iMyanmarHouse.com - Best Property Website for Myanmar
×

မနက်ခင်းတိုင်းမှာ ပုံမှန်လိုပဲ မနက်စာစားပြင်ဆင်ပြီး သူ့ဇနီးလေးရဲ့ပါးကို
နမ်းပြီး
“ချစ်လေး ရေ အလုပ်သွားပြီ နော် ညနေမှပြန်တွေ့ ကြမယ် ကွယ် ”
လို့ နှုတ်ဆက်တယ် သူ့ဇနီးလေးက လည်းပြန်နမ်းပြီး
“စိတ်မကစားနဲ့ နော် အလုပ်ကို ဂရုတစိုက်လုပ် ပါနော် ” ပြောတယ်
သူဟာ လိုင်းကားမှတ်တိုင်မှာသွားစောင့်ပြီး ကားလာတာနဲ့ လူတွေ
ကြားတိုးဝှေ့တက် သွားလိုက်တယ် ကားမှတ်တိုင် ၃ တိုင်လောက်ကျော်
ကျော်လာတော့ ကားပေါ်က ဆင်းတယ်
........................
သူပန်းခြံလေးတစ်ခြံထဲ က ခုံတန်းလျားမမှာ ထိုင်ချလိုက်တယ် သူ့မျက်နှာဟာ ညှိုးငယ်နေတော့ တယ် သက်ပြင်း တွေ တစ်ရှိုက်ပြီးတစ်ရှိုက် ချရင်း ငေးမော နေမိတယ် မျက်စိရှေ့ ကန်ရေပြင်ထဲ မှာကူးခပ်နေတဲ့ ငန်းမောင်နှံကို မျော်ကြည့်ရင်း နင်တို့ ဘဝလေးတွေ က အားကျစရာကောင်းလိုက်တာ လိုသူညည်းတွားမိတော့တယ်
......................
သူဟာပန်းခြံထဲ မှာပဲ ဟိုသွားဒီသွားနဲ့ ညနေစောင်းတဲ့အထိနေ တယ် အဲ့ဒီနော့က် နေရာက ထပြီး လန်းဆန်းတက်ကြွ နေသယောက်ဖြစ်အောင်ပြုံး လိုက်တယ် “ အလုပ် သိမ်းပြီ အိမ်ပြန်လို့ ရပြီ ” ဆိုပြီး ခါးမတ်မတ်ရပ် သူ့ရဲ့စာရွက်စာတမ်းအိပ်လေးကို လွယ်ပြီး အိမ်ပြန်လာခဲ့တော့တယ်
.........................
အိမ်ရှေ့ရောက်တော့ ချစ်လေးရေ ကိုယ်ပြန်လာပြီ ဆိုပြီး အိမ်ထဲ
ဝင်လိုက်တယ်
သူဟာ ဒီလိုပဲ လက်ဖက်ရည် ဆိုင်မှာ အချိန်ဖြုန်းလိုက်ပန်းခြံ တွေမှာ
အချိန်ဖြုန်း လိုက်နဲ့ ၅ ရက် လောက်ကြာခဲ့တယ်
အလုပ်ပြုတ်ခဲ့ပြီး ၆ရက်မြောက် နေ့ကျတော့ သူကြည့်ထားတဲ့
ဆောက်လုပ်ရေး လုပ်ငန်းမှာသွားအလုပ်လျောက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်
............................
ဘိလပ်မြေဖျော်တဲ့ နေရာမှာသူအလုပ်ရ ခဲ့တယ်
သူလုပ်ခဲ့ဖူးတဲ့ကုမ္မဏီ က အလုပ်တွေ နဲ့ အရမ်းကို ကွာခြားတယ် ဖုန်တွေ ရော ဘိလပ်မြေမှုန့်တွေ နဲ့ကော ပေတူးလံ ပြီး အရမ်းပင်ပန်းတယ်
ဒါပေမဲ့ သူလည်းကြိုးစားပြီး လုပ်ရ ရှာတယ်
အဲ့လိုမှမဟုတ်ရင် ရှေ့လျောက်သူနဲ့ သူ့ဇနီးလေးရဲ့ ဘဝ ဘယ်လို သုံးစွဲ
စားသောက်ကြရမှာလဲ
..........................
တစ်နေ့ သူ အိမ်သာခန်းထဲ က မှန်ထဲ မှာသူ့ကိုယ်သူပြန်ကြည့်မိတော့
ဘိလပ်မြေ ပုံးနဲ့ ခေါင်းပေါ်ကနေ လောင်းချထားသလိုပဲ
တစ်ကိုယ်လုံးပေကျံစုတ်ပြတ်နေရော အလုပ်သိမ်းချိန်ရောက်တော့ သူ အလုပ်ထဲ မှာပဲ ရေ မိုးချိုးတယ် ပြီးတော့ အိမ်ကနေထွက်လာခဲ့တဲ့ပုံစံ အတိုင်းပဲ
ကုမ္မဏီ အဝတ်အစား တွေလဲတယ် ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းကနေ သူဟာ ဘိလပ်မြေဖျော်တဲ့အလုပ်သမားမဟုတ်ခဲ့သလိုနဲ့ ထွက်လာ ခဲ့တယ်
...........................
အိမ်ရှေ့ပြန်ရောက်တာ နဲ့ ချစ်လေးရေ ကိုယ်ပြန်လာပြီ ဆိုတော့ သူ့ဇနီးလေးက ပြေးလာပြီးတံခါးဖွင့်ကြိုတယ် သူ့ယောက်ျားကိုယ်ပေါ်က ဆပ်ပြာမွေးနံ့ ကို သူအနံ့ ရ တယ်
သူအိမ်ထဲ ဝင်လိုက်တော့ တစ်အိမ်လုံး ပစ္စည်းပစ္စယ တွေက သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျရှိနေသလို တစ်အိမ်လုံးသန့်ရှင်းနေတယ် ဘုရားပန်းတွေ လဲ အိမ်နောက်ဖေးမှာသူစိုက်ထားတဲ့ပန်းလေးတွေ နဲ့ လဲထားပြီး လန်းလန်းဆန်းဆန်းရှိနေရော သူ တစ်ခါတည်းနဲ့ အမောတွေ ပြေ ပြီး ပေါ့ပါးသွားသလို ခံစားရတယ်
..........................
“ညီမ ရေနွေးတွေ တည်ထားတယ်နော် ကိုကို ရေအရင်ချိုးလိုက်မလား ”
“ကိုကို အလုပ်ထဲ က လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ရေကူးကန်မှာ လေ့ကျင့်ခန်းလုပ်ရင်းရေးကူးလာခဲ့ ပြီးပြီကွဲ့”

