iMyanmarHouse.com - Best Property Website for Myanmar
×

မြန်မာနိုင်ငံမှတော့ အဓိကအားဖြင့် သြဇာသီးအမျိုးအစား နှစ်မျိုးရှိပါတယ်။ ရိုးရိုးသြဇာနဲ့၊ ဒူးရင်းသြဇာ-တို့ပဲဖြစ်ပါတယ်။ဒေသပေါက်ရောက်မှုအရ အရသာနဲ့ အရောင် အပြောင်းအလဲ ရှိနိုင်ပါတယ်။ ပေါက်ရောက်မှု အများဆုံးကတော့ မိုးနည်းရပ်ဝန်းဒေသတွေမှာ ပေါက်ရောက်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးသူလည်း ရှားပါးပြီး ဈေးကွက်ထဲမှာ ပျက်တစ်လှည့် ပေါ်
တစ်လှည့် ဖြစ်ပါတယ်။ သြဇာသီးစားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုး(၇)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပန်းနာရောဂါကို ပျောက်ကင်းစေတယ်

သြဇာသီးတစ်လုံးမှာ အံ့သြစရာအကောင်းဆုံးက စူးရှတဲ့အရသာ လုံးဝမရှိဘဲ ချိုမြတဲ့အရသာ ပေးနိုင်တဲ့ကြားက ဗီတာမင် C 151% နဲ့ အမျှင်ဓာတ် 44% ပါဝင်ပါတယ်။ ။ ဒါကြောင့် သြဇာသီးကို အမောမခံနိုင်သူများ၊ ပန်းနာရင်ကြပ်သမားများ၊ အဆုတ်အားမကောင်းသူများ စားသုံးပေးသင့်ပါတယ်။ ကာလရှည်ပန်းနာရောဂါကိုလည်း ပျောက်ကင်းစေပါတယ်။

(၂) နှလုံးရောဂါကို မဖြစ်အောင်ကာကွယ်ပေးတယ်

ဗီတာမင် C အပြင် B6 25% ပါဝင်ပါတယ်။ ဒါ့အပြင် အမီနိုအက်စစ်ဓာတ်လည်း လုံလောက်စွာပါဝင်တာကြောင့် နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၃) သွေးဖိအားကို ကျဆင်းစေတယ်

ပိုတတ်စီယမ် 18% ပါဝင်တဲ့ သြဇာသီးကို ပုံမှန်စာပေးခြင်းဖြင့် ပုံမှန်သွေးပေါင်ချိန်ကို အချိန်အကြာကြီးထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ဓာတ်ဟာ သွေးခဲခြင်း၊ သွေးကြောပိတ်ခြင်း၊ နှုလုံးသွေးကြောကျဉ်းခြင်း-စသည်တို့ကို
သက်သာစေပါတယ်။

(၄) အားအင်ကို ဖြစ်စေတယ်

သြဇာသီးမှာ ရှားပါး Thiamin ဓာတ် 18% အထိ ပါဝင်ပါတယ်။ ဒီဓာတ်ဟာ ခန္ဓာကိုယ်အတွင်းကို ဘေးထွက်ဆိုးကျိုးမရှိ
စေတဲ့ သကြားဓာတ်တွေ အသွင်းပြောင်းပို့ဆောင်ပေးပြီး အားအင်ကို ပြည့်ဝစေပါတယ်။

(၅) အရိုးအဆစ်ကို သန်မာစေတယ်

သြဇာသီးတစ်လုံးမှာ မဂ္ဂနီစီယမ်ဓာတ် 13% ပါဝင်ပါတယ်။ ဒီဓာတ်အား အရိုးသန်မာခြင်းကို အားပေးပြီး အရိုးဆွေး၊ အရိုးပါး၊ အရိုးပွ ရောဂါတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) ကိုလက်စထရော မြင့်မားခြင်းကို ထိန်းညှိပေးတယ်

ဗီတာမင် C အပြင် Niacin ဓာတ် 11% အထိ ပါဝင်တဲ့ သြဇာသီးကို ပုံမှန်စားပေးပါက သွေးတွင်း၊ ခန္ဓာကိုယ်အတွင်း ကိုလက်စထရောမြင့်မားခြင်းကို လျှော့ကျစေပါတယ်။ ဒါကြောင့် သွေးတိုး၊ နှုလုံးစတဲ့ ရောဂါကိုလည်း ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

(၇) မွေးဖွားရ လွယ်ကူစေတယ်

သြဇာသီးမှာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေကို မွေးဖွားရ လွယ်ကူစေအောင် အထောက်အပံ့ပေးနိုင်ပါတယ်။ ဘေး
ထွက်ဆိုးကျိုးမရှိဘဲ မမွေးဖွားရသေးတဲ့ ကလေးငယ်ကို မွေးရာပါ နှလုံးရောဂါမဖြစ်စေဖို့ကို ကာကွယ်ပေးပြီး ဦးနှောက်ဖွံ့ဖြိုးမှုလည်း လျှင်မြန်စေပါတယ်။

Credit : Shwemom

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top