iMyanmarHouse.com - Best Property Website for Myanmar
×

(၁) နေလောင်ဒဏ်/အမာရွတ်/ အစက်အပျောက်တွေကို ပျောက်ကင်းစေတယ်

သနပ်ခါးဟာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အလှပြင်စရာ ဖြစ်ပါတယ်။ သနပ်ခါးမှာ ပါဝင်တဲ့ ဓာတ်ပေါင်းတွေကြောင့် နေလောင်ဒဏ်အပြင် အမာရွတ်/ ၀က်ခြံတင်းတိပ်မှဲ့ခြောက်-စတာတွေကိုပါ အချိန်တိုအတွင်း ပျောက်ကင်းစေပါတယ်။

(၂) အသားရေကို အေးမြစေတယ်

သနပ်ခါးဟာ နွေရာသီနဲ့ အထူးသင့်တော်တဲ့ ဆေးဘက်ဝင် အပင်ဖြစ်ပါတယ်။ အသားအရေး ပူလောင်ခြင်း၊ ချွေးပေါက်ကျယ်ခြင်း၊ မိတ်ထွက်ခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၃) အရေအပြားကင်ဆာကို ကာကွယ်ပေးနိုင်တယ်

အရေအပြား မှိုစွဲခြင်းမှတစ်ဆင့် နောက်ဆက်တွဲ ရောဂါတွေအတွက် သနပ်ခါးကို လိမ်းပေးရုံနဲ့ ကာကွယ်နိုင်ပါတယ်။

(၄) ပွေး၊ ၀ဲ၊ ညှင်း၊ ဂျွတ်၊ ဒက်-စတာတွေကို ပျောက်ကင်းစေတယ်

သနပ်ခါး

သနပ်ခါးမှာ ပါဝင်တဲ့ဓာတ်တွေဟာ အရေးပြားကို တွယ်ကပ်လာတဲ့ ဘက်တီးရီးယားပိုးတွေကို ထိထိရောက်ရောက် နှိမ်နင်း နိုင်ပါတယ်။ ဒါကြောင့် ပွေး၊ ၀ဲ၊ ညှင်း ဂျွတ်၊ ဒက်-စတာတွေကို အထူးပျောက်ကင်းစေပါတယ်။

(၅) အရွယ်တင် နုပျိုစေတယ်

သနပ်ခါးကို ပုံမှန်လိမ်းပေးခြင်းဖြင့် အသားရေ တွန့်ခြင်း တွဲခြင်း စတာတွေကို သက်သာစေပါတယ်။ အရေးပြားဆဲလ်များပျက်စီးခြင်းကို ကာကွယ်ပေးပြီး လက်ရှိအသက်ထက် ပိုပြီး နုပျိုစေပါတယ်။

(၆) ရောဂါစုံ ကင်းဝေးတဲ့ဆေးတဲ့ သနပ်ခါး

ကျွန်တော်တို့ ငယ်စဉ်က အမေဖြစ်သူဟာ သနပ်ခါးလိမ်းပေးရင်း လက်ကျန်သနပ်ခါးကို ပါးစပ်ထဲ ခွံ့လေ့ရှိပါတယ်။ ဒါဟာ ရှေးဟောင်း နန်းတွင်း ဆေးနည်းလို့ သိရပြီး ဗိုက်အောင့်၊ ဗိုက်နာ၊ ခေါင်းမူး၊ အော့အန်၊ နေမကောင်းဖြစ်ခြင်းအပြင်၊
သူငယ်နာ၊ ဖက်ခွက်နာ၊ ထိပ်ကပ်နာတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

(၇) ခန္ဓာကိုယ်အလှကို လေ့ကျင့်ပြီးသား ဖြစ်စေတယ်

မြန်မာအမျိုးသမီးများ သနပ်ခါးသွေးတဲ့အခါ ခါးကို ဟန်ချက်ထိန်းပြီး သွေးကြပါတယ်။ ဒါဟာ ခါးလေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်ပြီး လက်မောင်းကြွက်သားတွေ တွဲလျှားကျခြင်း၊ ပျော့အိခြင်းအတွက်လည်း သဘာဝလေ့ကျင့်ခန်း ဖြစ်စေပါတယ်။ သက်တောင့်သက်သာနဲ့ အားစိုက်ထုတ်မှု အလွန်နည်းပေမယ့် ခန္ဓာကိုယ်ကို သွယ်လျှ လှပစေပါတယ်။


Credit:Shwemom


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top