ညနေ ညစာစားကြတော့ ဇနီးလေးကမေးတယ်

“ခုတလော ကုမ္မဏီ မှာအလုပ်လုပ်ရတာ ဘယ်လိုနေလဲ ”
“အဆင်ပြေ ပါတယ် ခုကုမ္မဏီက ဘွဲ့ရလာခါစ အပျိုမလေး ၂ယောက် အသစ်ခန့်ထားတယ်လေ ချစ်စရာလေးတွေ သိလား ”
.........................
ဇနီးလေးက စိတ်ဆိုးသလို နဲ့ သူ့နာရွက်ကို ဖွဖွလေးဆွဲလိမ်တယ်
“စိတ်ကစားမယ် လုံးဝ စိတ်မကူးနဲ့နော် သိလား”ဆိုပြီးပြောတယ်
ပြီးတော့ နှစ်ယောက်သား သဘောတွေကျပြီး ရီကြတယ်
.......................
သူ့ဇနီးလေးက အိုးခွက်ပန်ကန်တွေ သိမ်းဆည်းဆေးကြောရင်းသီချင်းလေး ညည်းနေ ခဲ့ တော့ တယ်
...........................
“တော်သေးတာပေါ့သိသွားတော့မလို့ ...ငါလည်း ဘာလို့ လျို့ဝှက်ထားရမှာလဲ မသိတော့ဘူး ဘယ်လောက် ထိတောင်လိမ်ညာနေရ အုန်းမလဲကွာ ”
သူတိုးတိုးလေးညည်းညူ မိရင်းသက်ပြင်းရှည်ကြီး ကိုမှုတ်ထုတ်မိပြန်ပါတော့တယ်
.........................
သူမျက်နှာသစ်သွားတိုက် ပြီးအိပ်ခန်းထဲ ဝင် စာအုပ်ဖတ်ရင်း ဇနီးလေးကို
စောင့် မလို့ စာအုပ်တောင်မလှန်ရသေးဘူး နွမ်းနယ် လွန်းလို့ တစ်ခါတည်းတန်းအိပ်ပျော်သွားခဲ့တော့တယ်
...........................
သူဆောက်လုပ်ရေးမှာလုပ်လာခဲ့တာ ရက် ၂၀ ကျော်ကြာလာတယ်
တစ်နေ့ညနေ ...သူအိမ်ပြန်ရောက်တော့ ည ထမင်းဝိုင်းမှာ ဇနီးလေးကပြောလာတယ်
“ကိုကို ကုမ္မဏီ ဟောင်းမှာလုပ်စရာ မလိုတော့ဘူးနော် .
.ညီမသတင်းကြားထားတာ ကုမ္မဏီ တစ်ခုက မန်နေဂျာ လိုနေတယ် ညီမဖုန်းလှမ်းဆက်ပြီးမေးကြည့် ပြီးပြီ အဲ့ ကုမ္မဏီက ကိုကိုလိုအတွေ့ အကြုံနဲ့ အရည်ချင်းမျိုးရှိတဲ့လူ ကို တအားလိုနေတာ မနက်ဖြန်
ကိုကို သွားစုံစမ်းကြည့်လိုက်နော် ညီမပြောထားပြီးပြီမို့ပါ ”
........................
သူ ခဏတာ ငြိမ်ကျသွားတယ် ပြီးတော့မှ သူ့ဇနီးလေးကိုမေးလိုက်တာ

