iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ရင္ဘတ္ေအာင့္တာမေပ်ာက္ရင္

ခါတိုင္းေအာင့္ ေနၾက ပံုစံ မဟုတ္ဘဲ ရင္ဘတ္ေအာင့္ ေနၿပီး စကၠန္႔ အနည္းငယ္ အတြင္း သက္သာ သြားခဲ့ရင္ ႏွလံုး ေရာဂါေၾကာင့္ ရင္ဘတ္ ေအာင့္တာ မဟုတ္ပါဘူး။

ဒါဟာ အစာအိမ္မွ အက္ဆစ္ေတြ အစာမ်ိဳျပြန္ကိို ဆန္တက္တာေၾကာင့္ ရင္ပူတာပါ။ ရင္ဘတ္ ေအာင့္တာ တျဖည္းျဖည္း ပိုဆိုးလာၿပီး အနည္းဆံုး မိနစ္ အနည္းငယ္ခန္႔ထိ မေပ်ာက္မွသာ ႏွလံုးေရာဂါ အတြက္ စိုးရိမ္ရမွာပါ။

၂။ အသက္႐ႈမဝရင္

လူအမ်ားစုမွာ အသက္ရွဴ မဝတာဟာ စိတ္ဖိစီးမႈ မ်ားတာေၾကာင့္ ျဖစ္တာပါ။ အသက္ရွဴလို႔ မရတဲ့ ခံစားမႈမ်ိဳးဟာ Hyperventilation ေၾကာင့္ ျဖစ္ၿပီး ေသြးထဲမွာ ကာဗြန္ဒိုင္ ေအာက္ဆိုဒ္ေတြ နည္းသြား ပါတယ္။ Treadmill စက္မွာ လမ္းေလွ်ာက္ ႏိုင္ၿပီး လမ္းေလွ်ာက္ အၿပီး အေျခအေန ပိုမဆိုးရင္ မစိုးရိမ္ ရပါဘူး။ လူနာဟာ ဒီေန႔မွာ ေနေကာင္းေနၿပီး ေနာက္တစ္ေန႔မွာ ေလွကားတက္ရင္ ေလွကားထစ္ေတြမွာ နားၿပီး အသက္ဝေအာင္ ရွဴၿပီးမွ ေလွကား ထစ္ေတြ တက္လို႔ရတယ္ဆိုရင္ စိုးရိမ္စရာ အေျခအေနပါ။

၃။ တစ္ခါမွမခံစားရဖူးေသာခႏၶာကိုယ္အထက္ပိုင္းနာက်င္ရင္

တစ္ခါတစ္ရံ ႏွလံုး တိုက္ခိုက္ ခံရတာဟာ ရင္ဘတ္ေအာင့္တဲ့ လကၡဏာ မျပတတ္ ပါဘူး။ ေရွးဦးစြာ ေမး႐ိုး မွာနာတာ၊ တံေတာင္ဆစ္မွာ နာတာ၊ ဒါမွမဟုတ္ သြားနာတာေတြ အေနနဲ႔ လကၡဏာ ျပတတ္ပါတယ္။ ဒါဟာ ႏွလံုးေသြးေၾကာ ပိတ္တာေၾကာင့္ နာက်င္တာ ျဖစ္ၿပီး အာ႐ံုေၾကာမွ တစ္ဆင့္ ဘယ္ဘက္လက္ ဒါမွမဟုတ္ ေမး႐ိုးကို နာက်င္တာေတြ ေရာက္သြား တာပါ။ ဒီလို တစ္ခါမွ မခံစားရဖူးတဲ့ နာက်င္မႈ အသစ္ေတြ ခံစားရရင္ လ်စ္လ်ဳ႐ႈ မထားပါနဲ႔။

ခြဲျခားႏိုင္ေသာနည္းလမ္းႏွစ္ခု

ေအာက္ပါတို႔မွာ သင္ခံစား ေနရတဲ့ ေဝဒနာကို လ်စ္လ်ဴ႐ႈသင့္သလား ဒါမွမဟုတ္ ဆရာဝန္ကို ပင့္ရမလား ဆိုတာကို ခြဲျခားႏိုင္တဲ့ နည္းလမ္း ႏွစ္ခုပါ။

၁။ ေလ့က်င့္ခန္းမွန္မွန္လုပ္ပါ။

ႏွလံုးသန္မာဖို႔ ေလ့က်င့္ခန္း မွန္မွန္ လုပ္ေနရင္ ေကာင္းတဲ့ နာက်င္တာနဲ႔ မေကာင္းတဲ့ နာက်င္တာ ေတြကို သင္ခြဲျခား သိရွိ ႏိုင္ပါတယ္။ လႈပ္လႈပ္ရွားရွား လုပ္ေနရင္းနဲ႔ ခံစားရတဲ့ ေဝဒနာ ပိုဆိုးလာရင္ ဆရာ၀န္ ပင့္သင့္ပါတယ္။

