iMyanmarHouse.com - Best Property Website for Myanmar
×

(၁)မိမိတို့ Relationship ကိုအလေးအနက်တန်ဖိုးထားတတ်သူ

***တကယ်ချစ်တဲ့လူတွေက ရန်ဖြစ်ပြီးတာတို့ အချင်းများတို့ဖြစ်ပြီးတဲ့နောက် ထွက်သွားလေ့မရှိပါဘူး။
ဒေါသထွက်စရာတွေရှိလာခဲ့ရင်လည်း ဒေါသတွေကို ကိုယ့်ရဲ့ချစ်သူအပေါ်ကိုမသက်ရောက်စေပါဘူး။
သူတို့က သူတို့ Relationship က ဘယ်လောက်အရေးကြီးလဲဆိုတာ သူတို့အသိဆုံးဖြစ်ပါတယ်။
.
(၂)ပြသနာတွေကို ဘယ်တော့မှာရှောင်မသွားတတ်သူ

***အခက်အခဲတွေရှိလာခဲ့ရင်လည်း ရှောင်ဖယ်မသွားတတ်တဲ့လူတွေ ဖြစ်ပါတယ်။
သင်တို့ Relationship ကို အနှောင့်အယှက်ပေးတဲ့အရာတစ်ခုခုရှိရင်လည်း ဂရုတစိုက်ဖြေရှင်းတတ်သူတွေ ဖြစ်ပါတယ်။
ဘာပြဿနာပဲဖြစ်ဖြစ် သင့်ကြောင့်လို့ မယူဆသူဖြစ်ပါတယ်။
.
(၃)အသေးအဖွဲကိစ္စလေးတွေကအစ ဂရုစိုက်တတ်သူ

***ဥပမာ - သင်မပါပဲရုပ်ရှင်မကြည့်တာမျိုး၊ သူ့ရဲ့ကားထဲမှာ သူမကြိုက်ရင်တောင် သင်ကြိုက်တဲ့ သီချင်းတွေ playlist လုပ်ထားပေးတာမျိုး။
သင့်ကိုလေးလေးနက်နက်ချစ်တဲ့သူဟာ ဒီလိုအသေးအဖွဲ့လေးတွေကအစ ဂရုစိုက်ပေးတတ်ပါတယ်။
.
(၄)ဥာဏ်ပညာ အမြော်အမြင်ရှိသူ

***အရမ်းထူးချွန်ပြီး ဥာဏ်ပညာထက်မြက်နေရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။
သင်တို့ရဲ့အနာဂတ်၊ သားသမီးတွေရှိခဲ့ရင်လည်း သားသမီးတွေအနာဂတ်၊ မိသားစုအနာဂတ်ကို ဘယ်လိုကောင်းမွန်အောင်လုပ်မလဲဆိုတာ အမြဲစဉ်းစားစီစဉ်ထားတတ်ကြသူတွေဖြစ်ပါတယ်။
.
(၅)သင့်ပြသနာတွေကိုလည်း သူ့ပြသနာလို့သဘောထားတတ်သူ

***သင့်မှာစိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုခုရှိလာခဲ့ရင် သူ့နဲ့လည်းသက်ဆိုင်တဲ့အတွက် ဖြေရှင်းပေးဖို့အမြဲကြိုးစားနေမှာဖြစ်ပါတယ်။
အနည်းဆုံးဘာမှမကူညီနိုင်တဲ့ပြသာနာဖြစ်ခဲ့ရင်တောင် အားပေးစကားပြောပြီး ဒုက္ခတွေကိုမျှဝေခံစားပေးတတ်သူဖြစ်ပါတယ်။
.
(၆)သင့်ရဲ့အမှားတွေကို အပြစ်မမြင်ပဲရယ်စရာအဖြစ်သဘောထားသူ

***လူတိုင်းဟာအမှားနဲ့မကင်းတတ်ကြပါဘူး။ သင့်ဟာသူ့အပေါ်မှာ အမှားတစ်ခုခုပြုလုပ်မိမယ်ဆိုရင်တောင် စိတ်ထဲမှာမှတ်မထားတတ်သူဖြစ်ပါတယ်။
သူ့ကိုအနည်းငယ်ထိခိုက်တဲ့ကိစ္စဖြစ်ခဲ့ရင်တောင် ရယ်မောပြီးအဆုံးသတ်လိုက်မှာဖြစ်ပါတယ်။
ဒေါသဖြစ်လွယ်တဲ့သူဆိုရင်လည်း သင့်အပေါ်မှာဆိုးဆိုးဝါးဝါးတော့ဒေါသဖြစ်မှာမဟုတ်ပါဘူး။
ဒီလိုလူဟာ သင့်ကိုအလွယ်တကူထားခဲ့မှာမဟုတ်ပါဘူး။
.
(၇)အမှားတစ်ခုခုပြုလုပ်လျှင် ၀န်ခံပြီးတာဝန်ယူတတ်သူ

***သင့်အပေါ်မှာ အမှားတစ်ခုခုပြုလုပ်မိခဲ့ရင်လည်း ၀န်ခံပြီး တောင်းပန်တတ်သူဖြစ်ပါတယ်။
.
***ဒီလိုမျိုးအမူအကျင့်တွေအကုန်လုံးမဟုတ်ရင်တောင် တော်တော်များများရှိတဲ့သူဟာ သင့်ကိုအလွယ်တကူထားခဲ့မှာမဟုတ်သလို သင့်ကိုလေးလေးနက်နက်ချစ်တဲ့သူဖြစ်ပါတယ်။
သင့်ဖက်ကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်အနေနဲ့ ပြန်ပြီးလေးလေးနက်နက်ချစ်ပြဖို့လိုအပ်ပါလိမ့်မယ်။



Credit : LifeHack

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top