iMyanmarHouse.com - Best Property Website for Myanmar
×

သင့်မှာ မေးနှစ်ခွရှိနေပါသလား။ အဲဒါက ဘာလို လက္ခဏာတွေရှိလဲ။ ဒီဆောင်းပါးမှ ၄င်းတို့ရဲ့ အကြောင်းအရင်း၊ မေးနှစ်ခွရှိသူတွေရဲ့ ဝိသေသ လက္ခဏာတွေ တင်ပြပေးပါမယ်။
လူအများစု အထူးသဖြင့် မေးနှစ်ခွရှိသူ အမျိုးသမီးတွေဟာ ဒါကို မကြိုက်နှစ်သက်ကြပေမယ့် အဲဒါက ဆွဲဆောင်မှုရှိပါတယ်။ နောက် ဒီလူတွေရဲ့ ပင်ကိုစရိုက်ဟာ စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ မေးနှစ်ခွဖြစ်ခြင်းက လူကို မေးစိနေရာမှာ မပြည့်စုံမှုတစ်ခုကဲ့သို့ ထင်မြင်စေတာကြောင့် လူကို သိသာ၊ မြင်သာစေပါတယ်။

မေးနှစ်ခွဖြစ်တာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ ကြွက်သား ပူးကပ်မနေဘဲ ဟနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီမျိုးရိုးဗီဇဟာ သင့်ကလေးတွေ အလိုအလျောက် အမွေဆက်ခံသွားမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မျိုးရိုးဗီဇက ထင်ရှားပြီး ငုပ်မနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ယင်းအားကောင်းတဲ့ ဗီဇက မေးကို နှစ်ခွဖြစ်စေတာပါ။

သင့်မှာ မေးနှစ်ခွရှိကောင်းရှိနိုင်ပေမယ့် မိဘတွေမှာ ရှိချင်မှ ရှိပါလိမ့်တယ်။ ဒီတော့ တခြားအမျိုးတော်စပ်သူတွေမှာ ရှိနိုင်တဲ့ သဘော ဖြစ်ပါတယ်။ မိသားစုထဲမှာ မေးနှစ်ခွမဖြစ်ပေါ်ခင် မျိုးဆက် ၅ ဆက်ကြာနိုင်ပါတယ်။

မေးနှစ်ခွရှိသူတွေဟာ အာရုံစူးစိုက်မှု ခံရသူတွေဖြစ်ပြီး သူတို့အနားမှာ နေရတာ စိတ်ပျော်ရွှင်မှု ရစေပါတယ်။

ပြီးတော့ အဲဒီလူတွေဟာ အပျော်ရည်းစားထားပြီး ရည်းစားရှုပ်သူတွေ ဖြစ်ပါတယ်။ သူတို့ လိင်သဘောသဘာဝ အားကောင်းပြီး ပျော်ပါးတတ်ကြပါတယ်။ ဒီ့အပြင် မေးနှစ်ခွဖြစ်သူတွေဟာ သူများထက် စိတ်ခံစားချက် ပိုမိုလွန်ကဲကြပုံပေါ်ပါတယ်။ ဝမ်းနည်း၊ ဝမ်းသာ၊ စိတ်အားထက်သန်မှု (သို့) ချစ်စိတ်ပြင်းပြမှုဖြစ်ချိန် ဘယ်ချိန်မဆို အလွယ်တကူ မျက်ရည်ကျတတ်ကြပါတယ်။ 

Credit : Trend Myanmar 

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top