iMyanmarHouse.com - Best Property Website for Myanmar
×

Robert Downey Jr. နဲ့ Jude Law တို့ပါဝင်ထားတဲ့ ပထမဆုံး Sherlock Holmes ရုပ်ရှင်ထွက်ရှိပြီး ၂ နှစ်အကြာ ၂၀၁၁ ခုနှစ်မှာ Sherlock Holmes: A Game of Shadows ထွက်ရှိလာပြီးနောက်မှာ ၃ကားမြောက် Sherlock Holmes ဇာတ်ကားသိပ်မကြာခင်ထွက်ရှိလာဖို့ အားလုံးက မြှော်လင့်နေခဲ့ကြပါတယ်။

၅နှစ်ကြာပြီးနောက် ယခုအခါမှာတော့ Sherlock Holmes 3 က မြင်ကွင်းထဲရောက်လာပါပြီ။ Robert Downey Jr. ရဲ့ ShortList ကိုပြောပြချက်အရ လက်ရှိအစီအစဉ်ကတော့ နှစ်ပိုင်းခွဲရိုက်မည့် Marvel’s Avengers: Infinity War ဇာတ်ကားမရိုက်ခင် ၂၀၁၆ ခုနှစ်ထဲမှာ Sherlock Holmes ဇာတ်လမ်းတွဲအဆုံးသတ် ဇာတ်ကားကို အရင်ရိုက်ဖို့ဖြစ်နိုင်ခြေများပါတယ်။

“ကျွန်တော်တို့ အခုဒီအကြောင်းကို ဆွေးနွေးနေကြတုန်းပါ။ လုပ်လို့ရတာလေးတွေကို ကြိုလုပ်ထားလို့ရပါတယ်။ Skype
ပေါ်မှာသာရိုက်လို့ရလို့ကတော့ ဇာတ်ကားတစ်ကားလုံးကို တစ်ပတ်ထဲနဲ့တောင် ရိုက်လို့ရသေးတယ်။ ‘Sherlock’ ဇာတ်ကားတွေကိုတော့
အဲ့ဒီလိုရိုက်လို့မရဘူးပေါ့လေ။

ဒီနှစ်ထဲမှာ တစ်ကားတော့ ရိုက်နိုင်အောင်ကြိုးစားပါ့မယ်။ ဒီဇာတ်ကားတွေ ရိုက်ရတာအရေးကြီးပါတယ်။
ပင်ပန်းပေမယ့် စိတ်လှုပ်ရှားဖို့ကောင်းပါတယ်” လို့ Robert Downey Jr. ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Sherlock Holmes ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်သူနှင့် တွဲဖက်ရေးသားသူ Lionel Wigram က သူနှင့် Drew Pearce (Iron Man 3 Mission Impossible – Rogue Nation) တို့တွဲဖက်ရေးသားဖို့ ၂၀၁၁ ခုနှစ်တုန်းကကြေညာထားတဲ့ ဇာတ်ညွှန်းရဲ့ လက်ရှိအခြေအနေကို IGN
ကိုပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ Sherlock Holmes 3 ဇာတ်ညွှန်းကို ရေးသားနေပါတယ်။ ဇာတ်ကား ၃ ကားထဲက အကောင်းဆုံး ဖြစ်မယ့် ဇာတ်ကားမျိုး လုပ်နိုင်ရင်လုပ်ချင်ပါတယ်။ တော်တော်လေး ခက်ခဲပေမယ့် ကျွန်တော်တို့လုပ်နေပါတယ်” လို့ Wigram
ကရှင်းပြပါတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top