iMyanmarHouse.com - Best Property Website for Myanmar
×

လူအများစုကတော့ သူတို့ရဲ့ အိမ် ထောင်ဖက် သို့မဟုတ် ချစ်သူဟာ ဘယ်လိုပုံစံမျိုး ဖြစ်မလဲလို့ တွေးပူတတ်ကြပါတယ်။ တစ်ကိုယ်တည်းသမားတွေကလည်း သူတို့ရဲ့ အနာဂတ်ချစ်သူက ဘယ်လိုပုံစံမျိုးလဲဆိုတာ အတွေးပွားတတ်ကြပါတယ်။

စစ်မှန်တဲ့ လက်တွဲဖော်ကို ဘယ်လိုရှာဖွေမလဲ ဒါမှမဟုတ် ဘယ်တော့ရှာတွေ့မလဲ ဆိုတာကိုတော့ မေ့နေတတ်ကြပါတယ်။ ချစ်သူသို့မဟုတ် အိမ်ထောင်ဖက်ဆိုတာ ရှာရလွယ်ပြီး ဘဝလက်တွဲဖော်စစ်ဆိုတာ တွေ့ခွင့်ရခဲလှပါတယ်။

ချစ်သူသို့မဟုတ်ရည်းစားနဲ့ လက်တွဲဖော်အကြား ကွာခြားချက်တွေများစွာ ရှိပါတယ်။

ချစ်သူ/ ရည်းစား -

ချစ်သူ၊ ရည်းစားဆိုတာ သူနဲ့ကိုယ့်အကြားကို အမြဲတမ်း နှိုင်းယှဉ်ကြည့်လေ့ရှိပါတယ်။ စိန်ခေါ်မှုတွေ၊ ရှုပ်ထွေးမှုတွေကို အမြဲရှိစေတတ်သူပါ။ နောက်ပြီး သင့်ကို အရာရာ သတိထားတတ်အောင် ပြုလုပ်နေလေ့ရှိပါတယ်။ သင်နဲ့သူ့အကြားမှာ အမြဲလိုလို တက်ရလေ့ရှိတဲ့ ပြဿနာက ယောက်ျား၊ မိန်းမဆိုပြီး gender မတူညီတဲ့ ပြသနာ ဖြစ်ပါတယ်။

ဘဝလက်တွဲဖော် -

ရဲဘော်ရဲဘက်တစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ကိုယ့်အတွက် အမြဲရှိနေတတ်သူ ဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး အခက်အခဲ မှန်သမျှကို အတူတူဖြေရှင်းပေးချင်တဲ့ စိတ်ရှိသူတွေပါ။ ဘာကိစ္စပဲဖြစ်ဖြစ်ယုံကြည်လို့ ရနိုင်သူတွေဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းဆိုတာနဲ့တင်မကဘဲ အပြန်အလှန် လေးစားမှုလည်း ရှိကြပါတယ်။ ဘာမှ ညှိနှိုင်းစရာမလိုပဲ တစ်ဦးမှာမရှိတဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို တစ်ဦးက ဖြည့်ဆည်းပြီးသား ဖြစ်နေတတ်ပါတယ်။ သာမန် ချစ်သူတွေအကြား ဆက်ဆံရေးက

    သူနဲ့ပတ်သတ်သမျှ နက်နက်နဲနဲ ခံစားပြမယ်။ တစ်ဦးနဲ့တစ်ဦး မလွတ်လပ်တဲ့ အနှောင်အတွယ်တွေနဲ့ သံယောဇဉ်ထားကြမယ်။ နှစ်ဦးအကြား ဆက်ဆံရေးက အမြဲ ကောင်းဖို့ မျှော်လင့်မယ်။
    အတိတ်က ဖြစ်ရပ်တွေကို မကြာခဏ ပြန်ခံစားမယ်။ သင်တို့မတွေခဲ့စဉ်က အချိန်တွေမှာလည်း ဘာဖြစ်ခဲ့လည်း သိချင်ကြမယ်။
    တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ နားလည်တယ်လို့ ထင်ထားကြမယ်။
    တစ်ဦးနဲ့တစ်ဦး အပေါ်ယံလောက်တူတာ ရှိကောင်းရှိမယ်။ ဒါကို နှစ်ယောက်ထပ်တူကျပြီး အကျင့်တွေအားလုံးတူမယ်လို့ ထင်ကြမယ်။ (အမှန်က စိတ်ခြင်းတူညီဖို့ လိုတာပါ)

    တစ်ဦးနဲ့ တစ်ဦး သူချစ်ရင် ငါ့စကား နားထောင်မှာပဲ။ ငါ့ကို ဂရုစိုက်မှာပဲ ဆိုတဲ့စိတ်မျိုး ထားတတ်ကြပါတယ်။
    အမြဲတမ်း သက်ဆုံးတိုင် အတူတူရှိချင်တယ်လို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မနက်ဖြန်အတွက်တောင်မှ ကြိုပြီး ကြိုးစားအားထုတ်ထားတာ မရှိခဲ့ဘူး

စတာတွေ ဖြစ်နေတတ်ပါတယ်။

စစ်မှန်တဲ့ ဘဝ လက်တွဲဖော် ဆက်ဆံရေးကတော့

    တစ်ယောက်နဲ့ တယောက်အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဆွဲဆောင်မှုရှိနေတတ်ကြတယ်။ ဆိုလိုတာက တစ်ဦးရဲ့ စိတ်ကို တစ်ဦး သဘောကျတာမျိုးပါ။

    တစ်ဦးနဲ့ တစ်ဦး မတူညီတဲ့ အသိဉာဏ်နဲ့ အတွေ့အကြုံတွေကို ဝေမျှရတာ သဘောကျနေတတ်ကြတယ်။ အပြန်အလှန် အတွေ့အကြုံ ဖလှယ်နေရာတာကို သဘောကျနေတတ်ကြပါတယ်။

    နှစ်ဦးကြားက ဆက်ဆံရေးဟာ ဖြစ်နိုင်ခြေအပေါ် အခြေခံပြီး ဦးနှောက်နဲ့ အမြဲဖြစ်သင့်တာကို ဆုံးဖြတ်တတ်ကြတယ်။

    နှစ်ဦးသား အတွေးအခေါ်၊ စိတ်ကူးစိတ်သန်း၊ ယုံကြည်မှုတွေ တူညီနေတတ်ကြတယ်။ မတူညီတာတွေရှိရင်လည်း အပြန်အလှန် လက်ခံကြတယ်။ ကိုယ်ဒါကြိုက်လို့ သူကြိုက်ရမယ်ဆိုတာမျိုး မတွေးကြပါဘူး။

    အပြန်အလှန် အမှတ်တရ ဖြစ်အောင် အမြဲလုပ်ပေးတတ်ကြတယ်။
    နှစ်ဦးသားရဲ့ ဆက်ဆံရေး ပန်းတိုင်ဟာ အမြဲအတူတူနေပြီး ငြိမ်းချမ်းတဲ့ မိသားစုဘဝ တည်ဆောက်မယ်ဆိုတာမျိုးကိုပဲ မတွေးထားကြပါဘူး။

စတဲ့ အချက်တွေဖြစ်ပါတယ်။



Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top