၂။ သင့္မွာရွိေသာျဖစ္ႏိုင္ေခ်မ်ားကိုေလ့လာပါ။

သင့္မိဘေတြဟာ အသက္၉၀ အရြယ္ထိ အသက္ရွင္ေနၿပီး သင့္ရဲ႕ေသြးတြင္း ကိုလက္စထေရာ အဆင့္ဟာ ပံုမွန္ျဖစ္ေနရင္ တံေတာင္ဆစ္မွာ နာေနတာဟာ တင္းနစ္ကစား တာေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ သင္ခံစားရတဲ့ ေဝဒနာဟာ ႏွလံုး ေရာဂါမွန္း မေသခ်ာရင္ ဆရာဝန္နဲ႔ ျပဖို႔ အၿမဲ သတိရပါ။

Credit: ThitHtooLwin



ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၁။ ရင်ဘတ်အောင့်တာမပျောက်ရင်

ခါတိုင်းအောင့် နေကြ ပုံစံ မဟုတ်ဘဲ ရင်ဘတ်အောင့် နေပြီး စက္ကန့် အနည်းငယ် အတွင်း သက်သာ သွားခဲ့ရင် နှလုံး ရောဂါကြောင့် ရင်ဘတ် အောင့်တာ မဟုတ်ပါဘူး။

ဒါဟာ အစာအိမ်မှ အက်ဆစ်တွေ အစာမျိုပြွန်ကို ဆန်တက်တာကြောင့် ရင်ပူတာပါ။ ရင်ဘတ် အောင့်တာ တဖြည်းဖြည်း ပိုဆိုးလာပြီး အနည်းဆုံး မိနစ် အနည်းငယ်ခန့်ထိ မပျောက်မှသာ နှလုံးရောဂါ အတွက် စိုးရိမ်ရမှာပါ။

၂။ အသက်ရှုမဝရင်

လူအများစုမှာ အသက်ရှူ မဝတာဟာ စိတ်ဖိစီးမှု များတာကြောင့် ဖြစ်တာပါ။ အသက်ရှူလို့ မရတဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့် ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ နည်းသွား ပါတယ်။ Treadmill စက်မှာ လမ်းလျှောက် နိုင်ပြီး လမ်းလျှောက် အပြီး အခြေအနေ ပိုမဆိုးရင် မစိုးရိမ် ရပါဘူး။ လူနာဟာ ဒီနေ့မှာ နေကောင်းနေပြီး နောက်တစ်နေ့မှာ လှေကားတက်ရင် လှေကားထစ်တွေမှာ နားပြီး အသက်ဝအောင် ရှူပြီးမှ လှေကား ထစ်တွေ တက်လို့ရတယ်ဆိုရင် စိုးရိမ်စရာ အခြေအနေပါ။

၃။ တစ်ခါမှမခံစားရဖူးသောခန္ဓာကိုယ်အထက်ပိုင်းနာကျင်ရင်

တစ်ခါတစ်ရံ နှလုံး တိုက်ခိုက် ခံရတာဟာ ရင်ဘတ်အောင့်တဲ့ လက္ခဏာ မပြတတ် ပါဘူး။ ရှေးဦးစွာ မေးရိုး မှာနာတာ၊ တံတောင်ဆစ်မှာ နာတာ၊ ဒါမှမဟုတ် သွားနာတာတွေ အနေနဲ့ လက္ခဏာ ပြတတ်ပါတယ်။ ဒါဟာ နှလုံးသွေးကြော ပိတ်တာကြောင့် နာကျင်တာ ဖြစ်ပြီး အာရုံကြောမှ တစ်ဆင့် ဘယ်ဘက်လက် ဒါမှမဟုတ် မေးရိုးကို နာကျင်တာတွေ ရောက်သွား တာပါ။ ဒီလို တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှု အသစ်တွေ ခံစားရရင် လျစ်လျုရှု မထားပါနဲ့။

ခွဲခြားနိုင်သောနည်းလမ်းနှစ်ခု

အောက်ပါတို့မှာ သင်ခံစား နေရတဲ့ ဝေဒနာကို လျစ်လျူရှုသင့်သလား ဒါမှမဟုတ် ဆရာဝန်ကို ပင့်ရမလား ဆိုတာကို ခွဲခြားနိုင်တဲ့ နည်းလမ်း နှစ်ခုပါ။

၁။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

နှလုံးသန်မာဖို့ လေ့ကျင့်ခန်း မှန်မှန် လုပ်နေရင် ကောင်းတဲ့ နာကျင်တာနဲ့ မကောင်းတဲ့ နာကျင်တာ တွေကို သင်ခွဲခြား သိရှိ နိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား လုပ်နေရင်းနဲ့ ခံစားရတဲ့ ဝေဒနာ ပိုဆိုးလာရင် ဆရာဝန် ပင့်သင့်ပါတယ်။

၂။ သင့်မှာရှိသောဖြစ်နိုင်ချေများကိုလေ့လာပါ။

သင့်မိဘတွေဟာ အသက်၉၀ အရွယ်ထိ အသက်ရှင်နေပြီး သင့်ရဲ့သွေးတွင်း ကိုလက်စထရော အဆင့်ဟာ ပုံမှန်ဖြစ်နေရင် တံတောင်ဆစ်မှာ နာနေတာဟာ တင်းနစ်ကစား တာကြောင့် ဖြစ်နိုင်ပါတယ်။ သင်ခံစားရတဲ့ ဝေဒနာဟာ နှလုံး ရောဂါမှန်း မသေချာရင် ဆရာဝန်နဲ့ ပြဖို့ အမြဲ သတိရပါ။

Credit: ThitHtooLwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top