iMyanmarHouse.com - Best Property Website for Myanmar
×
Credit :Trend Myanmar
#Unicode Version
အလုပ်ကိစ္စနဲ့ပဲ ဖြစ်ဖြစ်၊ အပန်းဖြေဖို့အတွက်ပဲ ဖြစ်ဖြစ် ဟိုတယ်တစ်ခုမှာ သွားရောက် တည်းခိုကြတဲ့ အခါ လူတိုင်း မျှော်လင့်ထားတဲ့ အရာတွေရှိပါတယ်။ နွေးထွေးတဲ့ ကြိုဆိုမှု၊ သန့်ရှင်းနေတဲ့ အခန်း၊ ဖြူဖွေးသန့်စင်နေတဲ့ အိပ်ယာခင်းနဲ့ တဘက်တွေက အခြေခံအကျဆုံး မျှော်လင့်ထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟိုတယ်မှာ အလုပ်လုပ်ခဲ့ကြတဲ့ ဟိုတယ်ဝန်ထမ်းတွေရဲ့ ဧည့်သည်တွေကို မသိစေချင်တဲ့ လျှို့ဝှက်ချက်တွေရှိပါတယ်။ ဟိုတယ်ဝန်ထမ်းတွေရဲ့ ဖွင့်ဟဝန်ခံချက်တွေကြောင့် ဒီလျှို့ဝှက်ချက်တွေကို  behind the scene ဆိုတဲ့ ပိတ်ကားနောက်ကွယ်က အကြောင်းတွေလို သိရှိသွားအောင် တင်ပြပေးချင်ပါတယ်။ ဒီလိုဆိုရင် နောက်တစ်ခါ ဟိုတယ်ခန်းကို ရောက်တဲ့အခါမှာ ဆောင်ရန် ရှောင်ရန်တွေကို သိသွားကြမှာပဲ ဖြစ်ပါတယ်။ဟိုတယ်ဝန်ထမ်းတွေရဲ့ ပြောပြချက်တွေကတော့-
၁။ ကျွန်တော်က ဟိုတယ်မှာ အလုပ်လုပ်ပါတယ်။ စိတ်ပျက်စရာကောင်းတဲ့လူတွေ ဟိုတယ်ဧည့်ခန်းထဲမှာ ယောင်လည်လည်လုပ်နေတာကို ကြည့်မရတာကြောင့် ဧည့်ခန်းထဲက အအေးဓာတ်ကို အေးခဲနေတဲ့အထိ ဖွင့်ထားလိုက်ပါတယ်။
၂။ ကျွန်တော်က ဟိုတယ်မှာ room service လုပ်ပေးရပါတယ်။ ကျွန်တော်တို့က ဘယ်တော့မှ နေ့လည်စာကို အိမ်က ယူမလာသလို ဝယ်လည်းမစားပါဘူး။ ဧည့်သည်တွေအတွက် သွားပို့တဲ့ ဟင်းတွေကို မပို့ခင် ကျွှန်တော်တို့ နည်းနည်းစီယူစားလေ့ရှိပါတယ်တဲ့။
၃။ ကျွန်တော်က ဟိုတယ်မှာ အလုပ်လုပ်ပြီး တစ်ခါတစ်လေ အခန်းတစ်ခန်းတောင် မတတ်နိုင်တဲ့သူမျိုးကို အလကားပေးနေခိုင်းတာ ရှိဖူးပါတယ်။
၄။ ကျွန်တော့်ကို စိတ်တိုအောင် လုပ်တဲ့ ဧည့်သည်ကို သူတို့အခန်းရဲ့ သော့ကတ်ကို ဖွင့်လို့မရအောင် လုပ်ထားပြီး ခဏဖြစ်ဖြစ် ပြန်ပြီး ပညာပေးခဲ့ဖူးပါတယ်။
၅။ ဟိုတယ်ကို စရောက်လာချိန်မှာ ကိုယ့်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့ ဧည့်သည်ဆိုရင် အခန်းကို သန့်ရှင်းရေးလုပ်ပေး၊ သောက်စရာနဲ့ မနက်စာတွေကို လစ်ဟင်းတာ မရှိအောင် ဂရုစိုက်လုပ်ပေးသလို ပစိပစပ်များတဲ့ ဧည့်သည်ဆိုရင်တော့ ရှုခင်းမလှတဲ့ ဓာတ်လှေကားနဲ့ တက်ရတဲ့ အခန်းမျိုးကို ရွေးပြီး နေရာချပေးလိုက်ပါတယ်။
၆။ တခါတလေ လူတွေက ဖုန်းဆက်ပြီး အခန်းဘွတ်ကင် လုပ်ချင်တယ်လို့ ပြောရင် ကျွန်မ အလုပ်မလုပ်ချင်တဲ့ အချိန်ဖြစ်နေရင် အခန်းတွေအားလုံး ပြည့်နေပါပြီလို့ ပြောလိုက်တယ်။
၇။ ကျွန်မ ဟိုတယ်မှာ လုပ်တုန်းက ဟိုတယ် အခန်းထဲမှာရှိတဲ့စောင်တွေကို တစ်နှစ်မှ တစ်ခါပဲ လျှော်ပါတယ်တဲ့။
Credit :Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top