iMyanmarHouse.com - Best Property Website for Myanmar
×

 ယောက်ျားတစ်ယောက် အနေနဲ့ ဒီခေတ်ဒီ အခါမှာ ဆော်ကြွေအောင် နေနည်းတွေ အများကြီးရှိပါသေး
တယ်။ ပြောနေကြတာက ငွေက အ ဓိကဆိုပေမယ့် တကယ်လို့ ငွေတစ်ခုတည်းကြည့်တက်တဲ့ မိန်းမ မျိုးဆိုရင်တော့ မကြည်ရင်နေပါစေ ဝေးဝေးသာရှောင်ပေတော့။ အောက်ပါ အချက် ၁၀ ချက် ကို အကျိုးရှိရှိ အသုံးချပြီး ဆော်တွေ သဲသဲ လှုပ်အောင် လုပ်လို်က်ပါ။

၁၀။ ခန္ဒာကိုယ် က အမွေးအပိုများ ကို ညှပ်ပေး ရိတ်ပေးပါ ယောက်ျားလေး တော်တော်များများ က ကိုယ်အမွေးများ ကို မရိတ်ပဲထားကြပါတယ်။ တစ်ချို့က ရိတ်စရာမလိုဘူးထင်ကြပါတယ်။ မိန်းမတွေ ဂျိုင်းမွေး မရိတ်ရင် ယောက်ျားတွေ မကြိုက်ကြသလို ယောက်ျားလေး တွေ မှာ အမွေးတွေ မြောက်တစ်ကောင်လို ပေါက်နေရင်လည်း မိန်းမတွေ တော်တော်များများ က မကြိုက်ကြပါဘူး။ ဒီတော့ သေချာအောင် ယောက်ျားလေးများ က ရင်ဘတ်နဲ့ ကျောဘက်မှအမွေးများ ရှိပါကအပြောင်ရိတ်ကာ ဂျိုင်းမွေး နဲ့ အလယ်ပိုင်းက တောကို တော့ အပြောင်မဟုတ်ရင်တောင် ခပ်တိုတို ရိတ်ထားပါ။ အလယ်ပိုင်း တောအုပ်ကို ရှင်းထားခြင်းဖြင့် သင့်ငယ်ပါ ကို တကယ်ရှိသည် ထက်ပိုမိုကြီး သည်ဟုလည်း မြင်နိုင်စေပါတယ်။ မယုံရင် စမ်းကြည့်ပါ။

၉။ ဂရုမစိုက်တက်သောမျက်နှာမျိုးထားပါ။ ဆော်ချောချောလေးတွေ လူ့ဂွစာ တွေ နဲ့တွဲနေတာ တွေ့ဖူးမှာပါ။ မိန်းမတွေက လူလိမ္မာ ထက် ဂျစ်ကန်ကန် လူတွေ ကိုတော်တော်ကြွေပါတယ်။ ဘာကြောင့်လဲဆိုတွေက မိန်းမတွေက သူတို့ကို အချိန်ပြည့် ဂရုစိုက် နေတဲ့ လူလိမ္မာတွေ ကို လိုတိုင်းရနေ တဲ့ အတွက် တန်ဖိုးမထားတက်ပဲ သူတို့ကို သိပ်ဂရု မစိုက်တက်တဲ့ သိပ်အချိန်မပေးနိုင်တဲ့ လူမို်က်လေးတွေကိုရွေးချယ်တက်ကြပါတယ်။ လူမိုက်လုပ်ဖို့တော့ အကြံပြုတာမဟုတ်ပါဘူး။ လူလိမ္မာပုံ သိပ်မဖမ်းဖို့ ရယ် နဲ့ သိပ် ပြီး သိတတ်ပြီး လိုက်ကောင်းပြမနေဖို့ရယ်နဲ့ သိပ်ကြွေမပြနေဖို့ ပဲ တိုက်တွန်းပါတယ်။

