iMyanmarHouse.com - Best Property Website for Myanmar
×

၁ - အစီစဉ်မချတတ်ဘူး

ချိန်းတွေ့တဲ့နေ့မှာ ဘယ်နေရာကို သွားမယ်၊ ဘာစားမယ်၊ ဘာလုပ်မယ် ဒါမျိုးတွေကို အစီစဉ်ချတတ်ရပါမယ်။ သူ့ဘက်က တစ်ယောက်တည်းမလုပ်ချင်ရင်တောင် နှစ်ယောက်တိုင်ပင်ပြီး အစီစဉ်ချတတ်ရပါမယ်။ ဒီလို အရည်အချင်းမျိုး သူ့ဘက်က မပြဘူးဆိုရင်တော့ သင့်ကို သိပ်စိတ်မဝင်စားတာ ဖြစ်နိုင်ပါတယ်။ သူနဲ့တွဲရတာ ပျင်းစရာ ကောင်းသွားနိုင်ပါတယ်။

၂ - ရယ်အောင် မလုပ်တတ်ဘူး

သင့်ကို ရယ်အောင်လုပ်နိုင်တဲ့ လူနဲ့ နေရတာလောက် ပျော်စရာကောင်းတာ မရှိတော့ပါဘူး။ ဒီလိုအရည်အချင်းမျိုးလည်း သူ့မှာ ရှိသင့်ပါတယ်။ မရှိရင် သင့်တစ်ယောက်တည်းအတွက် မွေးယူသင့်ပါတယ်။

၃ - မစဉ်းစားတတ်ဘူး

သင့်ရုံးကို လာလည်ပြီး သင်ကြိုက်တဲ့မုန့် ဝင်ပေးတတ်တဲ့လူမျိုးပါ။ သင့်ရုံးကိုသွားပြီး သင့်အပေါင်အသင်းတွေရဲ့ အကဲခတ်တာကို ခံမယ်၊ သင် ဒီအချိန်ဘာကြိုက်တတ်လဲ စဉ်းစားပြီး ဒါကို ရှာဝယ်မယ်၊ ဒီလိုအချက်တွေက သင်နဲ့ပက်သက်ပြီး စဉ်းစားတတ်တဲ့လူဖြစ်ကြောင်း ပြနေတာပါ။ ဒါမျိုး မရှိရင်တော့ သင့်ဘက်က ပြန်စဉ်းစားရပါတော့မယ်။

၎ - ပုံမှန်မရှိဘူး

သင့်ကို ပုံမှန်မဆက်သွယ်ဘူး။ သူစိတ်ပါရင် အဆက်အသွယ်လုပ်တယ်၊ စိတ်မပါရင် အဆက်အသွယ်မလုပ်ဘူး၊ ဘာကြောင့်ဆိုတာကိုလည်း အကြောင်းပြချက်မပေးဘူး။

၅ - အားမပေးဘူး

သင်လုပ်ချင်တဲ့ ဘဝရည်မှန်းချက်တွေ၊ စိတ်ကူးအိမ်မက်တွေကို အားမပေးရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လှောင်ပြောင်နေတယ်ဆိုရင်တာ့ အခုပဲ နှုတ်ဆက်လိုက်ဖို့ စဉ်းစားသင့်ပါပြီ။

၆ - နွေထွေးလုံခြုံတယ်လို့ မခံစားရဘူး

တွဲလာတာ ကြာပေမဲ့ သူနဲ့ရှိတဲ့အချိန်တိုင်း နွေးထွေးလုံခြုံတယ်လို့ မခံစားရဘူး။ သူနဲ့ရှိတဲ့အချိန်တိုင်း လွပ်လပ်ပျော်ရွှင်တယ်ဆိုတဲ့ ခံစားချက်မဖြစ်ပေါ်ဘူး။

၇ - အားမကိုးရဘူး

သင့်ဘက်ကပဲ အားကိုးရတာမျိုးမဟုတ်ဘဲ သူ့ဘက်က သင့်ကိုအားကိုလာမှာကိုလည်း မကြိုက်တာမျိုးပါ။



Credit  : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top