iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင်အရောင် မွဲခြောက်ခြောက်နဲ့ ခြောက်သွေ့တဲ့ဆံသားတွေကြောင့် လှပတဲ့မျက်နှာလေးကိုတောင် သိမ်ငယ်သွားရစေပါတယ်။ ဆံသားတောက်ပြောင်မှုဟာ ဆံပင်အရောင်အားလုံးနဲ့လည်း လိုက်ဖက်ညီတဲ့အရာပါ။ တောက်ပြောင်တဲ့ ဆံကေသာတွေကို ရရှိလိုသူတွေအတွက် စမ်းသုံးကြည့်နိုင်မယ့် ဆံပင်ပေါင်းနည်းလေးတစ်ခုပဲ ဖြစ်ပါတယ် ။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်ဆေးရေ ၁ ခွက်နဲ့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းစာတို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို ခွက်တစ်လုံးထဲမှာ ရောသွားအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ တစ်ခေါင်းလုံးနှံ့အောင် ပွတ်လိမ်းပေးရပါမယ်။

၁၅ မိနစ်ခန့် ထားပြီးမှ ရေဆေးပေးလိုက်ရင် အရင်ကထက် ပိုတောက်ပြောင်လာတဲ့ ဆံကေသာလေးကို အချိန်မကုန်၊ ငွေမကုန်ဘဲ ရသွားပြီပေါ့။ သတိထားရမှာက ဆန်ဆေးရေကိုသုံးရင် ပထဆုံးဆေးလို့ ရလာတဲ့ အရည်ပျစ်ပျစ်ကိုသာယူဖို့ မမေ့ပါနဲ့။

Credit: Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top