“ ဘာလို့ ကိုကို့  ကို အလုပ်ပြောင်းစေ ချင်ရတာလည်း”
“ အလုပ်သစ်ပြောင်းတော့လည်းကောင်းတာပေါ့ ကိုကိုရယ် ဒါမှကိုကို့မှာ
ပိုကောင်းတဲ့ ပတ်ဝန်းကျင်အသစ် ပိုခိုင်မာတဲ့ကုမ္မဏီ နဲ့လုပ်ရတော့
ကိုကိုလည်းတိုးတက်တာပေါ့ ”
...............................
နောက်တစ်နေ့ ကျတော့ သူ့ ဇနီးလေးပြောတဲ့ကုမ္မဏီ ကြီးမှာ
သူအလုပ်သွားလျှောက်တယ် ကုမ္မဏီကလည်း သူ့ကို အရင်တုန်းက လုပ်ခဲ့ဖူးသလို မန်နေဂျာ ရာထူးမှာလက်ခံခဲ့တယ်

အဲ့ဒီနေ့ ညနေ ခပ်စောစောပဲ သူ စားကောင်းသောက်ဖွယ်တွေဝယ်ပြီးအိမ်ပြန်လာခဲ့တယ် သူ့ဇနီးလေးနဲ့ ပျော်ပွဲစားမလို့ပေါ့

သူတွေးတာက သူ ဇနီးလေးက သူ ဆောက်လုပ်ရေးမှာလုပ်နေတာ သူမပြောပေမဲ့သိနေလိမ့်မယ် ဆိုတာ ခန့်မှန်းမိတယ် သူပိတ်ထားတာမလုံလို့ပဲ ဖြစ်လိမ့်မယ် ဒီလိုမှမဟုတ်ရင် သူ့ကို သူ့ဇနီးလေးရဲ့ အဆက်အသွယ်ရှိတဲ့ ဒီကုမ္မဏီ ကိုပြောင်းလာခိုင်းမှာမဟုတ်ဘူးဆိုတာသူခန့်မှန်းမိတယ်
.............................
သူ လွန်ခဲ့တဲ့ ရက်တွေ တုန်းက သူ့ဇနီးလေး ချက်ပြီး ကျွေးတဲ့ဟင်းတွေ ကိုပြန် အမှတ်ရမိတယ် နေ့တိုင်း ထမင်းဝိုင်းမှာ တစ်ခြားကျော်တဲ့ဟင်းဖြစ်စေချက်တဲ့ဟင်းတွေ မှာဖြစ်စေ အမြဲတမ်း ကုလားပဲ ဟင်းနဲ့ ကြွက်နာရွက် မှိုဟင်း တော့အမြဲ ပါလေ့ရှိတယ် ဘာကြောင့်လဲ ဆိုတော့ ကြွက်နှာရွက်မှို ဟာ အဆုတ်ကို ဆေးကြောသန့်စင်နိုင်စွမ်းရှိတယ်
.........................
သူနေ့တိုင်ဘိလပ်မြေမှုန့်တွေ နဲ့ အလုပ်လုပ်ရတာ ကြွက်နာရွက်မှိုဟင်းက အများကြီး အထောက်အပံ့ ဖြစ်ခဲ့တယ်

သူယုံကြည့်တာ သူ့ဇနီးလေးက သူဆောက်လုပ်ရေးမှာသွားလုပ်နေတာ သိနေခဲ့ပြီးပြီဒါပေမဲ့သူကမပြောလို့ သူမ မမေးခဲ့ဖူး ဒါပေမဲ့ သူမတစ်ခြားအရာတွေ ကူညီလုပ်ဆောင်ပေးခဲ့တယ် သူမ က သူ စိတ်မကောင်းဖြစ်မှာကို
စိုးရိမ်ရှာလို့နေမယ်
.....................................

