iMyanmarHouse.com - Best Property Website for Myanmar
×

စတွေ့တွေ့ချင်း အချိန်တွေ၊ ရည်းစားဖြစ်ခါစ အချိန်တွေတုန်းကတော့ သူက သင့်ကိုကြင်နာလိုက်တာ၊ သင်ဘယ်လိုချစ်ဖို့ကောင်းကြောင်း၊ ဘယ်လိုအရည်အချင်းရှိကြောင်းတွေ ချီးကျူးရတာအမော။ သင့်ဘေးနားမှာလည်း သင်ရှိစေချင်တဲ့အချိန်တိုင်း သူအမြဲရှိပေးတယ်။ သူ သင့်ကို သ၀န်တိုတာလေးကအစ ချစ်ဖို့ကောင်းနေပြီး သင့်ကို တုန်နေအောင်ချစ်တဲ့သူ ရပြီလို့ ထင်ခဲ့တယ် ဟုတ်။ ညဘက်တွေဆိုလည်း သင်အိပ်ပျော်ရဲ့လား စိတ်ပူပေးတတ်ပြန်၊ တစ်ခုခုဆို သင့်ကိုကာကွယ်ပေးဖို့ အသင့်ရှိနေသူကြီးပေါ့။ ဒါပေမယ့် တဖြည်းဖြည်းသိလာရတာက သူက မူမမှန်သူတစ်ယောက်လို၊ စိတ်မမှန်တဲ့သူတစ်ယောက်လို ပြုမူတတ်တဲ့ စိတ်ပျက်စရာ လူမျိုးဖြစ်နေတယ်ဆိုတာကိုပဲ။

ခုလိုမျိုးဖြစ်သွားတာဘာ့ကြောင့်ပါလိမ့်။ မယုံနိုင်စရာပါပဲ။ ရုတ်တရက်ဆိုသလိုပဲ သူက သင့်သူငယ်ချင်းတွေကိုလည်း ကြည့်မရတော့သလို သူတို့နဲ့အတူရှိမှာကိုလည်း မကြိုက်ဘူးလို့ ပြောလာတယ်။ သင့်မိသားစုနဲ့သွားလာရင် တောင် သူက အရင်လို မလိုက်တော့ဘူး။ တစ်မိနစ်မှာ ချစ်စရာကောင်း၊ ပျော်နေရရင် နောက်တစ်မိနစ်ဆိုလို့ကတော့ သူကဒေါသထွက်ပြပြီး ပြသနာရှာပြန်တော့တာပဲ။ ပြောတော့ချစ်တယ်တဲ့ ဒါပေမယ့် သူ့ပုံစံတွေက ရက်စက်တော့မယ့် ပုံမျိုးတွေ အမြဲတွေ့နေရတာပဲ။ ဘာလို့လဲဆိုတော့ သူက သင့်ကိုချုပ်ကိုင်ချင်တယ်၊ ပိုင်စိုးပိုင်နင်းတွေ လုပ်လာတဲ့အပြင် သ၀န်တိုတာကလည်း လွန်လွန်ကျူးကျူး ဖြစ်လာတာကိုး။ သူစိတ်မကျေနပ်တော့တာနဲ့ ဘာမှမဆိုင်တဲ့ ကိစ္စနဲ့လည်း သင့်ကို အပြစ်တင်ရင် တင်နေလိမ့်ဦးမှာ။

ကဲ ခုပြောပြတဲ့ပုံမျိုးနဲ့ တစ်ထပ်တည်းကျတဲ့၊ ဒါမှမဟုတ် ဆင်တင်တင်လေး ဖြစ်နေတဲ့ အချစ်ရေးမျိုး သင်ကြုံနေရပြီလား။ ဒီလိုအချစ်ရေးမျိုးကို ရပ်တန့်ပစ်ဖို့ သင်ဘာ့ကြောင့်များ မစဉ်းစားမိတာလဲ။

တကယ်တော့ ဒီအဖြစ်အပျက်တွေဟာ ထိတ်လန့်ခြောက်ခြားဖွယ် လူသတ်ကားတွေထဲက မြင်ကွင်းတွေနဲ့ အတူတူပါပဲ။ သင်ဟာ ဒီအခြေအနေထဲကို ပိုရောက်လေလေ သင့်ဘ၀ဟာ ပိုရှုပ်ထွေးလေလေပါ။ ဘာကိုကြောက်နေရမှန်း မသိသလိုတွေ ခံစားရမယ်။ သင်လုပ်ချင်တာတွေကို လုပ်ဖို့ မ၀ံ့မရဲတွေ ဖြစ်လာမယ်။ သင့်အနာဂတ်ဟာ ဘာမှန်းမသိအောင်ကို အခြေအနေဆိုးတွေ ဖြစ်လာပါလိမ့်မယ်။ ခုလို အဖြစ်မျိုးတွေ မကြုံချင်တော့လို့ သင်ပြောင်းလဲဖို့၊ ဒီအခြေအနေကို စွန့်ခွာဖို့ ကြိုးစားရင်တော့ သူက သင့်ကို ကတိတွေပေး၊ အချိုသတ်ပြီး ပြန်ဆွဲဆောင်ပါလိမ့်ဦးမယ်။  အဲ့ဒါကို သင်က အဟုတ်ထင်ပြီးတော့သာ ပြန်ပါသွားရင်တော့ သင်ဘ၀ဟာ သူ့လက်ထဲမှာ လုံးလည်ချာလပတ်လိုက် နေမယ်ဆိုတာ မယုံမရှိပါနဲ့။

ဒီတော့ သင့်စိတ်ပျော့ညံ့နေမယ်ဆိုရင် စိတ်ကို မာနိုင်အောင် ကြိုးစားပြီး သင့်ဘ၀အတွက် သင်တွေးပါ။ သင်ပန်းတိုင်ဟာ ဘာဆိုတာ တွေးပါ။ တစ်သက်လုံး ဒီလိုဒုက္ခတွေနဲ့ ရှေ့ဆက်ရုန်းနိုင်သလားဆိုတာ ပြတ်ပြတ်သားသားတွေးပြီး ထားခဲ့ရမယ့်သူကို အပြီးအပိုင် နှုတ်ဆက်ထားခဲ့လိုက်ဖို့ အကြံပေးချင်ပါတယ်။


Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top