iMyanmarHouse.com - Best Property Website for Myanmar
×

၁ - သမီးရည်းစားပဲဖြစ်ဖြစ်၊ မျှော်လင့်ဆဲ အဆင့်ပဲဖြစ်ဖြစ် အစားအသောက်ကောင်းကောင်းသွားစားဖို့ ချိန်းတာဟာ ချိန်းတွေ့တဲ့ ပုံစံတွေထဲမှာ အကောင်းဆုံးပုံစံဖြစ်ပါတယ်။

၂ - အစားအသောက်နဲ့ပက်သက်ပြီး ဂရုစိုက်တာဟာ သူ့ခံစားချက်တွေကို ဂရုစိုက်ကြောင်း ပြရာရောက်ပါတယ်။ ဗိုက်ဆာနေလား၊ ဗိုက်ဆာပြီလားလို့ ကောင်မလေးကို မမေးဘူးတဲ့ ကောင်လေးရှားပါတယ်။ မဆာလောက်သေးမှန်း သိပေမဲ့လည်း ဒီလိုမေးလိုက်တာဟာ သူတို့ခံစားချက်ကို ဂရုစိုက်ကြောင်း ပြသရာ ရောက်ပါတယ်။

 ၃ - နှစ်ယောက်အတူစားတဲ့အချိန်တွေဟာ အများဆုံးဖြစ်ပြီး အရေးပါဆုံးလည်း ဖြစ်ပါတယ်။ ဘယ်လိုအစားအစာမျိုးစားမယ်၊ ဘယ်လောက်စားမယ်ဆိုတာတွေက သူ့စိတ်ကြိုက် ဖြစ်ဖို့က အရေးကြီးပါတယ်။ အစားအသောက်နဲ့ပက်သက်ရင် ချုပ်ချယ်မှုမရှိတာက သူတို့ကို သက်သောင့်သက်သာရှိစေပါတယ်။

၎ - ကောင်မလေးဟာ ကိုယ့်ရှေ့မှာ လွပ်လွပ်လပ်လပ် စားရဲဖို့ အရေးကြီးပါတယ်။ ဒါမှ သင်ဟာ သူ့ရဲ့လက်တွဲဖော်တစ်ဦးဖြစ်တယ်လို့ ခံစားရမှာပါ။ တစ်ခုခု မှတ်ချက်ချ ဆုံးဖြတ်မယ့် တရားသူကြီးတစ်ဦးလို သင့်ကို ကောင်မလေးက မခံစားနေရဖို့ အရေးကြီးပါတယ်။

၅ - သူ ဘာစားချင်နေလောက်တယ်ဆိုတာကို သင်ခန့်မှန်းနိုင်ပြီဆိုရင်တော့ အမှတ် ၇၀ လောက်ရပါပြီ။ ဒီအစားအစာကို သူ့ဆီလည်း အရောက်ပို့ပေးနိုင်တယ်ဆိုရင်တော့ ၉၀ ရာခိုင်နှုန်းပါ။ မပြောဘဲနဲ့သိဖို့တော့ အရေးကြီးပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top