျင်ကို ရှာဖွေဖန်တီးရပါမယ်။ နောက်ဆုံးရှာမရရင် Radio နားထောင်၊ Movie ကြည့် စသဖြင့်ပေါ့။

၆။ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိပါ။ မှားမှာကို မကြောက်ပါနဲ့။
ကျွမ်းကျင်သူတွေ လေ့လာမှုအရေတော့ အကောင်းဆုံးလေ့လာ
သူတွေဟာ အမြဲတမ်း အဲ့ဒီဘာသာစကားကို တတ်နိုင်သမျှ အသုံးပြုလေ့ရှိတယ်။ သူတို့ဘယ်အဆင့်ရောက်နေနေ ဖြစ်အောင်အသုံးပြုလေ့ရှိတယ်။

၇။ ကိုယ်ဘယ်လိုနည်းလမ်းနဲ့ လေ့လာမယ်ဆိုတာ ဆုံးဖြတ်ထားပါ။ ကိုယ့်ဟာကို လေ့လာနည်း၊ အုပ်စုဖွဲ့လေ့လာနည်း၊ သင်တန်းဆရာနဲ့လေ့လာနည်း စသဖြင့်ပေါ့။ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်ပေါ်မူတည်ပြီးဆုံးဖြတ်ပါ။

၈။ လေ့လာစရာ လွယ်လွယ်ရတဲ့နေရာကစပါ။ စာကြည့်တိုက်နဲ့နည်းရင် စာကြည့်တိုက်၊ Radio၊ Movies စသဖြင့်ပေါ့။

၉။ မာ်းမာ်းနားေထာင္ပါ။ အကုန်လုံးနားမလည်ပေမယ့် ဂရုတစိုက်နားထောင်ပါများရင် အကျိုးကျေးဇူးကြီးမားပါတယ်။

၁၀။ တတ်နိုင်သမျှ စကားပြောဖော်ရှာပြီး စကားပြောပါ။

၁၁။ ဘယ်နေရာမှာ အောင်မြင်ချင်တာလဲဆိုတာ ကိုယ့်ကိုယ်ကို
သိပါစေ။ စကားပြောကျွမ်းကျင်ချင်တာလား? စာရေးချင်တာလား? စီးပွားရေးမှာသုံးမှာလား? စသဖြင့်ပေါ့။ တကယ်ကျွမ်းကျင်တတ်မြောက်သွားတဲ့သူတွေဟာ လေ့လာသူတွေရဲ့ ၅% လောက်ပဲရှိပါတယ်။ ဒါကို သတိအမြဲထားပါ။

၁၂။ ပြီးဆုံးရမယ့်လုပ်ငန်း၊ ရည်မှန်းချက်ပန်းတိုင် အသေးလေးတွေ
ချမှတ်ပြီး တစ်ခုပြီးတစ်ခု ပြီးအောင်လုပ်ပါ။ ပြီးသွားတဲ့အတွက်လဲ ကိုယ့်ကိုယ်ကို ဆုချပါ။

၁၃။ လေ့ကျင့်ခန်းတွေကို စုံအောင်လုပ်ပါ။ Grammar၊, Speaking, Writing, Vocabulary, Essay စသဖြင့်တတ်နိုင်သမျှလုပ်ပါ။

ကြိုးကျစ်သလိုပါပဲ အစလေးတွေပေါင်းပြီး နောက်ဆုံးသုံးလို့ရတဲ့ ကြိုးတစ်ချောင်းဖြစ်လာပါစေ။
အင်္ဂလိပ်စာမှမဟုတ်ပါဘူး ဘယ်ဘာသာစကားကိုလေ့လာလေ့လာ ဒီအတိုင်းလေ့ကျင့်ရမှာပါပဲ။

Credit: K.K(ကနောင်)

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top