iMyanmarHouse.com - Best Property Website for Myanmar
×

ကလေးကို မရိုက်လျှင် ထိန်းမရ ဖြစ်တတ်သည်ဟု ဆိုရိုးစကားများ ရှိခဲ့သည်။ ယင်း ဆိုရိုး စကားများ မှားယွင်းကြောင့် အမေရိကန် ပြည်ထောင်စု အော်စတင်ရှိ တက္ကဆပ် တက္ကသိုလ်နှင့် မီရှီဂန် တက္ကသိုလ် များမှ ပညာရှင်များက သက်သေပြ လိုက်ပြီ ဖြစ်သည်။

အရိုက်ခံရသော ကလေးများသည် မလိမ်္မသွားဘဲ ဆိုးမြဲတိုင်း ဆိုးလေ့ ရှိကြောင်း ပညာရှင် များ၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။ ရိုက်နှက်ခြင်းကြောင့် ဆိုးရွားသော အကျိုးဆက်များ ရှိလာ တတ်ကြောင်း တက္ကဆပ် တက္ကသိုလ်မှ လူသား ဖွံ့ဖြိုးရေး ဆိုင်ရာ ပါမောက္ခ အဲလစ်ဇဘက်သ်ဂါရှော့ဖ်က ပြောဆို ခဲ့သည်။

အခြားလေ့လာမှုများ ကလည်း ဂါ့ရှော့်ဖ်၏ အဆိုကို ထောက်ခံနေသည်။ ငယ်ရွယ်စဉ်တွင် အရိုက်ခံ ရသည့် ကလေးများသည် ကြီးပြင်းလာလျှင် ဥပဒေ ချိုးဖောက်သူများ ဖြစ်လာ တတ်ကြောင်း  နျူးဟမ်ရှိုင်းယား တက္ကသိုလ် မိသားစု သုတေသန ဌာန၏ ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန် ခဲ့သည့် လေ့လာမှုတွင် ဖော်ပြ ထားသည်။

လူမှုဗေဒ ပညာရှင် မာရေးစထရောက်စ်သည် ပညာရေး အဆင့်နှင့် ယဉ်ကျေးမှု နောက်ခံ တို့ကို ဖယ်ထားပြီး ဥရောပ၊ မြောက်အမေရိက၊ အာရှနှင့် အရှေ့ အလယ်ပိုင်းတို့ရှိ အရိုက်ခံသော ကလေးငယ် များနှင့် အရိုက်မခံရသော ကလေးငယ်များကို လေ့လာခဲ့သည်။ အရိုက်ခံရသော ကလေးများ ကြီးပြင်း လာလျှင် ရာဇ၀တ်မှု ကျူးလွန်နိုင်ခြေ များကြောင်း ပါမောက္ခ စထရောက် တွေ့ရှိ ခဲ့သည်။

မိသားစု အခြေအနေ တည်ငြိမ်မှု ရှိပြီး ချစ်ခင်မြတ်နိုးမှုများ ရှိနေလျှင်တောင် အရိုက်ခံရသော ကလေးသည် ဆိုးသွမ်းသော လူကြီး ဖြစ်လာ တတ်ကြောင်း စထရောက်၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။

Credit:Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top