iMyanmarHouse.com - Best Property Website for Myanmar
×

သင်သဘောကျတဲ့ ယောက်ျားအမျိုးအစားရှိနေပြီး အဲဒီအတွက် ဘယ်တုန်းကမှ ချီတုံချတုံ မဖြစ်ခဲ့ဘူးဆိုရင်တော့ သင့်ရည်းစားတွေက တစ်ပုံစံတည်းဖြစ်ဖို့ အခွင့်အရေးများသွားပါပြီ။ ရည်းစားထားတိုင်း အဲဒီရည်းစားက နောက်ဆုံးမှာ သင့်အပေါ် ဆိုးရွားစွာ ဆက်ဆံတဲ့သူအဖြစ် ပြောင်းလဲသွားပြီဆိုရင် သင်အပြစ်တင်ရမယ့်သူက သင်ကိုယ်တိုင်ဖြစ်နေပါပြီ။ တူညီတဲ့ လုပ်ရပ်တွေကိုပဲ အကြိမ်ကြိမ်လုပ်နေပြီး မတူညီတဲ့ ရလဒ်တေါကို မျှော်လင့်နေမယ်ဆိုရင် ဒါဟာ ရူးနှမ်းမှု သက်သက်ဖြစ်သွားပါပြီ။

ဒီလိုဖြစ်ရပ်မျိုးတွေကနေ သင်လွတ်မြောက်ချင်တယ်ဆိုရင်တော့

၁။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ပါ

သင့်ကိုယ်သင် အရမ်းခက်ထန်နေရင် ကိုယ်ကိုကိုယ်တန်ဖိုးထားမှု မရှိတော့ဘဲ ဖြစ်သွားပါလိမ့်မယ်။ အဲဒီလို ဖြစ်လာတဲ့အခါ မကောင်းတဲ့ယောက်ျားတွေက သင့်ဆီကို အုံလိုက်ကျင်းလိုက်ေ၇ာက်လာကြလိမ့်မယ်။ အတိတ်က အမှားတွေကို မေ့ပျောက်နိုင်မှ အဲဒီလို အမှားတွေ ထပ်မကျူးလွန်ဘဲ ဘဝကို ရှေ့ဆက်နိုင်မှာပါ။

၂။ စိတ်ကို ဖွင့်ထားပါ

ယောက်ျားတစ်ယောက်ကို သင်တိုင်းတာတဲ့ မှတ်ကျောက်က အပေါ်ယံအမြင်ကိုသာ မူတည်နေတယ်ဆိုရင် ပြောင်းလဲပစ်လိုက်ပါတော့။ စိတ်နေစိတ်ထားကို အဓိကထားတဲ့ မှတ်ကျောက်မျိုးကို ပြောင်းလဲထားရှိလိုက်ရင် သင့်ကို စိတ်ဝင်စားနေတဲ့ ယောက်ျားတွေထဲမှာ ကောင်းမွန်တဲ့ ယောက်ျားတွေ အများကြီးထွက်လာနိုင်ပါတယ်။

၃။ ကိုယ့်ကိုကိုယ် နားလည်ပါ

ကိုယ့်ကိုကိုယ် မြင်အောင်ကြည့်ပြီး ဘာကြောင့် ဒီလို မှားယွင်းတဲ့ ရွေးချယ်မှုတွေကိုပဲ လုပ်နေရတယ်ဆိုတာ ရှာဖွေနိုင်မယ်ဆိုရင် ကိုယ့်အတွက် မှန်ကန်တဲ့သူတစ်ယောက်ကို ရွေးချယ်မိဖို့ အလားအလာအများကြီး ရှိသွားပါပြီ။

၎။ နောက်တစ်ကြိမ်မလုပ်မိခင် ကိုယ့်ကိုကိုယ် ဘရိတ်အုပ်ပါ

ကိုယ်ကြိုက်တဲ့ ယောက်ျားပုံစံရှိတဲ့သူကို ရွေးချယ်လိုက်တိုင်း ဘယ်တော့မှ ကိုယ့်အတွက် အချစ်ကံမကောင်းခဲ့ဘူးဆိုရင် နောက်ထပ် ရည်းစားမထားမိခင် အချိန်မီ ကိုယ့်ကိုကိုယ် ဘရိတ်အုပ်ပါ။ အရင်က လုပ်ခဲ့ဖူးတဲ့အမှားတွေရဲ့ အတွေ့အကြုံအရ ဒီတစ်ယောက်ကို ချစ်သင့် မချစ်သင့် သင်စဉ်းစားနိုင်မှာပါ။

၅။ သင် ရှာဖွေနေတဲ့ပုံစံ ပြောင်းလဲပါ။

ကိုယ်အမြဲသဘောကျမိတာက ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့ တည်တည်တံ့တံ့ပုံစံမျိုးဆိုရင် အဲဒီလိုပုံစံမျိုးမဟုတ်တဲ့သူကို ရှာဖွေကြည့်သင့်တယ် ထင်ပါတယ်။ သင်ကြိုက်တဲ့ပုံစံမျိုးရှိတဲ့ ယောက်ျားတိုင်းက ရည်းစားဖြစ်သင့်သူမဟုတ်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့်အတွက် ဘယ်တုန်းကမှ အဆင်မပြေလေတော့ သင့်အကြိုက်ကိုလည်း ပြောင်းသင့်ပြီလို့ ထင်ပါတယ်။



Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top