စုံတွဲ ဘဝ ဆိုတာ တန်ဖိုးထားစရာတစ်ခုရှိနေတာက ချစ်ခင်တွယ်တာ ဆိုတာ ရယ်နောက်တစ်ခုက အေးအတူ ပူအမျှ ဆိုတာရယ်ပါ အမှန်တော့ တစ်ခြား အရာဖြစ်တဲ့ “ ပြောသင့်တဲ့ စကား ကို ပဲ ပြောတာ ” ဆိုတာလဲ ပါ ပါတယ်
.....................................
ဒီစာလေး ကို .. မိသားစုအတွက် ရုန်းကန်ရင်ဆိုင်နေရတဲ့ အိမ်ထောင်ဦးစီး
ယောက်ျားတွေ အတွက် မျှဝေ ပေးပါတယ်

ပြီးတော့ အဲ့ဒီယောက်ျားအပေါ် နားလည်တတ်စာနာတတ် တဲ့ ဇနီးမယား တွေ အတွက်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ

အဲ့ဒီယောက်ျားရဲ့ ဘဝ ထဲ မှာ သူရဲ့ မိဘမောင်နှမ အပြင်နောက်ထပ် ဘယ်သူကို အလေးထား တန်ဖိုးထားတော့မှာတဲ့လည်း? အဖြေကတော့ အဲ့လိုဇနီးမျိုး ကိုပါပဲ
.......................
ယောက်ျားတစ်ယောက် သူ ဘယ်လို အမြင့်ဆုံးနေရာမှာရပ်တည်နိုင်မှာတဲ့လည်း? ဘယ်လောက်ဝေးဝေး လျောက်လှမ်းနိုင်မှာတဲ့လည်း ?
ယောက်ျားတစ်ယောက်ရဲ့ ဘဝ မှာအရေးကြီး ဆုံး နဲ့ ကင်းကွာလို့ မရတဲ့ အရာကတော့ ကောင်းမွန်တဲ့မိန်းခလေး တစ်ယောက်ယောက်နဲ့ ဘဝ မှာဆုံတွေ့ ခွင့်ရတာပါပဲ
..........................
အဲ့ဒီတစ်ယောက်ဟာ
သူငယ်ချင်း လည်းဖြစ်ချင်ဖြစ်မယ်
ငယ်ချစ် ဦးလည်းဖြစ်ချင်ဖြစ်မယ်
ဇနီးမယား လည်းဖြစ်ချင်ဖြစ်မယ်
အချိန်တိုတိုလေးအတွင်းကြုံဆုံခဲံရတာလဲ ဖြစ်ချင်ဖြစ်မယ်
ဒါမှမဟုတ်ဘဝတစ်သက်တာ အတူလက်တွဲသွားခွင့်ရ တာလဲ ဖြစ်ချင်ဖြစ်မယ်
......................
ဘာကြောင့်လဲ ဆိုတော့ ယောက်ျားကောင်းတစ်ယောက် အတွက် ကောင်းမွန်တဲ့ မိန်းခလေးတစ်ယောက်ရဲ့ ဂရုစိုက်မှု့ ကြည့်ရှု့ စောင့်မပေးမှု့ ဖြည့်ဆီးပေးမှု့ အားပေးထောက်ပံ့မှု့ အနီးကပ်ပြုစုယုယ တိုင်ပင်ဖော် အကြံဥာဏ်ပေး မှု့လေးတွေ လိုကို လိုအပ်နေတတ်လို့ပါပဲ
...............................
အကယ်လို့ အဲ့လိုကောင်းမွန်တဲ့ မိန်းခလေးမျိုးမရှိပါပဲ ဘယ်လိုလုပ်ပြီးကောင်းမွန်တဲ့ယောက်ျား မျိုး ရှိလာနိုင်မှာတဲ့ လည်း...
++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ

ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top