iMyanmarHouse.com - Best Property Website for Myanmar
×

ပဋိသန္ဓေကိုယ်ဝန်တည်ချိန်အစောပိုင်းကာလ ဒါမှမဟုတ် ပထမ ၃ လဟာ သန္ဓေသားလောင်းဖွံ့ဖြိုးဆဲကာလဖြစ်တဲ့အတွက် သန္ဓေသားပျက်ကျနိုင်တဲ့ ကာလဖြစ်တာမို့ကိုယ်ဝန်ပျက်ကျမှာကို မိခင်များစိုးရိမ်ပူပန်ကြပါတယ်။ ကျန်းမာစွာကိုယ်ဝန် ဆောင်ဖို့အတွက် တချို့တားမြစ်ချက်များကို ကြိုတင်ရှောင်ကြဉ်ခဲ့သော်လည်း ကိုယ်ဝန်ပျက်ကျဖွယ်ရာ အလားအလာများ ကတော့ ရှိနေဆဲပင်ဖြစ်ပါတယ်။ ဒါကြောင်း စိုးရိမ်စရာများဖြစ်လာပါက ကြိုတင်ကာကွယ်နိုင်အောင် ကိုယ်ဝန်ပျက်ကျဖွယ် ရာ ရှေ့ပြေးလက္ခဏာများကို မိခင်များသိရှိနားလည်ထားဖို့လိုပါတယ်။ အောက်ပါတို့မှာ ကိုယ်ဝန်ပျက်ကျဖွယ်ရာ ရှေ့ပြေး လက္ခဏာများဖြစ်တယ်။

သွေးယိုစီးကျခြင်း

ကိုယ်ဝန်ဆောင်အချိန်အစောပိုင်းကာလမှာ သွေယိုးစီးကျခြင်းကိုတွေ့ကြုံခံစားရပါက ဖြစ်ရတဲ့အကြောင်းတရားကို အလုံးစုံ သိရှိရန် ဆရာဝန်နှင့်ချက်ချင်းဆက်သွယ်ပြသပါ။ ပုံမှန်အားဖြင့် ကိုယ်ဝန်ပျက်ကျခြင်းဟာ သွေယိုစီးကျခြင်းနှင့်အစပြုပေမဲ့ လည်း သွေးယိုစီးကျတိုင်းလည်း ကိုယ်ဝန်ပျက်ကျခြင်းမဟုတ်ပါ။

နာကျင်ကိုက်ခဲခြင်း

ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်များဟာ ဗိုက်နာကျင်ကိုက်ခဲမှုကို မခံစားရပါ။ ဒါကြောင့်မို့ တင်ပါးဆုံရိုး၊ ကျောဘက်နှင့် ဝမ်းဗိုက်နာကျင်ကိုက်ခဲခြင်းများ ဒါမှမဟုတ် နာမကျန်းမှုများ ဒါမှမဟုတ် ရာသီသွေးကျချိန် နာကျင်မှု များကဲသို့ ပုံမှန်မဟုတ်တဲ့နာကျင်မှုများခံစားရပါက သတိဝိရိယရှိဖို့လိုအပ်ပါတယ်။

သန္ဓေသား မလှုပ်ရှားခြင်း

ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းကာလမှာ သန္ဓေသားဟာ သိသိသာသာလှုပ်ရှားနေတာကို သတိပြုမိမှာဖြစ်ပါတယ်။ သန္ဓေသားလှုပ်ရှားမှု နည်းပါးလာတယ်လို့ခံစားရပါက ဒါမှမဟုတ် အချိန်အကြာကြီးတိတ်ဆိတ်ငြိမ်သက်နေတယ်လို့ခံစား ရပါက ဖြစ်ကြောင်းစုံလင်သိရှိရန်အတွက် ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားပြပါ။

ရုတ်တရက် နှလုံးမအီမသာ မခံစားရခြင်း

ကိုယ်ဝန်ဆောင်ချိန်အစောပိုင်းကာလအတွင်း နှလုံးမအီမသာခြင်း၊ အော့အန်ခြင်း၊ ရင်သားတောင့်တင်းခြင်း စတဲ့လက္ခဏာ ရပ်တွေခံစားရမှာဖြစ်ပြီး ပဋိသန္ဓေ ကိုယ်ဝန်ဆောင်ချိန် ပထမ ဒါမှမဟုတ် ဒုတိယ ၃ လ ပိုင်းမှာ ရုတ်တရက်ရပ်တန့်ပြီး အထက်မှာဖော်ပြထားသလို ဖြစ်ပေါ်လာပါက ပြဿနာတစ်ခု ရှိကောင်းရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းစုံသိရှိဖို့ ပိုမိုလေ့လာစစ်ဆေးကြည့်ဖို့အတွက် ဆရာဝန်နှင့်ချက်ချင်းဆက်သွယ်ပြသပါ။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top