iMyanmarHouse.com - Best Property Website for Myanmar
×

လူကြီး၊ လူလတ်၊ လူငယ်တွေမှာဆိုရင် ဖုန်းကို လက်ကမချပဲ အမြဲတမ်းတကြည့်ကြည့်လုပ်နေသူတွေကတော့ အသက် ၃၀အောက်တွေလို့ သိရပါတယ်။ သူတို့တွေဟာ ဖုန်းကိုစွဲလန်းလွန်းအားကြီးလွန်းတဲ့ ရောဂါတစ်မျိုး စွဲကပ်နေသလို ဖြစ်နေကြပါပြီ။ ဘယ်သွားသွား selfie လေးရိုက်၊ ပုံလေးကို လူမှုကွန်ယက်ပေါ် တင်ရမှ နေသာထိုင်သာရှိကြသူတွေ ရှိသလို အွန်လိုင်းဂိမ်းတွေကို မနားတမ်းဆော့တဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဘာရယ်မဟုတ် အင်တာနက်ကို ဖွင့်လိုက်၊ ပြန်သုံးလိုက်၊ ဟို ဆိုက်လေး ၀င်ကြည့်၊ ဒီဆိုက်လေး ၀င်ကြည့် လုပ်တတ်သလို တစ်ချို့ကတော့ chat မယ်ဆိုတဲ့သူကလည်း အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းကို လက်ကမချတမ်းအသုံးပြုနေသူ တွေ လုပ်ဆောင်ကြည့်သင့်တဲ့အချက်လေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ဖုန်းကို မနက်ပိုင်း alarm ပေးဖို့ မသုံးပါနဲ့။ နာရီတစ်လုံးဝယ်ပြီးတော့သာ Alarm ပေးပါ။

ဖုန်းကို မနက်ပိုင်း alarm ပေးအိပ်တာမျိုးဟာ ကိုယ့်အနီးအနားတစ်ဝိုက် ဖုန်းရှိနေတာကြောင့် အိပ်ယာဝင်ရင်တောင် လက်ကဖုန်းကိုသိပ်လက်မလွှတ်ဖြစ်နေသလို၊ တရေးနိုးလည်း ဖုန်းကို ကောက်ကိုင်မိ၊ သုံးမိနေပြန်ပါတယ်။ မနက်နိုးနိုးချင်းလည်း ဖုန်း alarm သံနဲ့နိုး၊ ဖုန်းကိုအရင်ဆုံးသုံးမိပြန်တော့တာပါပဲ။ ဒါမကောင်းပါဘူး။

၂။ ဖုန်းက နိုတီအသံမြည်တိုင်း သွားကောက်ကိုင်ကြည့်တာမျိုး ရှောင်ပါ။

ဖုန်းကိုဘေးချထားပေမယ့် နိုတီအသံတစ်ခုခုကြားလိုက်တိုင်း ကောက်ကိုင်ကြည့်တတ်တဲ့အကျင့်ကို ပြင်ပါ။ ဖေ့စ်ဘွတ်ခ်က နိုတီတစ်ခုတက်တိုင်း ဖုန်းကိုကောက်ကိုင်ကြည့်နေမယ်ဆိုရင်တော့ တစ်နေ့လုံး သင်အလုပ်လုပ်ရမှာ မဟုတ်တော့ပါဘူး။

၃။ကိုယ့်ချစ်သူနဲ့အတူရှိနေချိန် ဖုန်းကိုပိတ်ထားပါ။ ဒါမှမဟုတ် vibrate သာလုပ်ထားလိုက်ပါ။

ကိုယ့်ချစ်သူနဲ့ ဒိတ်လုပ်နေတဲ့အချိန်တွေမှာ ဖုန်းကိုတကိုင်ကိုင်လုပ်နေမယ့်အစား ကိုယ့်ချစ်သူကိုသာ ပိုအလေးပေးဂရုစိုက်တာ ကောင်းပါလိမ့်မယ်။ ဖုန်းကိုလက်ကမချပဲ တကြည့်ကြည့် လုပ်နေမယ်ဆိုရင် သင်တို့နှစ်ဦးရဲ့အချစ်ရေးဟာ ကတောက်ကဆတွေဖြစ်လာတဲ့အထိ ဆိုးရွားလာနိုင်ပါတယ်။

၎။အရေးကြီးတဲ့ ပွဲတွေ၊ အစည်းအဝေးပွဲ စတာတွေမှာ ဖုန်းကို အသံတိုးပြီး အိတ်ထဲ ထည့်ထားလိုက်ပါ။

အစည်းအဝေးတက်နေချိန် ဖုန်းက message ၀င်လာတဲ့အသံကတောင် အနှောင့်အယှက်ပေးတတ်ပါတယ်။ ဒါ့အပြင် မိသားစုတွေအားလုံးတွေ့ဆုံပွဲ၊ အခြားအရေးတကြီးတက်ရောက်ရတဲ့ပွဲတွေမှာလည်း ဖုန်းကို အိတ်ထဲထည့်ထား လိုက်တာ အကောင်းဆုံးပါ။ ဖုန်းက အသံမြည်နေတာကိုကြားတာနဲ့ သင်က ကြည့်မိနေဦးမှာပဲ အိတ်ထဲမှာသာ ထည့်ထားလိုက်ပါ။

၅။အိပ်ချိန်သတ်မှတ်ပြီး ဖုန်းကို ပိတ်ရင်ပိတ်၊ မပိတ်ရင် အသံတိုးထားလိုက်ပါ။

ဖုန်းကို အိပ်ယာနားထားအိပ်တာဟာ သင့်အတွက် အနှောင့်အယှက်တစ်ခုပါပဲ။ အိပ်လို့မပျော်တာနဲ့ ဖုန်းကိုကောက်ကိုင်မယ်။ အဲ့လိုကြည့်မိရင် ပိုအိပ်မပျော်တာတွေ ဖြစ်ပါလိမ့်မယ်။ ညဘက်တရေးနိုး ဖုန်းကောက်ကြည့်တာမျိုးလည်း မလုပ်ပါနဲ့။ အိပ်ပြီဆိုတာနဲ့ ဖုန်းကိုပိတ်ပြီး စားပွဲပေါ်ဖြစ်ဖြစ် တင်ထားလိုက်ပါ။ မဟုတ်လည်း ဖုန်းကို အသံအဆုံးထိ တိုးပြီးမှ အိပ်ပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top