iMyanmarHouse.com - Best Property Website for Myanmar
×

၁။ "စကားကို ပိတ်မပြောနဲ့"
-
ယောကျာ်းလေးတွေဟာ သူတို့ရှင်းပြဖို့ ကြိုးစားနေချိန်မှာ
နင်ပြောတာငါ ဘာမှမကြားချင်ဘူး ဘာမှလာရှင်းပြမနေနဲ့တော့
လို့ ပိတ်ပြောတဲ့အခါမျိုးမှာ အကြီင်္းအကျယ် စိတ်ပျက်သွားတတ်ပါတယ်
ပိတ်မပြောမိပါစေနဲ့ရှင်းပြတာကို သေချာတစ်ခေါက်လောက်နားထောင်ပြီးမှဘာဆက်လုပ်
သင့်တယ်ဆုံးဖြတ်ပါ
-
၂။ "နေရာတကာ ဆရာမလုပ်နဲ့"
-
ယောကျာ်းဆိုတဲ့အမျိုးက ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ချင်ကြတယ်
(တစ်ချို့အရည်ချင်းမရှိတဲ့လူတွေကလွဲလို့ပေါ့) အဲ့တာကို နေရာတကာ
ကားကိုဘယ်လိုမောင်း ဟိုရှေ့မှာကားကြီးလာနေတယ်လေမမြင်ဘူးလားဆိုပြီးတော့ ဆရာဝင်လုပ်ရင် အမြင်ကပ်လာရော
-
၃။ "တခြားဘဲတွေနဲ့သိပ်ရောရောနှောနှောနေမပြနဲ့"
-
ချစ်သူမရှိခင်က ကြိုက်သလိုနေခွင့်ရှိပေမဲ့ ချစ်သူရှိပြီးနောက်ပိုင်း တခြားဘဲတွေနဲ့
ပလူးပလဲ လုပ်ပြနေရင် ယောကျာ်းလေးတွေစိတ်ထဲမှာ ဒီလိုပဲအမြဲတမ်းနေနေတာလို့ထင်သွားတတ်ပါတယ်
-
၎။ "သိပ်ပြီးမိုက်ရူးရဲမဆန်နဲ့"
-
မိန်းကလေးတစ်ယောက်အနေနဲ့မလုပ်သင့်တဲ့အရာကို မလုပ်နဲ့လို့တားနေရင် သိပ်ချစ်လို့ဆိုတာသတိရပါ
မချစ်တဲ့လူက အဖက်တောင်လုပ်ပြီးပြောမနေဘူးလေ
-
၅။ "အချိန်ကိုလေးစားပါ"
-
မိန်းကလေးတွေ အချိန်ကိုနောက်ကျတာမကြိုက်သလို ယောကျာ်းလေးတွေလဲ သိပ်မကြိုက်ကြပါဘူး
အမြဲတမ်းမဟုတ်တောင် ကြိုးစားပြီးတော့တော့ အချိန်ကိုလေးစားပေးပါ
-
၆။ "အကြောင်းမရှိအကြောင်းရှာစိတ်မကောက်နဲ့"
-
စိတ်ကောက်တတ်တာမိန်းကလေးတွေရဲ့ သဘာဝဆိုပေမဲ့ ခဏခဏစိတ်ကောက်နေတာမျိုးကျတော့
ယောကျာ်းလေးတွေဖက်က ကြာတော့ စိတ်မရှည်တော့တာမျိုးတွေဖြစ်လာတတ်ပါတယ် စိတ်ကောက်တာကကောက်ပါအချော့ခံချင်တိုင်း အရမ်းကာရော ခဏခဏစိတ်မကောက်ပါနဲ့ ချစ်ချစ်ခင်ခင်လေးပဲနေချင်ကြတယ် စိတ်ကောက်တာကို
ချော့နေတာနဲ့ပဲအချိန်ကုန်မခံချင်ဘူး
-
၇။ "ရန်ဖြစ်ရင် လက်မပါနဲ့"
-
မိန်းကလေးတွေက တစ်ခုခုဆို ပါးရိုက်ချင်ကြတယ် အဲ့တာကိုမှန်တယ်လို့ယူဆနေကြတယ်
ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ ဘယ်တုန်းကမှ လက်မပါခဲ့ဖူးဘူးဆိုရင် ကိုယ့်ဖက်ကလဲမပါနိုင်အောင်
ထိန်းချုပ်ပြီး အေးအေးဆေးဆေးဖြေရှင်းပါ
-
၈။ "လမ်းခွဲစကားကိုအလွယ်တကူမပြောနဲ့"
-
ရန်ဖြစ်တဲ့အခါ နင့်လိုကောင်မျိုးတော့ ခေါင်းခေါက်ရွေးလို့ရတယ် နင်နဲ့ငါပြတ်ပြီ ထပ်ပတ်သတ်ဖို့မလိုတော့ဘူးဆိုတဲ့စကားမျိုးပြောတဲ့အခါ ယောကျာ်းလေးဖက်က သိပ်ချစ်လွန်းတဲ့လူမျိုးတောင် မာနနဲ့သိက္ခာအရ
လမ်းခွဲပေးသွားတတ်ပါတယ် အဲ့ဒီတော့ လမ်းခွဲစကားကိုအလွယ်တကူမပြောမိပါစေနဲ့
-

-
တစ်ကယ်တော့ အားလုံးပြည့်စုံတဲ့လူဆိုတာမရှိပါဘူး ချစ်သူတွေတစ်ယောက်နဲ့တစ်ယောက်
နားလည်နိုင်ရင်အကောင်းဆုံးပေါ့ဗျာ ချစ်သူအားလုံးပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေ. . .
=


Credit:ချစ်သူအတွက်ခံစားချက်လေးတွေရင်ဖွင့်မယ်

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top