iMyanmarHouse.com - Best Property Website for Myanmar
×

ဈေးဝယ်ထွက်ပြီးပြန်လာတဲ့ သင်ဟာ အိမ်ပြန်ရောက်တာနဲ့ အိတ်ကိုဖွင့် ၊ ဈေးနှုန်းသတ်မှတ်ချက် တံဆိပ်ကို ဖယ်ရှားပြီး တာနဲ့ ၀တ်ဆင်ဖို့ ကြိုးစားတယ်ဆိုတာကို ငြင်းလို့ မရပါဘူး။  သင်သဘောကျတဲ့ အ၀တ်အစား တစ်ခုခုကို ၀ယ်ယူလာပြီးတာနဲ့ အဲဒီ အ၀တ်အစားကို အိတ်ထဲက ထုတ်ပြီး တန်းဝတ်ရတာထက် မိုက်တဲ့ ဖီလင် မရှိနိုင်ပါဘူး။ သင်အကြိုက်ဆုံးဖြစ်ခဲ့တဲ့ အ၀တ်အစားထက်တောင် အဲဒီ အ၀တ်အစား အသစ်ကို ၀ယ်ယူပြီးကာစမှ အကြိမ်ကြိမ်အခါခါ ၀တ်ဆင်ဖြစ်နေမှာပါ။

ဒါပေမယ့် ကိုလံဘီယာ တက္ကသိုလ် ၊ ဆေးပညာဌာနက တစ်ကိုယ်ရည်သန့်ရှင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ Donald Belsito က Wall Street ဂျာနယ်ကို ပြောပြခဲ့တာကတော့ လျှော်ဖွပ်မှု လုံးဝမပြုလုပ်ရသေးတဲ့ အ၀တ်အစား အသစ် တစ်ထည်ကို ၀ယ်ပြီးကာစမှာ ချက်ချင်းဝတ်ဆင်ခြင်းဟာ သင်မလိုချင်တဲ့ အရာတွေကို သင့်ခန္ဓာကိုယ်ပေါ်ကို ရောက်ရှိသွားစေတယ်ဆိုတာပါပဲ။

Belsito က ရှင်းပြခဲ့တာကတော့ သင်ဝယ်ယူလာတဲ့ အ၀တ်အစားတစ်ခုဟာ “Made In …” ဆိုတဲ့ စာသားနဲ့ နိုင်ငံတစ်နိုင်ငံမှာ ထုတ်လုပ်ထားတယ်လို့  အာမခံထားတာတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ အ၀တ်အစား ဟာ နိုင်ငံ တစ်နိုင်ငံမှာ ချုပ်လုပ်ခဲ့ပေမယ့် ၊ အရောင်ဆိုးခြင်း ၊ တံဆိပ်ရိုက်ခြင်းတို့ကိုတော့ နောက်တစ်နိုင်ငံမှာ ထပ်မံ ပြုလုပ်ရပါလိမ့်မယ်။ နောက်ဆုံးအဆင့် ထုတ်ပိုးခြင်းကိုတော့ နောက်ထပ်တစ်နိုင်ငံမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်နေနိုင်ပါတယ်။ သေချာတာကတော့ သင်ဟာ သင် ၀ယ်ယူခဲ့တဲ့ အ၀တ်အစား အနေနဲ့ ဘယ်နိုင်ငံတွေ ၊ ဘယ်နေရာတွေကို ရောက်ခဲ့ပြီးပြီလည်း ဆိုတာ အတိအကျ မသိနိုင်ပါဘူး။

ဒါ့အပြင် Belsito ကိုယ်တိုင် ထုတ်ဖော်ပြောပြလာတာကတော့ သူ့အနေနဲ့ စတိုးဆိုင်မှာ ရောင်းချနေတဲ့ အ၀တ်အစားတစ်ခုပေါ်မှာတောင် ဘက်တီးရီးယားတွေနဲ့ သန်းတွေ များစွာကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာပါပဲ။  “စတိုးဆိုင်မှာရောင်းချနေတဲ့ အ၀တ်အစားပေါ်မှာတောင် သန်းတွေရှိနေတာ ကျွန်တော်တွေ့ခဲ့ဖူးတယ်။ပြီးတော့ အဲဒီအ၀တ်အစားက တဆင့် ကူးစက်ရောဂါဖြစ်ပွားစေနိုင်မယ့် ပိုးမွှားတွေလည်း ရှိနေနိုင်တယ်” လို့ သူက Wall Street ဂျာနယ်မှာ ရေးသားခဲ့ပါတယ်။

ဒါကြောင့် ဘက်တီးရီးယားတွေက တဆင့် ကူးစက်ရောဂါ တွေ မဖြစ်ပွားစေဖို့ သင့်ရဲ့  ၀ယ်ယူပြီးကာစ အ၀တ်အစားအသစ် တွေကို မ၀တ်ဆင်ခင်မှာ လျှော်ဖွပ်တာဟာ အကောင်းဆုံးပါပဲ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top