iMyanmarHouse.com - Best Property Website for Myanmar
×


သားအိမ်ထဲတွင် ရေအိတ်ငယ်များ ထွက်ပေါ်သောရောဂါ (Poly-cystic Ovary Syndrome)သည် အံ့သြစရာကောင်းလောက်အောင် အဖြစ်များသော ရောဂါဖြစ်ပြီး အမေရိကန်နိုင်ငံသူများ၏ ၁၀ ရာခိုင် နှုန်း ယင်းအခြေအနေနှင့်ကြုံတွေ့နေရသည်။

သို့သော် ယင်းရောဂါဖြစ်ပွားသည့်အကြောင်းရင်းကို ပညာရှင် များ အတိအကျမသိဖြစ်နေပြီး ယင်းရောဂါရှိသော အမျိုးသမီးများ၏၅၀ ရာခိုင်နှုန်းသည် ၎င်းတို့တွင် ရောဂါရှိကြောင်း မသိကြပေ။ ယင်း PCOS ရောဂါကြောင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ကြုံ တွေ့နိုင်ပြီး မှန်ကန်သော ကုသမှုခံယူရန် လိုသည်။

အမျိုးသမီးတစ်ဦး၏သားအိမ်သည် သာမန်အားဖြင့် Androgen ဟုခေါ်သော ဖိုဟော်မုန်းအချို့ ထုတ်လုပ်သော်လည်း PCOS ရောဂါရှိသော အမျိုးသမီးများ၏သားအိမ်က ဖိုဟော်မုန်းများ အလွန်များ ပြားစွာ ထုတ်လုပ်သည်။ ယင်းကြောင့် ဓမ္မတာလာချိန် မမှန်ခြင်း၊ ဓမ္မတာမလာခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ခန္ဓာကိုယ်တွင် အမွေးအမှင်များ ထူထဲခြင်းနှင့် ကိုယ်အလေးချိန်များလာခြင်း၊ ဝက်ခြံထွက်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
သားအိမ်ထဲရှိ ရေအိတ်ငယ်များ ကိုယ်တိုင်က ဖိုဟော်မုန်းများ ထုတ်လုပ်ပြီး PCOS ရောဂါကြောင့် အမျိုးသမီးများ ကိုယ်ဝန်မဆောင်နိုင်ဖြစ်တတ်သည်။

အမျိုးသမီးများစွာသည် ၎င်းတို့တွင် PCOS ရောဂါရှိနေကြောင်းသတိမထားမိဘဲ ကိုယ်ဝန်ဆောင်ရန် ကြိုးစားချိန်ကျမှသာ ရောဂါ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလေ့ရှိသည်။

သို့သော် PCOS ရောဂါရှင် အမျိုးသမီးအများစုတွင် ကျန်းမာ သန်စွမ်းသော မျိုးဥများထုတ်လုပ်ဆဲဖြစ်သော်လည်း ရေအိတ်ငယ် များကြောင့် ကိုယ်ဝန်ဆောင်နိုင်ခြင်းမရှိပေ။
အင်ဆူလင်ကို ခန္ဓာကိုယ်က ကောင်းစွာ အသုံးမချနိုင်ခြင်း ကြောင့်လည်း PCOS ရောဂါဖြစ်လာနိုင်ပြီး PCOS ရောဂါရှင် အမျိုး သမီး အများအပြားသည် ဆီးချိုရောဂါ ကနဦးလက္ခဏာများ ပြသ လေ့ရှိသည်။

Credit :7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top