iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူရှိလျက်နဲ့ တခြားတစ်ယောက်နဲ့ အီစီကလီ လုပ်ထားမိတာပဲဖြစ်ဖြစ်၊ နောက်တစ်ယောက်နဲ့ ချိန်းတွေ့ပြီး တွဲလိုက်မိတာပဲဖြစ်ဖြစ် ဒါဟာ ကိုယ့်ချစ်သူကို သစ္စာဖောက်တဲ့သဘောပါပဲ။ ကိုယ့်ချစ်သူက ဒီအခြေအနေကို သိသွားတဲ့အခါ သူ့ကိုလည်း လက်မလွှတ်နိုင်မှန်း သေချာသိလိုက်ရတာမျိုးတွေ ကြုံလာပြီဆိုပါစို့။ ဟိုတစ်ယောက်က အပျော်ထားတာပါလို့တော့ လုပ်လို့မရပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်တဲ့စိတ်လေးရှိနေသေးရင် ပြန်လက်ခံချင် လက်ခံပါလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့လွယ်လိမ့်မလဲ။ ဒီတော့ တကယ် ကိုယ့်ချစ်သူကိုသာ ဆက်ချစ်သွားဖို့ ကျိန်းသေတယ်။ ဟိုတစ်ယောက်ကို လုံးဝအဆက်ဖြတ်လိုက်မယ်လို့ သင့်ဘက်က သေချာသွားရင် ကိုယ့်ချစ်သူဆီက ခွင့်လွှတ်မှုကို ဘယ်လိုပြန်ရအောင် ယူရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ဒီကိစ္စကို ရပ်ပစ်မယ့်အကြောင်း ကတိပေးပါ။ ကိုယ်သွားတွေ့နေတဲ့သူကို လုံးဝမတွေ့တော့ဘူးဆိုတာပါ ထည့်ပြောပါ။

ကိုယ့်ချစ်သူရဲ့ ခွင့်လွှတ်မှုကို ရစေဖို့ သူမကို ကတိပေးဖို့ လိုပါလိမ့်မယ်။ သေချာကတိပေးအပ်လိုက်ပါ။ ကတိထဲမှာ သူမနောက်ကွယ်ကနေ သွားသွားတွေ့နေတဲ့ အခြားတစ်ယောက်နဲ့ လုံးဝ အဆက်အသွယ်ဖြတ်လိုက်မယ့်အကြောင့် သေချာပြောပြပါ။

၂။ကိုယ့်ချစ်သူရဲ့ မေးခွန်းမှန်သမျှကို ဖြေပါ။

ခုလို ဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူအနေနဲ့သိချင်တာတွေ ရှိပါလိမ့်မယ်။ ဘယ်အချိန်ကတည်းကလဲ။ ဘယ်လောက်ကြာပြီလဲ။ ဘယ်လိုတွေ့တာလဲ စတဲ့ မေးခွန်းတွေအားလုံးကို ဖြေပါ။

၃။ကိုယ့်ချစ်သူကို အရင်လို ဂရုစိုက်ပါ။ မစိုက်ခဲ့ရင် ပိုစိုက်ပါ။

ချစ်သူက သစ္စာဖောက်သွားရင် ဘယ်သူမဆို နာကျင်ခံစားရမှာပါ။ ဒီတော့ သူမရဲ့ဝေဒနာတွေ လျော့ပါးသက်သာသွားအောင် သင်လုပ်ပေးဖို့ လိုပါတယ်။

၎။ကိုယ့်ချစ်သူကို စကားတွေပြောပါ၊ ဘယ်လောက်အချိန်ကြာကြာ သူပြောတာ နားထောင်ပေးဖို့လည်း မမေ့ပါနဲ့။

ချစ်သူကောင်မလေး နာကျင်ခံစားနေရတာတွေ အမြန်ပျောက်အောင် တွန်းအားပေးတာမျိုး လုပ်မယ့် အစားသူမနဲ့အတူ အချိန်တွေ ကုန်ဆုံးရင်း ကိုယ့်အပြစ်တွေကို ၀န်ခံလိုက်ပါ။ သူမပြောချင်တာတွေ အားလုံးကိုလည်း စိတ်ရှည်လက်ရှည် နားထောင်ပေးပါ။ အရင်လို အခြေအနေပြန်ရဖို့ ဘယ်လောက်ကြာကြာ သင့်ဘက်က စောင့်ဆိုင်းရပါလိမ့်မယ်။

၅။တာဝန်ယူပါ။

ကိုယ့်လက်တွဲဖော်ကို သစ္စာဖောက်တဲ့သူ ဖြစ်တဲ့အတွက် သင်ဘယ်လောက် စိတ်မကောင်းဖြစ်တယ်၊ နောင်တရနေတယ်ဆိုတာမျိုးကို သူမကို ပေးသိပါ။ နောက်တစ်ခါ ဒီလိုမျိုး မဖြစ်တော့ဘူးဆိုတာ ပြောပြပြီး ကိုယ့်ကတိစကားကို ကိုယ်တာဝန်ယူပါ။



Credit: trend myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top