iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယား KPop အဖွဲ့ဖြစ်တဲ့ Girls Generation ရဲ့ လှပတဲ့အဖွဲ့ဝင် တစ်ဖနီက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်တော့မယ်လို့ SM Entertainment က မေလ ၁၆ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒါဟာ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲလည်း ဖြစ်လာမှာပါ။

ဖျော်ဖြေပွဲအမည်ကို Weekend - Tiffany လို့ အမည်ပေးထားတယ်လို့လည်း သိရပါတယ်။ တစ်ဖနီရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို SM Entertainment က ကြီးမှူးကျင်းပပေးမှာဖြစ်ပါတယ်။ SM Entertainment ဟာ Girls Generation ရဲ့ အခြားအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ထယ်ယွန်းကိုလည်း The Agit အမည်နဲ့ ဖျော်ဖြေပွဲပြုလုပ်ပေးခဲ့ဖူးပါတယ်။

တစ်ဖနီရဲ့ ဖျော်ဖြေပွဲကိုတော့ ဇွန်လ ၁၀ ရက်မှ ၁၂ ရက်ထိ သုံးရက်တာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top