iMyanmarHouse.com - Best Property Website for Myanmar
×

သင်္ကြန်မှာ ရေထွက်ပက်တဲ့ ဖက်ရှင်နဲ့အပြုအမူလေးကြောင့် ပရိသတ်အသည်းခိုက်အောင် ချစ်ခြင်းခံရသူကတော့ အေးမြတ်သူပဲဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ အကုန် ၂၀၁၆ ထဲမှာ  ခပ်စိပ်စိပ်ပြန်လည်တွေ့မြင်လာရပြီး ဇာတ်ကားရိုက်ဆက်တဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့တယ်လို့ပြောရင်လဲ မမှားဘူးလို့ဆိုရမှာပါ။  ခန္ဒာကိုယ်အလှအပအတွက် Gym အမြဲဆော့ဖြစ်ပါတယ်ဆိုတဲ့ အေးမြတ်သူက ကိုယ့်ကိုကိုယ်ပိုချစ်တဲ့အတွက်အခုချိန်ထိ အချစ်ရေးက ထူးခြားမှုမရှိသေးတာဖြစ်သလို သူမကိုယ်သူမ အတ္တကြီးတယ်လို့ ဖွင့်ဟ၀န်ခံလာပါတယ်။ အေးမြတ်သူရဲ့ လက်ရှိအနုပညာအကြောင်းများကိုမေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အချစ်ကြီးချစ်ကြသူများတဲ့။ မင်းသားက ဥဿ       ကျော်၊ အေးမြတ်သူပါမယ်။ ခေးဆက်သွင်ပါမယ်။ ထူးခြားပါမယ်။ အေးမြတ်သူက ဒီထဲမှာရည်းစားရှုပ်တဲ့ ဒီဖက်ခေတ်ကောင်မလေးရဲ့စတိုင်ပေါ့။ ရည်းစားကတစ်ယောက်၊ ယူမဲ့သူကတစ်ယောက်အဲ့ဒီလိုပုံစံလေးပါ။

-ဒီရဲ့အရှေ့မှာရောဘာတွေလုပ်ဖြစ်သေးလဲ။

မြိတ်နဲ့ကော့သောင်းဖက်ကို Tourism ခရီးစဉ်တစ်ခုအနေနဲ့သွားတယ်။ ကိုစိုင်းလုံးကျောက်ဦးစီးတဲ့ လူငယ်တွေစုပြီး ခရီးသွားပရိုဂရမ်လေး ရိုက်နေပါတယ်။ မြန်မာပြည်ရဲ့ လှပတဲ့နေရာလေးတွေ၊ သာယာတဲ့နေရာလေးတွေမှာ ခရီးသွား ပရိုဂရမ်အနေနဲ့ရိုက်ဖြစ်တယ်။ ရန်ကုန်ကနေကော့သောင်းကို ကားနဲ့သွားတယ်။ မုန့်စားတာတွေလျှောက်ရိုက်တယ်။ နောက်လှပတဲ့ကျွန်းတွေမှာ လိုက်ရိုက်ဖြစ်တယ်။ အေးမြတ်သူကလဲ မင်းသမီးတစ်ယောက်အနေနဲ့မဟုတ်ပဲ ဒီအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပဲ သွားရောက်ဖြစ်တာပါ။ ပြီးတော့ မခိုင်လေးတို့ချစ်ငယ်တို့နဲ့ဘန်ကောက်ခဏသွားတယ်။ အလျှမ်းပဲပေါ့။ ဈေးဝယ်၊ မုန့်စား၊ သွားပျော်ပါးတာပေါ့။ ဘန်ကောက်က သုံးရက်ပဲ။

-ခရီးတွေတောက်လျှောက်သွားဖြစ်နေတော့ Gym ရောဆော့ဖြစ်သေးလား ။ အသားအရေ နည်းနည်းခြောက်သွားသလိုပဲ။

ဟုတ်တယ်။ Gym မဆော့တာ တစ်လလောက်ရှိပြီ။ ပြန်ဆော့ရမယ်။ အသားတွေမဲသွားတယ်။ အသားအရေလဲခြောက်သွားတယ်။ ပင်လယ်ဖက်သွားတာဆိုတော့ ပိုဆိုးတယ်။

-ဒီရာသီဥတုနဲ့ရှုတင်ရိုက်ရတဲ့အခက်အခဲကိုလဲသိချင်ပါတယ်။

နည်းနည်းပူတာကလွဲရင် သိပ်အခက်အခဲမရှိပါဘူး။ ချွေးထွက်တယ်။ မျက်လုံးက မီးရောင်ကိုမခံနိုင်ဘူး။ ပူတော့သွေးဆူတယ်။ အဲ့ဒီတော့စိတ်တော့သိပ်မရှည်ဘူး။ ကျန်တာကတော့ အဆင်ပြေပါတယ်။

-ကိုယ့်ကိုကိုယ်ရော ဘယ်လိုမျိုးဂရုစိုက်ဖြစ်လဲ။

ဓာတ်ဆားရေတိုက်တယ်။ သီးစုံလေးသောက်ဖြစ်တယ်။ မရိုက်ရတဲ့အချိန်ဆို အရိပ်အောက်မှာပဲနေတယ်။ အ၀တ်အစားဆိုလဲပေါ့ပေါ့ပါးပါး ချည်ထည်လေးတွေလုပ်ဖြစ်တယ်။

