iMyanmarHouse.com - Best Property Website for Myanmar
×

နေ့စဉ်နဲ့အမျှ အိပ်ရေးပျက်ခြင်း၊ အရက် အလွန်အကျွံသောက်မိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားများ မစားမိခြင်း စတာတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို နေ့စဉ် စိန်ခေါ်နေတဲ့ အရာတွေဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ ကျန်းမာရေးဟာ အစားအသောက်ပေါ်မှာ လည်း များစွာမူတည်လှပါတယ်။

အများအားဖြင့်တော့ အမျိုးသားအများစုဟာ နေ့စဉ်အားကစားလုပ်ဖို့၊ အိပ်ရေးဝဝ အိပ်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်စားသောက်ဖို့ မလုပ်နိုင်ကြပါဘူး။ အခုဖော်ပြမယ့် အသီး (၅) မျိုးက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်မယ့် အရာတွေဖြစ်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသားတွေ စားသင့်တဲ့ အသီး (၅) မျိုး ဖြစ်ပါတယ်။

၁။ ငှက်ပျောသီး

ငှက်ပျောသီးသီးမှာ အမျိုးသားတွေအတွက် အကျိုးပြုဓာတ်များစွာပါဝင်ပါတယ်။ ထုံးဓာတ်နဲ့ မဂ္ဂနီစီယမ်ဓာတ်ပါဝင်လို့ နှလုံးကျန်းမာရေးကောင်းစေတဲ့အပြင် အာရုံကြောလည်း ကောင်းမွန်စေပါတယ်။ သုတ်ပိုးအရည်အသွေးကိုလည်း ကောင်းမွန်စေပါတယ်။

၂။ သစ်ကြားသီး

သစ်ကြားသီးက အမျိုးသားတွေရဲ့ လိင်မှုကိစ္စစွမ်းဆောင်ရည် မြင့်တက်စေတယ်ဆိုတဲ့နေရာမှာ နာမည်ကြီး အစားအစာပါ။ သစ်ကြားသီးမှာ ငါးကြီးဆီဓာတ်လည်း ပါဝင်တာကြောင့် သွေးလည်ပတ်မှု ပိုကောင်းလာစေပါတယ်။ အမျိုးသားတွေ ထုတ်လွှတ်တဲ့ သုတ်ပိုးအရေအတွက်လည်း တိုးပွားလာစေပါတယ်။

၃။ ချဉ်သောအသီးများနှင့် ဘယ်ရီသီး

 အချဉ်ဓာတ်ပိုပြီး ပါဝင်တဲ့ အသီးတွေလည်း စားသင့်ါပတယ်။ ရှောက်သီး၊ သံပရာသီးတွေတင်မကပဲ နာနတ်သီ၊ ရှောက်ချိုသီး၊ လိမော်သီးတွေဟာ ဗီတင်မင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီအသီးတွေက ရတဲ့ အာဟာရဓာတ်တွေက ဓာတ်တိုးပစ္စည်းဖြစ်စေတဲ့ အန်တီအောက်ဆီဒန့်စ်ကို ဖြစ်စေပါတယ်။ ဒီလိုမှမဟုတ်ရင် ခန္ဒာကိုယ်ထဲမှာ ရှိနေနိုင်တဲ့ Oxidative Stress ကြောင့် အင်္ဂါအစိတ်အပိုင်းတွေရဲ့ အတွင်းထဲက လုပ်ဆောင်ပုံ ပျက်စီးစေပြီး သုတ်ပိုးထုတ်လုပ်နိုင်မှု လျော့ကျေစေပါတယ်။ စပျစ်သီးလည်း စားသင့်တယ်။

၎။ တလည်းသီး

ခန္ဓာကိုယ်ထဲမှာ သုတ်ပိုးထုတ်လွှတ်နိုင်မှုကို လျော့ကျစေတဲ့ ကလာပ်စည်းတစ်ချို့ ရှိပါတယ်။ တလည်းက အဲဒီကလာပ်စည်းတွေကို တိုက်ဖျက်ပေးပါတယ်။ အထူးသဖြင့် သုတ်ပိုး လျော့နည်းသူတွေ၊ တလည်းသီးဖျော်ရည် ခဏခဏ သောက်သင့်ပါတယ်။

၅။ စတော်ဘယ်ရီ

 စတော်ဘယ်ရီကိုတော့ ဘယ်မှာမဆို အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ စတော်ဘယ်ရီမှာ ဗီတာမင်စီအပြင် အမျိုးသားတွေအတွက်ထူးထူးခြားခြား ဓာတ်တစ်မျိုး ပါဝင်ပါသေးတယ်။

အဲဒီဓာတ်က လိင်မှုဆန္ဒစိတ်စွမ်းအင်ကို ပြင်းပြလာစေပြီး methylxanthines လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အတွက်သာမက စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကိုပါ စတော်ဘယ်ရီက ပေးစွမ်းနိုင်ပါတယ်။



Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top