iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းကလေးတွေအနေနဲ့ ဆံပင်ကို အဖြောင့်တစ်မျိုး၊ အကောက်တစ်မျိုး ပုံစံမျိုးစုံ လုပ်ကြည့်ချင်ကြပါတယ်။ ကောက်နေကျမို့၊ ဖြောင့်နေကျမို့ သိထားဖို့ မလိုအပ်ဘူးလို့ ထင်တဲ့အရာတွေက သင့်ဆံပင်အတွက် ဆိုးကျိုးတွေ ဖြစ်သွားစေနိုင်တာမို့ ဆံပင်ဖြောင့်တဲ့အခါ သိထားသင့်တဲ့ အချက်ကလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။

ဆံပင်ဖြောင့်ရတာဟာ လွယ်ကူတယ်လို့ ထင်စရာပါပဲ။ ဒါပေမယ့် အဖြောင့်မတော်ရင် ဆံပင်တွေကို အလွယ်တကူလည်း ပျက်စီးသွားစေတတ်ပြန်ပါတယ်။ ဆံပင်ကို ဖြောင့်နေချိန် တရှဲရှဲအသံထွက်လာတာပဲဖြစ်ဖြစ်၊ အငွေ့တွေ ထွက်လာတာပဲ ဖြစ်ဖြစ် ဒါမျိုးကြုံတာနဲ့ လုပ်နေတာကို တန်းရပ်ပစ်ဖို့ အရေးကြီးပါတယ်။ ဆံပင်ညှပ်ဆိုင်အများစုက ဒီလိုဖြစ်နေချိန်မှာလည်း ဆံပင်ကို ဆက်ဖြောင့်နေတတ်တာ အားလုံးမြင်ဖူး တွေ့ဖူးကြမှာပါ။ သင်ကိုယ်တိုင် မဟုတ်ပဲ ဆိုင်မှာသွားလုပ်ရင်လည်း သူတို့ဒါမျိုး လုပ်ဆောင်တဲ့အခါ တားမြစ်ပါ။ ဆံပင်မဖြောင့်ခင် သေချာအောင် လုပ်ဖို့က ဆံပင်ကို လုံးဝခြောက်သွေ့နေတယ်ဆိုတာ သေချာစေဖို့ပါပဲ။ ခေါင်းလျှော်ပြီး ဖြောင့်မယ်ဆိုရင် ဆံပင်လုံးဝခြောက်မှသာ ဖြောင့်ပါ။ ပြီးတဲ့နောက် ဖြောင့်စက်အပူချိန်ကိုလည်း သေချာထိန်းညှိပေးဖို့ လိုပါတယ်။

ဒါ့အပြင် နောက်သတိထားရမယ့် အချက်တစ်ချက်ကတော့ မဖြောင့်ခင် သင့်ဆံပင်ဖြောင့်စက်ရဲ့ ပလိတ်ပြားတွေကို သန့်ရှင်းအောင် လုပ်ဖို့ပါ။ အဲ့ဒီ ပလိတ်ပြားတွေမှာ ဆံပင်နဲ့ပတ်သက်တဲ့ အဆီတွေ၊ ထုတ်ကုန်တစ်ခုခု ပေနေမယ်ဆိုရင် ဒီအရာက ဆံပင်ဖြောင့်တဲ့အခါ သင့်ဆံပင်ကို ပျက်စီးစေပါလိမ့်မယ်။ ဒီတော့ ဆံပင်ဖြောင့်ဖို့ရှိတယ်ဆိုတာနဲ့ သင့်ဖြောင့်စက်ပလိတ်ပြားတွေကို ရေနွေး ဒါမှမဟုတ် အရက်ပြန် စတာတွေနဲ့ သန့်ရှင်းရေလုပ်ဖို့ လိုပါတယ်။ ဖြောင့်စက်ကို ပလပ်တပ်ပြီးမှ သန့်ရှင်းရေးမလုပ်မိဖို့တော့ အရေးကြီးတယ်နော်။



Credit : Lwin Pyin
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top