iMyanmarHouse.com - Best Property Website for Myanmar
×

၁ - ရေချိုး

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိရင် လူတော်တော်များများ လုပ်တတ်ကြတာက ရေချိုးတာ ဖြစ်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း အချိန်ယူပြီး အေးအေးဆေးဆေး ချိုးသင့်ပါတယ်။ ရေချိုးခန်းထဲက ထွက်လာတဲ့အခါ လူသစ်စိတ်သစ်ဖြစ်သွားသလို ခံစားချက်မျိုး ရပါတယ်။

၂ - ခေါင်းလျှော်

ဆိုင်မှာ သွားလျှော်တာကို ပြောတာပါ။ ဆိုင်မှာ ခေါင်းလျှော်ဖို့ ဆုံးဖြတ်လိုက်တာဟာ စိတ်တွေရှုပ်ထွေးနေတဲ့ လက်ရှိအခြေအနေကနေ ထွက်ပေါက်ရသွားပါတယ်။ နှိပ်နယ်ခေါင်းလျှော်တာကို ခံပြီးသွားရင်တော့ ဦးနှောက်တွေ ကြည်လင်သွားသလို ခံစားရပါတယ်။

၃ - ရေသောက်

ရေသောက်တာက ဘာအန္တရယ်မှ မဖြစ်ပါဘူး။ အသားအရေကြည်ပါတယ်၊ ကျန်းမာရေးကောင်းစေပါတယ်။ ဟိုနားဒီနား သွားတဲ့အခါတွေမှာလည်း ရေတစ်ဗူးဆောင်ထားသင့်ပါတယ်။

၎ - နှုတ်ဆက်

လူတွေကို ချိုချိုသာသာ နှုတ်ဆက်တာကလည်း ရေသောက်တာလိုပါပဲ။ စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာ လုပ်သင့်တဲ့ အန္တရယ်ကင်းဆုံး အလုပ်ဖြစ်ပါတယ်။ နှုတ်ဆက်ရင်း၊ ပြောရင်းဆိုရင်းနဲ့ ဘာလုပ်ရမှန်းမသိဘဲ ငြီးငွေ့နေတဲ့စိတ်တွေ ပျောက်သွားပါမယ်။

၅ - အိပ်ရာခင်း၊ ပန်းကန်ဆေး၊ မီးပူတိုက်

ဘာလုပ်လို့လုပ်ရမှန်း မသိတာဟာ လုပ်စရာမရှိလို့ ဖြစ်နေနိုင်ပါတယ်။ နာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ခုမှာ ဇာတ်ကောင်ဟာ စိတ်တွေရှုပ်လာရင် မီးပူထိုင်တိုက်ပါတယ်။ တစ်ခုခုကို စိတ်အာရုံနှစ်ပြီးလုပ်လိုက်တာမျိုး ဖြစ်ပါတယ်။

၆ - ဖုန်းခေါ်

တစ်ယောက်ယောက်ဆီ ဖုန်းဆက်ပါ။ ကိုယ်နိုင်တဲ့ သူငယ်ချင်းမျိုးဆိုကောင်းပါတယ်။ ကိုယ့်အကြောင်း သိတဲ့သူငယ်ချင်းမျိုးပါ။ ပျင်းလို့ဆိုပြီး စကားတွေ ထိုင်ပြောနေလိုက်ပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top