၈။ အာပုတ်နံ့ မရှိပါစေနဲ့။ တခြားလူ တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့ အချိန် အဲသည်လူပါးစပ်ကနေ အာပုတ်နံ့ ကို ရဖူးပြီး ကိုယ်က အားနာနာ နဲ့ အောင့်အီး လိုက်တာ လူတိုင်းလိုလို ကြုံတွေ့ဖူးမှာပါ။ ဒါကို ကိုယ့်ကြောင်နေတဲ့ဆော် ကရတယ် ဆိုရင်ဘယ်လိုနေမလဲ။ ကိုယ်နံနေတာကို ကိုယ်ကတော့ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။ အဓိကအနံ့ ထွက်တာက သွားကမဟုတ် လျှာကနေထွက်တာပါ။ တကယ်တမ်း ကိုယ်အနံ့ ရှိမရှိ စမ်းချင်တယ် ဆိုရင် လက်ဖမိုးကို ရှာနဲ့ လျှက်. အခြောက်နဲနဲခံပြီး နမ်းကြည့်လိုက်ပါ။ အဲဒီ အနံ့က ကိုယ်စကားပြောလို့ ထွက်လာတဲ့အနံ့ပါ။ အာပုတ်နံ့ကို မထွက်အောင် အတွက် ပီကေဝါးခြင်း၊ သွားတိုက်လျှင် လျှာကို သေသေချာချာတိုက်ခြင်း၊ လူတစ်ဖက်သာ နှစ်ခောင်းနှင့် ဝေးရာ လေလမ်းကြောင်းလွှဲကာစကား ပြောခြင်းဖြင့် ကာကွယ်နို်င်ပါတယ်။

၇။ ခွာမြင့်သော ဖိနပ်ကိုစီးပါ။ မိန်းမများက သူတို့ထက် အရပ်ရှည်သောလူကို ပိုမိုစိတ်ဝင်စားကြပါတယ်။ ဒီတော့ အရပ်ရှည်လေ ဆွဲဆောက်မှုအားကောင်းလေလေပါပဲ။ နဂိုက အရပ်မရှည်ဘူးဆိုရင် တော့ အရပ်ရှည်စေမယ့် ဖိနပ်အမြင့်ကိုစီးသင့်ပါတယ်။ အနည်းဆုံးတော့ လက်မ၀က်လောက် အသာလေးရှည်လာမှာပါ။

၆။ မတ်မတ်ရပ်ပါ။ ကျန်းမာသန်စွမ်းတဲ့ ယောကျာ်းတွေ ကို သင်ဘယ်တုန်းက ခါးကုန်းကုန်းနဲ့သွားနေတာတွေ့ဖူးပါသလဲ။ အားနည်းပြီး အရမ်းထိခိုက်လွယ်နေပုံပေါက်တဲ့ ယောက်ျားတွေကို ဘယ်မိန်းမကမှ စိတ်မ၀င်စားပါဘူး။ ခပ်မတ်မတ် ရပ်တက်တဲ့ အခါ စတိုင်ပိုမိ ၊ ယောက်ျားပိုဆန်၊ အရပ်ပိုရှည်တဲ့ပုံပေါက် ကာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ပုံထွက်နေလို့ မိန်းမတွေကို ဆွဲဆောက်မှုအားလည်းကောင်းလာပါတယ်။

၅။ မေးရိုးကားကား ထားပေးပါ။ မေးရိုးသွယ်ပြီး မိန်းမပုံပောက်နေတဲ့ ယောက်ျားကို ကြိုက်တဲ့ မိန်းမ တော်တော်ရှားပါတယ်။ အကယ်၍ သင့်မှာ မေးသွယ်နေတယ်ဆိုရင် ပသိုင်းမွေး နည်းနည်းနဲ့ ဖုန်းထားလိုက်ရင် မေးကားနေတဲ့ပုံပေါက်စေပြီး ဆွဲဆောင်မှုအားကောင်းလာမှာပါ။