-ဒါပြီးရင်ရော ဘာတွေလက်ခံထားတာရှိမလဲ။

မေမြို့နှစ်ကားတက်မယ်။ နေမင်းနဲ့ပါ။ ဗီဒီယိုပါပဲ။

-ဆံပင်ကျတော့ရော ထပ်ပြောင်းဖို့ရှိသေးလား။

အခုဒီကားထဲမှာက နည်းနည်းခပ်လန်းလန်းဆိုတော့ ဆေးလဲ မဆိုးချင်တာနဲ့ဆေးမှုတ်ပြီး ရိုက်ထားတာပါ။ ၀တ်ထားတာကလဲကြည့်ဦး။ အသက်က သုံးဆယ်ဝတ်တာက ဆယ့်ရှစ်နှစ်ဖြစ်နေတယ်။ ကိုယ့်ကိုကိုယ်လဲသိတယ်။ ဒါရိုက်တာကလဲခပ်ဟော့ဟော့လေး လိုချင်တယ်။ ဒီဖက်ခေတ်လူငယ်အထာပေါ့လေ။ အသက်ကကြီးနေပါပြီ။ မ၀တ်ချင်ပါဘူးဆို မရဘူး။ အဲ့ဒါကြောင့်ဝတ်လိုက်ရတယ်။ ဆံပင်ထုံးရတာခက်လို့အခုတော့ ဆံပင်ရှည်ပဲပြန်ထားနေပါတယ်။

-အသက်က သုံးဆယ်ကြည့်ရတာ သုံးဆယ်လို့မထင်ရဘူးလို့ပြောကြတဲ့ပရိသတ်တွေလဲရှိနေပြန်သေးတယ်နော်။

အေးမြတ်သူ Gym ဆော့တယ်။ စိတ်ဆင်းရဲမခံဘူး။ စိတ်ချမ်းသာအောင်နေတယ်။ ကိုယ်လိုချင်စိတ် အတ္တနည်းနည်းလျှော့လိုက်တယ်။ အပူမများအောင်နေတယ်။ စိတ်ကိုအေးအေးချမ်းချမ်းလေးပဲ ထားတယ်။ အားကစားလုပ်တာကအဲ့ဒါကြောင့်ပေါ့။ လူကို လန်းဆန်းစေတယ်။ တက်ကြွစေတယ်။ လေးလံ ထိုင်းမှိုင်းမနေဘူး။ အဲ့ဒီတစ်ခုက အားကစားလုပ်တဲ့သူတွေအတွက် အရမ်းအဆင်ပြေတယ်။ အဲ့ဒါကြောင့်ပါ။

-အမြဲတမ်းတွေ့လိုက်ရင်ရယ်မောနေတာပဲ။ စိတ်ညစ်နေတာမျိုးတစ်ခါမှမတွေ့ရဘူး။ အဲ့ဒါကရော ဘာကြောင့်များလဲ။

လူတိုင်းမှာတော့ အပူရှိတယ်။ စိတ်ညစ်စရာရှိတယ်။ ဒါပေမဲ့ကဏ္ဍခွဲထားတယ်။ အိမ်ကစိတ်ညစ်စရာကိုအလုပ်ကို မသယ်ဘူး။ အလုပ်က စိတ်ညစ်စရာကိုလဲ အိမ်ကိုမသယ်ဘူး။ အေးမြတ်သူကတော့ ကဏ္ဍခွဲထားတယ်။ ထားသင့်တဲ့နေရာထားတယ်။ ယူသင့်တဲ့နေရာယူတယ်။

-သံယောဇဉ်တွယ်တတ်တဲ့သူထဲမှာပါလား။

အေးမြတ်သူကိုယ့်ကိုကိုယ် ချစ်တတ်တယ်။ အမှန်အတိုင်းပြောရရင် အတ္တနည်းနည်းကြီးတယ်။ ကိုယ့်ကိုကိုယ်ချစ်တယ်။ သူများကို သိပ်မချစ်တတ်ဘူး။ ကိုယ့်ကိုကိုယ်ပဲချစ်တတ်တယ်။ ကိုယ့်ကိုကိုယ်လှအောင်နေဖို့ပဲအမြဲတွေးဖြစ်တယ်။ အတ္တကြီးတဲ့အထဲမှာပါတယ်လို့ဝန်ခံချင်ပါတယ်။

-အချစ်ရေးကရော ပရိသတ်စိတ်ဝင်စားစရာကောင်းနေပြီလား။

ကိုယ့်ကိုကိုယ်ပိုချစ်တဲ့အတွက် အချစ်ရေးကတော့ စကားဆုံးသွားပါပြီ။ အသက်သုံးဆယ်ဆိုတော့ ပြောရရင်စိတ်ကူးလဲ မယဉ်တတ်တော့ဘူး။ ကိုယ့်ကိုကိုယ်လဲပိုချစ်တယ်။ ဘ၀အတွက်ကို ပိုဦးစားပေးရမဲ့အချိန်ဖြစ်တဲ့အတွက် အချစ်ရေးပြောဖို့နှုတ်မရဲတော့ပါဘူး။ ကိုယ့်အနာဂတ် ဘယ်လိုကောင်းအောင်လုပ်မယ် ဆိုတဲ့အတွေးမျိုးကိုပဲ ခေါင်းထဲပိုထည့်ထားဖြစ်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top