၎။ မျက်နှာနှစ်ဖက်ညီအောင် ညှိပေးပါ။ လူတိုင်းကမွေး ကထဲကမျက်နှာ တစ်ဖက်နဲ့တစ်ဖက် မညီပါဘူး။ မိန်းမတွေ အတွက် မျက်နှာ နှစ် ဖက် အနီးစက်ဆုံး ညီတဲ့ ယောက်ျားက အင်မတန်မှ ဆွဲဆောင်မှုရှိပါတယ်။ သင့်မျက်နှာနှစ်ဖက် သိပ်မညီဘူးဆိုရင်စိတ်မပျက်ပါနဲ့။ ပသိုင်းမွေး နဲ့ မုတ်ဆိတ်မွေးကို ထားကာ လိုသလိုပုံသွင်း ပြီး မျက်နှာ ညီနေတဲ့ပုံပောက်အောင် လုပ်ထားလို့ရပါတယ်။

၃။ V ပုံစံ ခန္ဒာကိုယ် ကို အဝတ်အစားတွေနဲ့ဖန်တီးပါ။ ခါးထက် ရင်ဘတ်ကြီးတဲ့ V ပုံစံ ခန္ဒာကိုယ်မျိုးကို လေ့ကျင့်ခန်းလုပ်တဲ့ သန်စွမ်းတဲ့ ယောက်ျားများမှာ အတွေ့များပါပြီး မိန်းမများ အတော် ဆွဲဆောင်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ် ဒိုက်ထိုးပြီး V ပုံခန္ဒာကိုယ် ကိုလုပ်ယူသင့်ပါတယ်။ ဒါမှမဟုတ် ပခုံး ဖော့ထည့်ထား တဲ့ ကုတ် ကိုဝတ်ပြီး V ပုံစံဖန်တီးလို့ရပါတယ်။

၂။ ချွေးနုံ့ မရှိပါစေနဲ့။ ရေမွေး မမှောက်ကျပါစေနဲ့။ အဓိက ကတော့ ချွေးနံ့ တထောင်းထောင်းထနေတဲ့ အချိန်ကိုယ့် ကို ကို်ယ်တောင် မှ နှာခေါင်းရှုံ့ချင်ကြပါတယ်။ သူများတကာ နံတယ်ဆို လို့ကတော့ ထွက်ပါပြေးချင်မှာပါ။ အဓိက ဂရုစိုက်ရမှာ က ချိုင်းချွေး နံ့ပါ။ ချိုင်းနံ့ ပျောက်အမွေးခဲ အမွေးရည်တွေ ကို အမြဲတမ်းသုံးသင့် ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ် ၊ လှုပ်လှုပ်ရှားရှားနေပြီး ချွေးထွက်ပြီးပြီ ဆိုလဲ အ၀တ်အစားလဲ သင့်ပါတယ်။ နောက်တစ်ခုက ချွေးနံ့ကင်းအောင် ရေမွှေး တအားသုံးခြင်းပါ။ ရေမွှေးကို အနုံ့သင်းရုံသာ ဆွတ်ခြင်းက ဆွဲဆောင်မှုရှိပေမယ့် အလွန်အကျွှံ ဆွတ်ထားရင်တော့ နှာခောင်းရှုံ့စရာဖြစ်လာမှာပါ။

၁။ လေ့ကျင့်ခန်းလုပ်ပါ။ သင့်ကိုယ် သင် ဆော်ကြည်ဘဲ တစ်ယောကဖြစ်ချင်တယ်ဆို ရင် ကျန်းမာ ဖြတ်လတ်တဲ့ ခန္ဒာကိုယ် တစ်ခုကို ပိုင်ဆိုင်ထားရမှာဖြစ်ပါတယ်။ ဘယ်ဆော်လန်းလန်းကမှ ကိုယ့်ကိုယ် ကို တောင်ဂရုမစိုက်နိုင်တဲ့ ပုံပျက်နေတဲူ ငပြင်း ကို မကြိုက်ပါ။ အသာစံဖို့ အတွက် ကတော့ သင် လေ့ကျင့်ခန်းများများလုပ် ကျန်းမာစေတဲ့ အစားများကို ပုံမှန်စာပြီး အနာခံရပါမယ်။ အလေးတအားမပြီး ကာယ ဗလဝင်ပြိုင်မဲ့ ပုံပေါက်နေရင်လဲ ဆော်တွေ မကြိုက်ပါဘူး။ ဒီတော့ ပုံမှန်တောင့်တောင့်တင်းတင်း ပုံလောက်ဆိုရပါပြီ။

Credit:GentleMan

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top